Netflix ဟာ သူတို့ရဲ့ အောင်မြင်ခဲ့တဲ့ “The Witcher” စီးရီးကို ကာတွန်းရုပ်ရှင်အနေနဲ့ အသစ်တဖန် ပြန်လည် ဖန်တီးတော့မှာ ဖြစ်ပါတယ်။ “The Witcher: Nightmare Of The Wolf” လို့ အမည်ရတဲ့ နာမည်နဲ့ အောင်မြင်ခဲ့တဲ့ စီးရီးကို ရုပ်ရှင်အဖြစ် ပြန်လည် ဖန်တီးတော့မယ်ဆိုတဲ့ ကောလာဟလတွေကို Streaming ကုမ္ပဏီကြီးက အတည်ပြုလိုက်တာပဲ ဖြစ်ပါတယ်။
အခု ဗားရှင်းအတွက်တော့ Netflix ဟာ “Legend Of Korra” ကာတွန်းစီးရီးကို ဖန်တီးခဲ့တဲ့ ကိုရီးယား အန်နီမေးရှင်းကုမ္ပဏီ Studio Mir နဲ့ အလုပ်အတူ တွဲလုပ်မှာဖြစ်ပါတယ်။ သူတို့နှစ်ဖွဲ့ဟာ Neflix ရဲ့ “Voltron: Legendary Defender” ဆိုတဲ့ စီးရီးအတွက်လည်း အတူတူ အလုပ်လုပ်ခဲ့ဖူးပါတယ်။
အခုကာတွန်း ရုပ်ရှင်အသစ်အတွက် အသေးစိတ် အချက်အလက်တွေကို မသိရသေးပေမယ့် The Verge မီဒီယာရဲ့ အဆိုအရ အခုရုပ်ရှင်အသစ်ဟာ Continent တိုင်းပြည်မှာ ရင်ဆိုင်ရမယ့် ခြိမ်းခြောက်မှုအသစ်အကြောင်းကို ဖော်ပြမယ်လို့ သိရပါတယ်။
Netflix ကနေ ပြသခဲ့တဲ့ “The Witcher” ဒရာမာဟာ စံချိန်တင် လူကြည့်များခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့ပြီးနောက် အခုလိုမျိုး အတည်ပြုချက်ကို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ အဲ့ဒီစီးရီးရဲ့ ပထမဆုံး Season ဟာ မန်ဘာဝင်တွေရဲ့ ကြည့်ရှုတဲ့ အကြိမ်ရေ ၇၆ သန်းကျော် ရှိခဲ့တယ်လို့ သိရပါတယ်။
“While Nightmare Of The Wolf” ကာတွန်းရုပ်ရှင် ထွက်မယ့်ရက်ကို မကြေညာသေးပေမယ့် “The Witcher” ရဲ့ ဒုတိယမြောက် Season ကိုတော့ လာမယ့် ဖေဖော်ဝါရီလမှာ ရိုက်ကူးတော့မှာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ပြသနိုင်ဖို့ စီစဉ်ထားပါတယ်။ အဲ့ဒီစီးရီးကို စောင့်မျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် “Toss A Coin” ဆိုတဲ့ ဇာတ်ဝင်သီချင်းကို Single သီချင်းအနေနဲ့ ဖြန့်ချိထားပြီး ဖြစ်ပါတယ်။
အဲ့ဒီသီချင်းကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေထဲမှာ ဘီလီယံနာ သူဌေးကြီး Elon Musk လည်း ပါဝင်ပြီး အဲ့ဒီသီချင်းအကြောင်း Twitter မှာ နှစ်ကြိမ်တိုင်တိုင် မျှဝေခဲ့ပါတယ်။ အဲ့ဒီသီချင်း အပါအဝင် ဇာတ်ဝင်တေး အယ်လ်ဘမ်တခုလုံးကို လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ဖြန့်ချိမယ်လို့ သိရပါတယ်။
Ref: CNA
You may also like these stories:
Netflix မှာ လာမယ့် ၃ နှစ်အတွင်း ကိုရီးယားဒရာမာ ၄၀ ကျော် ပြသဖို့ရှိနေ
သည်းထိတ်ရင်ဖို ရုပ်ရှင်အသစ်မှာ ပါဝင်လာမယ့် မင်းသား Nicolas Cage
“Home Alone” နဲ့ “Night At The Museum” ရုပ်ရှင်တွေကို ပြန်လည် ရိုက်ကူးမယ့် Disney