• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

မိသားစု ဝမ်းရေးအတွက် သီချင်းဆိုနေတဲ့ အလှမယ် သင်းသင်း

by ယုဖြူဟန်
24 January 2020
in Entertainment
A A
အလှမယ် သင်းသင်း  / ဝေဝေနှင်း / ဧရာဝတီ

အလှမယ် သင်းသင်း / ဝေဝေနှင်း / ဧရာဝတီ

14.8k
VIEWS
Share on FacebookShare on Twitter

လက်ရှိမှာ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုကာ အမှုရင်ဆိုင်လျက်ရှိတဲ့ သင်းသင်းကတော့ အရင်လို ဈေးမရောင်းတော့ဘဲ အလုပ် မရှိတော့တာကြောင့် မိသားစု ဝမ်းရေးအတွက် သီချင်းဆိုနေတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“သရုပ်ဆောင် လောကမှာဆိုရင် ကျမတို့က ဝါရင့်တွေလည်း မဟုတ်ဘူး။ အတော်အသင့် သရုပ်ဆောင်ထားပေမယ့် ဒီလောကထဲကို အခုမှဝင်တော့ တဖြည်းဖြည်းနဲ့ သိလာတယ်။ ဒါပေမဲ့ ဒီသရုပ်ဆောင် အလုပ်တခုတည်းနဲ့ ကျမ မိသားစုအတွက် ကျမအတွက် ဘယ်လိုမှ ရပ်တည်လို့ အဆင်မပြေပါဘူး”

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
530
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
233
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
774

“တခါတလေကျရင် ဆန္ဒနဲ့ဘဝ တထပ်တည်း မကျတာတွေ ရှိတယ်။ ဂီတကို အရမ်းချစ်တယ်။ သီချင်းတွေကိုလည်း အရမ်းကြိုက်တယ်။ သီချင်းဆိုရတာ ဝါသနာ မပါဘူး။ ကိုယ်ဆိုရမှာကို အရမ်းလည်း ရှက်တယ်။ ဒါပေမဲ့ ဒီသီချင်းဆိုတာလေးက ကျမ မိသားစုဝမ်းရေးအတွက်ရော ကျမအတွက်ရော ဖြေရှင်းနိုင်တယ်၊ အဆင်ပြေတယ်။ အလုပ်မှ မရှိတော့တာ”လို့ သင်းသင်းက ပြောပါတယ်။

နယ်တွေမှာ သီချင်းဆိုတဲ့ အခါမျိုးမှာတော့ ပရိသတ်တွေရဲ့ မထင်မှတ်ထားဘဲ အားပေးမှု ရရှိတာဟာ သူမအတွက် အားဖြစ်စေတယ်လို့လည်း ပြောပါတယ်။

“အခုအချိန် သီချင်းတွေလိုက်ဆိုတော့ ပရိသတ်တွေ အားပေးတာတွေ့ရတာ ကျမအတွက် အားဖြစ်တယ်။ လိုင်းပေါ်မှာကျ တမျိုးပေါ့နော်။ အပြင်မှာ လက်တွေ့မှာတော့ ကျမကိုတအား အားပေးတဲ့သူတွေ ရှိခဲ့တယ်။ အဲဒါက အားဖြစ်စေတယ်။ တခါတလေကျရင် အောက်မှာ သီချင်းရနေပေမယ့် စင်ပေါ်မှာ ပရိသတ်က ကိုယ့်ကိုလက်ခံပါ့မလားဆိုတဲ့စိတ် ဖြစ်မိတယ်။ အားပေးတာ တွေ့ရတော့လည်း အားဖြစ်စေပါတယ်”လို့ သင်းသင်းက ပြောပါတယ်။

အမှုဖြစ်ခါစအချိန်မှာ လိုင်းပေါ်မှာ ရိုင်းစိုင်းတဲ့ ကောမန့်ပြောဆိုမှုများ ရှိခဲ့ပေမယ့် နယ်ပွဲများမှာ သီချင်းသီဆိုဖျော်ဖြေတဲ့အခါမျိုးမှာတော့ ရိုင်းစိုင်းစွာ ဆက်ဆံခံရတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

“မကြုံရဘူး။ သွားတဲ့နယ်တွေမှာ ဆိုးဆိုးရွားရွား ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာမျိုး အခုအချိန်အထိကို မတွေ့သေးတာ။ မထင်မှတ်တဲ့ အားပေးမှုရတယ်ပေါ့။ တချို့တွေကတော့ နာမည် ၂ လုံးနဲ့တော့ လှမ်းလှမ်းအော်ကြတယ်။ သူတို့ဘက်ကလည်း နစ်နာပါစေတော့ မဟုတ်ဘူး။ ထမင်းကြော်ဆိုလည်း ထမင်းကြော် အော်လိုက်တယ်။ ရိုင်းစိုင်းပြီးပြောတဲ့ ပရိသတ်မျိုး မတွေ့သေးပါဘူး”လို့ သင်းသင်းက ပြောပါတယ်။

ဝါသနာမပါဘဲ ဝမ်းရေးအတွက် သရုပ်ဆောင် အလုပ်တခုတည်းနဲ့ အဆင်မပြေတာကြောင့် သီချင်းဆိုရပေမယ့် ပရိသတ်က အားပေးကြတဲ့အတွက် ဝမ်းသာရတယ်လို့ ဆိုပါတယ်။

“အရင်က ဈေးရောင်းတုန်းကဆိုရင် တနေ့ဝင်ငွေက ၂ သောင်းဆိုလည်း ဟုတ်တယ်။ ၃ သောင်းဆိုလည်းဟုတ်တယ်။ အခုအချိန် အနုပညာ သရုပ်ဆောင်လောက ဆိုတာလည်း တမျိုးကြီးပဲပေါ့။ ကျမတို့မှာ အကပ်လည်း မရှိပါဘူး။ ကိုယ့်ကို တွဲခေါ်ဖို့လူထက် ကန်ချမယ့်လူက ပိုများနေတယ်ဆိုတော့ အဲဒါကို ထိုင်စောင့်ပြီး ထမင်းစားမယ်ဆိုရင်တော့ ကျမ မိသားစုအတွက်လည်း အဆင်မပြေဘူး။ အခုဆိုရင် သီချင်းဆိုတယ်။ နယ်တွေမှာဆိုတော့ ပရိသတ်နဲ့လည်း ထိတွေ့မှုရခဲ့တယ်”လို့ သင်းသင်းက ပြောပါတယ်။

သရုပ်ဆောင် ဝေဠုကျော်ကို စွဲဆိုထားတဲ့ အမှုဟာလည်း တနှစ်ကျော် အချိန်ကာလရှိပြီ ဖြစ်တဲ့အတွက် အားလျော့လာတာမျိုး ရှိလားဆိုတာကိုလည်း သင်းသင်းက အခုလို ပြောပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကိုယ်မှန်တယ်ထင်လို့ လုပ်လိုက်တဲ့ အရာတခုပါ။ အချိန်တခုကိုပဲ စောင့်ပါတယ်။ ကျမတို့က မပြည့်စုံတော့ ဒီဟာတခုတည်း မဟုတ်ဘူး။ မိသားစုအတွက် ရှိတယ်။ ကိုယ့်အတွက် ရှိတယ်။ မနက်လိုအထိ အသက်ရှင်ရမယ်ဆိုရင်တောင် စားဝတ်နေရေး ရှိတယ်။ အားလျော့လာတယ်လို့တော့ မဟုတ်ပါဘူး။ ကျမမှန်မယ် ထင်လို့ လျှောက်တဲ့ လမ်းမှာ ရဲရဲဝင့်ဝင့် ရှေ့ဆက်လျှောက်တယ်။ စိတ်ဓာတ်ကျသွားမျိုးတော့ မရှိပါဘူး”လို့ သင်းသင်းက ပြောပါတယ်။

လက်ရှိအချိန်မှာလည်း သင်းသင်းဘက်မှ တင်သွင်းထားတဲ့ သက်သေများကို စစ်ဆေးနေဆဲဖြစ်ပြီး အမှုနဲ့ ပတ်သက်ပြီး ဆက်လက် လျှောက်လှမ်းသွားမယ်လို့ သိရပါတယ်။

You may also like these stories:

“ဥပေဒေကြောင်းအရ အရင်ဆုံး နစ်နာတာ မိန်းကလေးပါ”လို့ သင်းသင်း ပြော

“အသံဖိုင်တွေကို ပရိသတ်တွေ လွတ်လပ်စွာ နားထောင်လို့ ရပါတယ်”လို့ သင်းသင်းပြော

“ဝေဠုကျော် လာရောက် ညှိနှိုင်းခဲ့တဲ့ သက်သေတွေ အကုန်ရှိတယ်”လို့ သင်းသင်း ပြော

Your Thoughts …
Tags: ကာမလိမ်လည်မှုဝေဠုကျော်သင်းသင်း
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

သရုပ်ဆောင်ဝေဠုကျော်နှင့် အလှမယ် သင်းသင်း

ဝေဠုကျော်တင်သည့် လိင်ပိုင်းဆိုင်ရာဓာတ်ပုံများကို တရားရုံး ပယ်ချ

by ဧရာဝတီ
20 April 2022
13.8k

ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ အမိန့်တခုပါပဲ။ သင့်တော်မျှတတယ်။ ရုံးတော်က မဖွယ်မရာဖြစ်တဲ့အရာတွေကို လက်မခံဘူး။ အမှုနဲ့ဆက်စပ်နိုင်တဲ့အရာကို လက်ခံတယ်ဆိုတော့ ကျနော်တို့ဘက်က သင့်တော်မျှတတဲ့ အမိန့်တခုလို့ သတ်မှတ်တယ်

ကာမလိမ်လည်မှုဥပဒေဟာ အမျိုးသမီးတွေ လိုသလိုအသုံးချဖို့ လက်နက်တခုဖြစ်နေသလား / www.coindesk.com

ကာမလိမ်လည်မှုဆိုတာ

by မယ်လွန်း
9 January 2019
14.2k

မြန်မာနိုင်ငံလိုမျိုး ပုံစံခွက် အစွဲအလမ်းကြီးမားတဲ့ လူမှုအဖွဲ့အစည်းရဲ့ အနေအထားအရတော့ “သူ့ အရပ်နဲ့ သူ့ဇာတ်”မို့ ထိုက်တန်တဲ့ ဥပဒေလို့ ပြောရမယ်ထင်ပါတယ်။

ယနေ့ရုံးချိန်းမှာ တွေ့ရတဲ့ အလှမယ်သင်းသင်းနဲ့ ဝေဠုကျော် / ယုဖြူဟန် / ဧရာဝတီ

“ဝေဠုကျော်က ဝါသနာအရ အတူနေတဲ့ အသံဖိုင်များကို သွင်းထားခိုင်းတာ”လို့ သင်းသင်းပြော

by ယုဖြူဟန်
19 June 2019
77.7k

“ဝေဠုကျော်နဲ့ရည်းစားဖြစ်ခဲ့တာ ၆လကျော် ၇လအတွင်းမှာ ဝေဠုကျော်နဲ့ ထဲထဲဝင်ဝင်နေလာတာလေ။ ရည်းစားတယောက် ချစ်သူတယောက်အနေနဲ့နေလာတာ။ ဝေဠုကျော်ရဲ့အကျင့်စိတ်ဓာတ်ကို ကိုယ့်ထက်ဘယ်သူ ပိုသိနိုင်မှာလဲ။

အလှမယ် သင်းသင်း / Thin Thin's Facebook

အလှမယ်ပြိုင်ပွဲ ၃ ပွဲအတွက် သိန်း ၅၀ ကျော် ကုန်ကျခံခဲ့ရတဲ့ သင်းသင်း

by ယုဖြူဟန်
22 January 2021
16.3k

“အရင်တုန်းကဆို သရဖူသိမ်းတယ်လို့ ပြောတယ်။ အိမ်မှာ သရဖူရော၊ စလွယ်ရော ရှိပါတယ်။ အဲ့လို သိမ်းလို့ မရပါဘူး။

သင်းသင်း အဖမ်းခံရသောနေ့သည် တိုက်ဆိုင်စွာပင် သရုပ်ဆောင် ဝေဠုကျော် မင်္ဂဆောင်သောရက်နှင့် တရက်တည်းဖြစ်သည်

အမှုနဲ့မဆိုင်တဲ့ သင်းသင်း ဓာတ်ပုံတွေ ဝေဠုကျော် တမင်ရည်ရွယ်တင်ပြသလား

by ဧရာဝတီ
5 April 2022
29.5k

ထိုသို့တင်သွင်းခဲ့သည့် လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံများတွင် အလှမယ် သင်းသင်း မဟုတ်သည့် ပုံများ ပါဝင်သလို၊ သင်းသင်း ဟုတ်သည်ဟု သက်သေ မပြနိုင်သည့် ပုံများပင် ပါဝင်သည်ဟု သင်းသင်းသာမက၊ ၎င်း၏ ရှေ့နေကပါ ဧရာဝတီကို ပြောသည်။

အလှမယ် သင်းသင်း / နေပိုင် / ဧရာဝတီ

ကျောင်းဆရာမ ဝတ်စုံ မှားယွင်းခဲ့တဲ့အပေါ် သင်းသင်း ပြန်ဖြေရှင်း

by ယုဖြူဟန်
20 January 2021
24.5k

“ကျောင်းဆရာမအခန်း ပါရမယ်ဆိုတော့ ငယ်ငယ်က အရမ်းရူးသွပ်ခဲ့တာ အိပ်မက်ပေါ့။ ပညာရေးနဲ့ ပတ်သက်ရင် ငယ်ငယ်က ကျောင်းဆရာမ အရမ်းဖြစ်ချင်ခဲ့တာ။

Next Post
ရန်ကုန်ပြည်သူ့ဆေးရုံကြီး / မျိုးမင်းစိုး / ဧရာဝတီ

ရန်ကုန်ဆေးရုံကြီးတွင် ရောက်နေသည့် လူနာမှာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူမဟုတ်ဟု တာဝန်ရှိသူပြော

အလုံခြုံဆုံး မြို့အဖြစ် ရပ်တည်နေတဲ့ အဘူဒါဘီမြို့

၂၀၂၀ ခုနှစ်အတွက် အလုံခြုံဆုံး မြို့ ၁၀ မြို့

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 day ago
4.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate