Entertainment

ကာတွန်းစီးရီးအသစ်မှာ မင်းသားဟယ်ရီ နေရာကနေ အသံသရုပ်ဆောင်မယ့် Orlando Bloom

အသက် ၄၃ နှစ်အရွယ် မင်းသား Orlando Bloom ဟာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီရဲ့တူတော် ဖြစ်ပြီး အစ်ကိုတော် ကိန်းဘရစ်မြို့စား မင်းသား ဝီလျံနဲ့ မြို့စားကတော်တို့ရဲ့ အကြီးဆုံးသားတော် အသက် ၆ နှစ်အရွယ် မင်းသားလေး George ရဲ့အကြောင်း ရိုက်ကူးမယ့် “The Prince” ကာတွန်းဟာသစီးရီးမှာ ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။

အဲ့ဒီစီးရီးဟာ မင်းသားလေး George အကြောင်း အလေးပေး ဖော်ပြလေ့ရှိတဲ့ “Family Guy” စာရေးဆရာ Gary Janetti ရဲ့ Instagram အကောင့်ကို အခြေတည်ပြီး ရိုက်ကူးမှာ ဖြစ်ပါတယ်။

စာရေးဆရာ Gary ရဲ့ အဲ့ဒီ လူမှုကွန်ရက် စာမျက်နှာမှာတော့ မင်းသားလေးရဲ့ မောင်နှမတွေ ဖြစ်တဲ့ မင်းသမီးလေး Charlotte ၊ မင်းသားလေး Louis တို့နဲ့အတူ ဦးရီးတော် မင်းသား ဟယ်ရီနဲ့ ကြင်ယာတော် မီဂန်မာကယ်၊ မင်းသားဟယ်ရီရဲ့ သားတော်လေး Archie ၊ ဘုရင်မကြီး အဲလိဇဘက်အပါအဝင် တခြား မိသားစုတွေနဲ့အတူ ရှိနေတဲ့အချိန် ရိုက်ကူးထားတဲ့ ဟာသပုံရိပ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

အဲ့ဒီ စီးရီးကိုတော့ HBO Max လို့ခေါ်တဲ့ Streaming ဝန်ဆောင်မှုကနေ ထုတ်လွှင့်မှာ ဖြစ်ပြီး ဒီစီးရီးကို ကိုယ်တိုင်ရေးသား ထုတ်လုပ်မယ့် စာရေးဆရာ Gary က မင်းသားလေး George နေရာကနေ ဘယ်လိုသရုပ်ဆောင်မလဲဆိုတာကို ထုတ်လုပ်သူတွေက စောင့်မျှော်နေကြပြီ ဖြစ်ပါတယ်။

HBO Max ရဲ့ မူရင်း အချက်အလက်ပိုင်းဆိုင်ရာ အကြီးအကဲ Sarah Aubrey က “Gary ဖန်တီးထားတဲ့ Instagram ကို HBO Max ကနေတဆင့် ကမ္ဘာကိုချပြဖို့ အရမ်းစိတ်လှုပ်ရှားနေပါပြီ။ IG ပရိသတ်တွေ သိကြပြီးသား ဖြစ်တဲ့ မင်းသားလေး George ရဲ့ ပျော်ရွှင်မြူးထူးဖွယ်၊ ထိတ်လန်ဖွယ်၊ အံ့သြသင့်ဖွယ် ချစ်စဖွယ် အမူအရာလေးတွေကို တွေ့မြင်နိုင်ကြတော့မှာပါ” လို့ ပြောခဲ့ပါတယ်။

စာရေးသူ Gary ကတော့ “HBO Max နဲ့ အလုပ်အတူတူလုပ်ရပြီး ထီးနန်းအတွက် တိုက်ခိုက်နေကြတဲ့ မိသားစု တခုအကြောင်း နောက်ထပ်စီးရီးတခုကို ချပြနိုင်တော့မှာမို့လို့ တော်တော်လေး ပျော်ရွှင်မိပါတယ်” လို့ ဆိုပါတယ်။

မင်းသား Orlando နဲ့ စာရေးသူ Gary တို့အပြင် မင်းသား ဝီလျံအဖြစ် မင်းသား Iwan Rheon၊ ဇနီး မြို့စားကတော် ကက်သရင်းအဖြစ် မင်းသမီး Lucy Punch နဲ့ Sussex မြို့စားကတော် မီဂန်အဖြစ် မင်းသမီး Condola Rashad တို့က အသံသရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

မင်းသား Tom Hollander ကတော့ ချားလ်စ်မင်းသားနဲ့ ဖိလစ်မင်းသားကြီး ဇာတ်ရုပ် နှစ်နေရာကနေ အသံသရုပ်ဆောင်မှာဖြစ်ပြီး မင်းသမီးကြီး Frances De La Tour က ဘုရင်မကြီး အဲလိဇဘက်အဖြစ် ပါဝင်မှာပါ။ 20th Century Fox Television ကနေ စီးရီးတခုလုံးကို တာဝန်ယူ ထုတ်လုပ်မှာလည်း ဖြစ်ပါတယ်။

Ref: asiaone

You may also like these stories:

“The Witcher” ကာတွန်းရုပ်ရှင်ကို မကြာခင် ကြည့်ရှုရမည်

မြောက်ကိုရီးယားကို အမွှန်းတင်သည်ဟုဆိုကာ “Crash Landing on You” ဒရာမာ တိုင်ကြားခံရ

နောက်ထပ်ရုပ်ရှင် ၃ ကားနဲ့ “Game of Thrones” ကို အဆုံးသတ်မယ်လို့ သတင်းများထွက်ပေါ်

Loading