Entertainment

နေမကောင်းဖြစ်နေတဲ့ မိခင်ကို ဆေးကုဖို့ အလုပ်တွေ ပိုကြိုးစားမယ့် ဘန်ဂျမင်ဆုမ်း

Want create site? Find Free WordPress Themes and plugins.

မကြာသေးခင်က ပြီးစီးခဲ့တဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ Top 3 အထိ ရောက်ခဲ့တဲ့ ပြိုင်ပွဲဝင် ဘန်ဂျမင်ဆုမ်းက ကင်ဆာဖြစ်နေတဲ့ မိခင်အတွက် အလုပ်တွေ အများကြီးကြိုးစားပြီး ဆေးကုမယ်လို့ ဆိုပါတယ်။

“ပြိုင်ပွဲပြီးလို့ အိမ်ပြန်ရောက်ချိန်မှာ အမေက တခုပြောတာ ရှိတယ်။ ကျနော်လည်း စိတ်မကောင်းဖြစ်မိတယ်။ သူအရမ်းပင်ပန်းရင် အဆင်မပြေတာမျိုး ရှိတယ်။ ကျနော်ကို Final ရောက်တဲ့အထိ မပြောဘဲ မြိုသိပ်ထားတယ်။ အခုမှမပြောတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ကျနော် အလုပ်တွေ အများကြီးကြိုးစားပြီး အမေ့ကို ဆေးကုဖို့ ရှိပါတယ်။ ကျနော်က အမေ့ကို အရမ်းချစ်တဲ့ သားပါ”လို့ ဘန်ဂျမင်ဆုမ်းက ပြောပါတယ်။

“ပွဲတွေမှာ သီချင်းသွားဆိုတဲ့အခါ အမေလိုက်လာလို့ရှိရင် ဒါအစ်မလားတဲ့။ မဟုတ်ပါဘူး ဒါအမေလို့ ပြောရင် မသိတဲ့သူတွေဆိုတော့ အရမ်း အံ့သြသွားကြတယ်။ ချစ်သူထားရင်တော့ မေမေနဲ့ တိုင်ပင်မှာပေါ့။ ကျနော်အမေ ကိုလည်း အမေရင်းလိုချစ်ပေးရမယ်။ ကျနော်ကိုလည်း အရမ်းချစ်ရမယ်။ ကျန်တာ အများကြီးတော့ မပြောချင်ပါဘူး”

“အမေက ကျနော်ငယ်ငယ်ကတည်းက သီချင်းဆိုတယ်။ အဲ့ဒါကြောင့် မေမေက ကျနော့် Idol ဖြစ်ပါတယ်။ မေမေက ချင်းသီချင်းတွေ ဆိုပါတယ်။ ချုပ်ချယ်ထားတာ မရှိပါဘူး”လို့ ဘန်ဂျမင်က ပြောပါတယ်။

ချင်းသီချင်းတွေတော့ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုတဲ့ ဘန်ဂျမင်ဆုမ်းကတော့ မြန်မာသီချင်းဆိုပြီး ရေးဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“ကျနော် အရင်က ချင်းသီချင်းတွေ ကျနော်ရေးပြီး ကျနော် ဆိုပါတယ်။ ကျနော်အခု မြန်မာသီချင်းဆိုဖို့ အများကြီး ကြိုးစားနေပါတယ်။ သီချင်းတွေ ရေးဖို့လည်း ကြိုးစားနေပါတယ်။ သရုပ်ဆောင်ကမ်းလှမ်းလာရင်လည်း အမေနဲ့တိုင်ပင်ပြီးတော့ စဉ်းစားမှာပေါ့။ ပြိုင်ပွဲတွေကတည်းက အခုချိန်ထိ အားပေးကြတဲ့ Fan တွေလည်း အားပေးရကျိုးနပ်အောင် ကျနော် ကြိုးစားနေမှာပါ”လို့ ဘန်ဂျမင်ဆုမ်းက ပြောပါတယ်။

ဘန်ဂျမင်ကတော့ Myanmar Idol (Season-4) သီချင်းဆိုပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲ နောက်ဆုံးဆင့်အထိကို တက်လှမ်းနိုင်ခဲ့သူပါ။ ဒီပြိုင်ပွဲကနေတဆင့် သူ့ကိုချစ်တဲ့ ပရိသတ်တွေ အများကြီး ပိုင်ဆိုင်ခဲ့ပြီး သူကတော့ ဆယ်ကျော်သက် အရွယ်သာရှိသေးတဲ့ ချင်းတိုင်းရင်းသားလေး ဖြစ်ပါတယ်။

You may also like these stories:

မိသားစု ဝမ်းရေးအတွက် သီချင်းဆိုနေတဲ့ အလှမယ် သင်းသင်း

Black Panther ဇာတ်ကောင်နေရာကနေ မကြာခင် နုတ်ထွက်တော့မယ့် Chadwick Boseman

ကျန်းမာရေး ပြန်လည် ကောင်းမွန်လာလို့ ဆေးရုံက ဆင်းတော့မယ့် ဗေလုဝ

Did you find apk for android? You can find new Free Android Games and apps.
Loading