MCU ရဲ့ ဒုတိယမျိုးဆက်တွေထဲကမှ Chadwick Boseman သရုပ်ဆောင်ခဲ့တဲ့ Black Panther ဇာတ်ကောင်ဟာ ပရိသတ်အများ အားပေးမှု တခဲနက် ရရှိခဲ့ပြီး ချီးကျူး ဂုဏ်ပြုမှုတွေနဲ့ ပြည့်နှက်ခဲ့ပါတယ်။
မင်းသား Chadwick Boseman ဟာ “Captain America: Civil War” ရုပ်ရှင်မှာ Black Panther အဖြစ် စတင်ပါဝင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Black Panther တကိုယ်တော် ရုပ်ရှင်မှာလည်း သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ပြသနိုင်ခဲ့ပါတယ်။
သူဟာ “Avengers: Infinity War” နဲ့ “Endgame” ရုပ်ရှင်တွေမှာလည်း ဇာတ်ပို့နေရာကနေ တစိတ်တဒေသ ဝင်ရောက် အားဖြည့်ပေးခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာတော့မယ့် Black Panther နောက်ဆက်တွဲရုပ်ရှင်မှာလည်း Boseman ကို အဓိက ဇာတ်ကောင်နေရာကနေ တွေ့မြင်ရဖို့ ရှိနေပါတယ်။
Black Panther ဇာတ်ကောင်အတွက် သူနဲ့ Marvel တို့ကြားက သဘောတူညီချက် စာချုပ်ဟာ တဖြည်းဖြည်း ကုန်လွန်လာခဲ့ပြီ ဖြစ်ပြီး သူ့အနေနဲ့ MCU မှာ ဆက်လက် သရုပ်ဆောင်ဖို့ဆိုတာ မေးခွန်းထုတ်ရမယ့် အခြေအနေတခုလို့ နီးစပ်ရာအသိုင်းအဝိုင်းမှာ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
အရင်က Marvel အနေနဲ့ Letitia Wright ကို အမျိုးသမီး Black Panther အဖြစ် ဖန်တီးဖို့ စီစဉ်နေတာဖြစ်ကြောင်း သတင်းတချို့ ထွက်ပေါ်ခဲ့ပေမယ့် အကယ်လို့ ဒီသတင်းတွေသာ အမှန်တကယ်ဖြစ်လာခဲ့မယ်ဆိုရင်တော့ Boseman နဲ့ Marvel တို့ကြား အတူတကွ လုပ်ဆောင်မှုဟာ ရပ်တန့်သွားဖို့ ရှိနေပြီ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်မှာ Black Panther နောက်ဆက်တွဲရုပ်ရှင် ထွက်ရှိပြီးတာနဲ့ Boseman ကို “New Avengers (Avengers 5)” ရုပ်ရှင်မှာ တွေ့မြင်ရဦးမလားဆိုတဲ့ မေးခွန်းတချို့လည်း နီးစပ်ရာအသိုင်းအဝိုင်းမှာ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။
“New Avengers” မှာ ထည့်သွင်းမယ့် ဇာတ်ကောင်အပေါ် မူတည်ပြီး Boseman ရဲ့ Black Panther အနာဂတ်ဟာ စောင့်ကြည့်အနေအထားမှာ ရောက်ရှိနေတာပါ။ မင်းသား Chris Evan ဟာဆိုရင်လည်း Captain America ဇာတ်ကောင်ကို Marvel ရဲ့ ရုပ်ရှင်တွေမှာ ၇ ကြိမ်တိတိ သရုပ်ဆောင်ခဲ့ဖူးတာဖြစ်လို့ Boseman နဲ့ ပတ်သက်ပြီး Marvel ဘယ်လို အစီအစဉ်တွေ ထားရှိမလဲဆိုတာကို ဆက်လက် စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
ဝင်ငွေရပ်တန့်သွားလို့ Iron Man အဖြစ်က နုတ်ထွက်ခဲ့ကြောင်း Robert Downey Jr. နောက်ပြောင် ပြော
Doctor Strange နောက်ဆက်တွဲ ရုပ်ရှင်မှာ ပါဝင်ဖို့ရှိနေတဲ့ ဗီလိန်ဇာတ်ကောင်များ
အနေဝေးတဲ့ ချစ်ခြင်းတွေကလည်း တည်မြဲနိုင်ကြောင်း သက်သေပြခဲ့တဲ့ ကမ္ဘာကျော်များ