Entertainment

"Top Gun: Maverick" ရုပ်ရှင်အတွက် ပျံသန်းရေးလေ့ကျင့်ခန်း ဆင်းခဲ့ရတဲ့ သရုပ်ဆောင်များ

“Top Gun: Maverick” ရုပ်ရှင်ထုတ်လုပ်သူ Jerry Bruckheimer ရဲ့ အဆိုအရ ရုပ်ရှင်သရုပ်ဆောင်တွေအားလုံးဟာ လေထဲမှာ အော့အန်မှုတွေ မဖြစ်စေဖို့အတွက် ပျံသန်းရေး လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ခဲ့ ရတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသက် ၇၆ နှစ်အရွယ် ထုတ်လုပ်သူ Jerry က အမေရိကန် ရေတပ် တိုက်ဂျက်လေယာဉ် ပိုင်းလော့ LT Pete ‘Maverick’ Mitchell အကြောင်း ဇာတ်အိမ်တည်ထားပြီး ၁၉၈၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ မူရင်းရုပ်ရှင်ကိုလည်း ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

ထုတ်လုပ်သူ Jerry ရဲ့ အဆိုအရ သူနဲ့ သူ့ရဲ့ အဖွဲ့ဟာ ပထမဆုံး ရုပ်ရှင်မှာ သူတို့လုပ်ခဲ့တဲ့ အဓိကအမှားကြီးထံကနေ အခု ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ နောက်ဆက်တွဲရုပ်ရှင် ဖန်တီးမှုမှာ သင်ခန်းစာယူပြီး F-18 ဂျက်လေယာဉ် ပျံသန်းမှု ဇာတ်ဝင်ခန်းမှာ ပါဝင်မယ့် ဘယ်သရုပ်ဆောင်မဆို အထူးလေ့ကျင့်ခန်း ဆင်းစေခဲ့တာ ဖြစ်ပါတယ်။

၁၉၈၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘Top Gun’ သရုပ်ဆောင်တွေအားလုံးဟာ ကောင်းကင်ပျံသန်းမှု ဇာတ်ဝင်ခန်း ပြီးတဲ့နောက် နေမကောင်းဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ထုတ်လုပ်သူ Jerry က “ကျနော်တို့ရဲ့သရုပ်ဆောင်တွေကို ၃ လကြာ လေ့ကျင့်ပေးခဲ့ကြပါတယ်။ ဒါကြောင့် တကယ့် F-18 လေယာဉ်တွေထဲကို သူတု့ိကို ထည့်ရမှာဖြစ်တာကြောင့် သူတို့နဲ့ အသားကျစေခဲ့ပါတယ်။ ပထမဆုံး ရုပ်ရှင်မှာတော့ ကျနော်တို့ဟာ F-14 တွေကို အသုံးပြုခဲ့ပါတယ်။ အဲ့ဒီမှာ ကျနော်တို့ရဲ့ သရုပ်ဆောင်ကို ပါဝင်စေခဲ့ပြီး သူတို့အားလုံးကို ပျံသန်းစေခဲ့ပါတယ်”

“လေယာဉ်မှူးနေရာမှာ သူတု့ိကို ထည့်ပြီး ရိုက်ကူးရေး လုပ်ရတာ ကံစမ်းသလိုပါပဲ။ ကျနော်တို့ လုပ်နိုင်တဲ့ တခုတည်းသောအရာက Tom ဆီကနေ ရခဲ့တာပါပဲ။ သူက တပ်ဖွဲ့ကို ကောင်းကောင်း ကိုယ်တွယ်နိုင်တယ်။ ကျန်တဲ့သူတွေကတော့ သူတို့ရဲ့ မျက်လုံးကို သူတို့ရဲ့ ဦးနှောက် အနောက်မှာထားပြီး ဆောင်ရွက်ခဲ့ကြတယ်”လို့ ဆိုပါတယ်။

“Top Gun: Maverick” ရုပ်ရှင်ကတော့ မူရင်းရုပ်ရှင် ဖြန့်ချိအပြီး ၃၄ နှစ်အကြာ လာမယ့် ဇွန်လမှာ ရုံတင်မှာ ဖြစ်ပြီး အသက် ၅၇ နှစ်အရွယ် မင်းသား Cruise ရဲ့ အခုရုပ်ရှင်အပေါ် ပါဝင်လိုစိတ်ကြောင့် ထုတ်လုပ်သူ Jerry မှာ စိတ်လှုပ်ရှားခဲ့ရတယ်လို့ သိရပါတယ်။

Ref:asiaone

You may also like these stories:

ကျန်းမာရေး ပြန်လည် ကောင်းမွန်လာလို့ ဆေးရုံက ဆင်းတော့မယ့် ဗေလုဝ

အခွေနဲ့ ပတ်သက်တဲ့ ဝေဖန်မှုတွေကို ပြန်လည် တုံ့ပြန်လိုက်တဲ့ အဆိုတော် Eminem

ကာတွန်းစီးရီးအသစ်မှာ မင်းသားဟယ်ရီ နေရာကနေ အသံသရုပ်ဆောင်မယ့် Orlando Bloom

Loading