HBO မှာ တင်ဆက်ပြသခဲ့တဲ့ “Game of Thrones” တီဗီစီးရီးဟာ အဆုံးသတ် Season ကို ပြသခဲ့ပြီးဖြစ်ပေမယ့် ကြည့်ရှုသူ ပရိသတ်တွေအတွက်တော့ စိတ်ကျေနပ်မှု ဘယ်လိုမှ မရနိုင်တဲ့ ဇာတ်သိမ်းကြောင့် ဝေဖန်သံတွေ ဆူညံပွက်လော ရိုက်ခဲ့ဖူးတာပါ။
လွန်ခဲ့တဲ့ နှစ်တွေကတည်းက ပရိသတ် အများအပြားကို ဆွဲဆောင်မှုရှိရှိ တင်ဆက် ပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်း Season အများစုမှာ ဇာတ်လမ်း တည်ဆောက်ပုံနဲ့ ဇာတ်ကောင် စရိုက်တွေကို ဆက်လက် အသက်သွင်းရာမှာတော့ ပရိသတ်တွေကို စိတ်ပျက်စေခဲ့တယ်ဆိုရင်လည်း မှားနိုင်မယ် မထင်ပါဘူး။
ဒါကြောင့်ပဲ ပရိသတ်တွေဘက်ကနေ နောက်ဆုံး Season ကို ပြန်လည် ရိုက်ကူးဖို့ တိုက်တွန်းပြောဆိုမှုတွေ ရှိခဲ့ပြီး ရိုက်ကူးရေး အမှားတွေကိုလည်း ပြင်ဆင်စေဖို့ စိတ်အား ထက်သန်ခဲ့ကြတာပါ။
HBO အနေနဲ့ အခုလိုတောင်းဆိုမှုတွေကို လိုက်လျောပေးဖို့ အခက်အခဲတချို့ ရှိခဲ့တာကြောင့် “Game of Thrones” ကို ရုပ်ရှင်သုံးကား (Trilogy) အဖြစ် နောက်ဆုံး Season ကို အဆုံးသတ်ဖို့ အစီအစဉ်ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့တာလည်း ဖြစ်ပါတယ်။
Night King ရဲ့ အဆုံးသတ်နဲ့ Daenerys ရဲ့ ပြုမူပုံတွေဟာ ပရိသတ်တွေအဓိက စိတ်တိုင်း မကျခဲ့ရတဲ့ ဇာတ်အိမ် တည်ဆောက်ပုံတွေအဖြစ် ရှိနေခဲ့ပြီး တီဗီစီးရီးကို ဖန်တီးသူ George Martin နဲ့ အင်တာဗျူးတခုမှာတော့ သူ့စိတ်ထဲရှိနေတဲ့ စိတ်ကူးတချို့ကို ဖွင့်ဟခဲ့ပါတယ်။
“ဆုံးဖြတ်ရခက်ခဲတဲ့ အချိန်တွေပေါ့။ ရုပ်ရှင်ရဲ့ မူပိုင်ခွင့်တွေကို HBO က ပိုင်ဆိုင်ထားတာ ဖြစ်တဲ့အတွက်ကြောင့်လည်း အပါအဝင်ပေါ့။ လွန်ခဲ့တဲ့ ၅ နှစ်၊ ၆ နှစ် ကတည်းက အလေးအနက် ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်”လို့ GOT တီဗီစီးရီးကို ဖန်တီးသူ George Martin က ဖြေကြားခဲ့ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
“Lord of the Rings” စီးရီးအတွက် “Game of Thrones” သရုပ်ဆောင်တွေကို Amazon ရွေးချယ်ထား
ဂိမ်း ပရိသတ်တွေအတွက် ရည်ရွယ်တဲ့ Netflix ရဲ့ “The Witcher” စီးရီး
မကြာခင် ရုံတင်မယ့် ရုပ်ရှင်မှာ သမ္မတကို လုပ်ကြံသူအဖြစ် မြင်တွေ့ရမယ့် မင်းသား လီဗြောင်ဟွန်း