လက်ရှိမှာ tvN ရုပ်သံလိုင်းကနေ ပြသနေပြီး လူကြိုက်များနေတဲ့ “Crash Landing on You” ဒရာမာဟာ မြောက်ကိုရီးယားနိုင်ငံအပေါ် ချစ်မြတ်နိုးလာစေဖု့ိနဲ့ အမွှန်းတင်မှုတွေကို လုပ်ဆောင်နေခြင်း ရှိ၊ မရှိ ဝေဖန် ပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ခရစ်ယာန် လစ်ဘရယ်ပါတီက မြောက်ကိုရီးယားနိုင်ငံအပေါ် အမွှန်းတင်မှုနဲ့ အဲ့ဒီနိုင်ငံရဲ့ စစ်တပ်ကို ငြိမ်းချမ်းတဲ့ အသွင်နဲ့ ဖော်ပြခဲ့မှုအတွက် tvN ရုပ်သံဌာနအပေါ် တိုင်ကြားချက်တခုကို တင်သွင်းခဲ့ကြောင်း ဆိုးလ်မြို့ပြရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။
tvN ကနေ ထုတ်လွှင့်နေတဲ့ အဲ့ဒီ ဒရာမာထဲမှာ မင်းသား ဟွန်ဘင်းနဲ့ မင်းသမီး ဆွန်ယယ်ဂျင်းတို့က ဦးဆောင် ပါဝင်ထားကြပြီး နာမည်ကျော် သရုပ်ဆောင်နှစ်ဦး ပါဝင်မှုနဲ့ ဇာတ်လမ်း အကြောင်းအရာကြောင့် ပရိသတ်တွေက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြပေမယ့် အခုလိုမျိုး ရဲတပ်ဖွဲ့ထံ တိုင်ကြားချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
လေဟုန်စီးစမ်းသပ်မှုကနေ မတော်တဆ မြောက်ကိုရီးယားနိုင်ငံထဲကို ကျရောက်ခဲ့တဲ့ တောင်ကိုရီးယား သူဌေးသမီးတဦးနဲ့ မြောက်ကိုရီးယားစစ်တပ် ဗိုလ်ကြီး တဦးတို့ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ထားတဲ့ ဒရာမာလည်း ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံဘက်ကို ပြန်ပို့မပေးနိုင်ခင် လျှို့ဝှက်ထိန်းသိမ်း စောင့်ရှောက်ထားရာကနေ အဲ့ဒီ သူဌေးသမီးနဲ့ မြောက်ကိုရီးယားဗိုလ်ကြီးတို့ ချစ်ကြိုးသွယ်ခဲ့ကြပါတယ်။ အဲ့ဒီ ဇာတ်လမ်း တခုလုံးကို ပုံဖော်တဲ့နေရာမှာ မြောက်ကိုရီးယားနိုင်ငံသားတွေ ဘယ်လိုနေထိုင်ကြသလဲဆိုတဲ့ ပုံစံနဲ့ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဘယ်လိုလိုက်နာကြတယ်ဆိုတဲ့အကြောင်း ပါဝင်ပါတယ်။
တိုင်ကြားချက်ကို တင်သွင်းခဲ့တဲ့ ခရစ်ယာန် လစ်ဘရယ်ပါတီကတော့ အဲ့ဒီဒရာမာဟာ အမျိုးသား လုံခြုံရေး ဥပဒေကို ချိုးဖောက်တယ်လို့ ယုံကြည်ထားပါတယ်။ အဲ့ဒီ ဒရာမာနဲ့ ပတ်သက်လို့် အမြင်အမျိုးမျိုး ကွဲပြား နေပါတယ်။ တချို့ကတော့ အဲ့ဒါဟာ ဇာတ်လမ်းတွဲ သက်သက်သာဖြစ်ပြီး တကယ့် လက်တွေ့ဘဝလို့ မယူဆသင့်ဘူးလို့ ဆိုကြပါတယ်။
ဒါပေမယ့် တချို့ကတော့ ဒီဒရာမာဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေကို တင်ပြနေတာသာဖြစ်ပြီး အဲ့ဒီမှာရှိတဲ့ လူတွေကို အမွှန်းတင်နေတာဖြစ်တယ်လို့ ဆိုကြပါတယ်။
Ref: jazminemedia
You may also like these stories:
မကြာခင် ရုံတင်မယ့် ရုပ်ရှင်မှာ သမ္မတကို လုပ်ကြံသူအဖြစ် မြင်တွေ့ရမယ့် မင်းသား လီဗြောင်ဟွန်း
လူသားတွေ အသက်ရှည်ရှည်နေနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေမယ့် မင်းသား Chris Hemsworth
Dolittle ရုပ်ရှင် နောက်ဆုံး ဇာတ်ဝင်ခန်းကြောင့် အံ့အားသင့်ခဲ့ကြရတဲ့ ပရိသတ်များ