Entertainment

ပြတ်ဆဲပြီးနောက် သူငယ်ချင်းအဖြစ် နေထိုင်ကြတဲ့ ကမ္ဘာကျော်များ

ပြတ်ဆဲပြီးသား ရည်းစားဟောင်းနဲ့ ဆက်ပြီး အဆင်ပြေပြေ ဆက်ဆံနိုင်တဲ့သူတွေ မရှိသလောက် ရှားပါတယ်။ အရင်က ချစ်ခဲ့ကြတယ်ဆိုပေမယ့် အဆင်မပြေမှုတွေကြောင့် ပြတ်ဆဲခဲ့ကြတာဖြစ်လို့ ခင်မင်ဖို့တောင် ခက်ခဲတယ်ဆိုတာမျိုးကို လမ်းခွဲဖူးသူတိုင်း ကြုံဖူးကြမှာ သေချာပါတယ်။ ဒါပေမဲ့ ပြတ်ဆဲသွားပြီဖြစ်တဲ့ ရည်းစားဟောင်းတွေနဲ့ သူငယ်ချင်းလို့ နေထိုင်နေကြတဲ့ ကမ္ဘာကျော်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Brad Pitt နဲ့ Jennifer Aniston

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ SAG ဆုပေးပွဲမှာ Brad Pitt နဲ့ Jennifer Aniston တို့ အချင်းချင်း ဂုဏ်ပြုနေကြတဲ့ပုံ ထွက်ရှိလာပါတယ်။ နှစ်ယောက်လုံးက ဆုရကြတာဖြစ်ပြီး တချိန်က လက်တွဲဖူးတာကြောင့် သူတို့ နှစ်ယောက်ရဲ့ ပုံဟာ လူမှုကွန်ရက် စာမျက်နှာမှာ ပြောစမှတ် ပြုရလောက်တဲ့အထိ ပြန်လည် မျှဝေမှုတွေ ရှိခဲ့ပါတယ်။

(၂) Angelina Jolie နဲ့ Billy Bob Thornton

၃ နှစ်ကြာ လက်ထပ်ခဲ့ဖူးကြတဲ့ သူတို့ရဲ့ အချစ်ရေးဟာ ဟောလိဝုဒ်က နာမည်ကျော် စုံတွဲတွေကြားမှာ ထိတ်ထိတ်ကြဲ ဖြစ်ခဲ့ဖူးပါတယ်။ တယောက်ရဲ့ နာမည်ကို တယောက် တက်တူးတွေ ထိုးတဲ့အထိ ချစ်ခဲ့ကြပြီး သဘောထားမတူလို့ လမ်းခွဲပြီးချိန်မှာလည်း သူငယ်ချင်းကောင်းအဖြစ် ဆက်လက် ရှိနေတာဖြစ်ပါတယ်။ Angelina Jolie က Billy Bob Thornton ကို ပါးတွေ ညောင်းတဲ့အထိ ဟာသပြောတတ်သူလို့ ချီးမွမ်းပြောဆိုဖူးပါတယ်။

(၃) Emma Stone နဲ့ Andrew Garfield

“Spider Man” ရုပ်ရှင် ရိုက်ကူးတဲ့အချိန်တွေမှာ တွဲခဲ့ကြတဲ့ Emma Stone နဲ့ Andrew Garfield တို့ အချစ်ရေးက ၄ နှစ်ကျော် ရှိခဲ့ပါတယ်။ လမ်းခွဲပြီးချိန်မှာလည်း သူငယ်ချင်းအဖြစ် အတူတွဲသွားလာတဲ့ ဓာတ်ပုံတွေ မကြာခဏ ထွက်ပေါ်လာလေ့ ရှိတယ်လို့ သိရပါတယ်။

Ref. Brightside

You may also like these stories:

Black Panther ဇာတ်ကောင်နေရာကနေ မကြာခင် နုတ်ထွက်တော့မယ့် Chadwick Boseman

မိသားစု ဝမ်းရေးအတွက် သီချင်းဆိုနေတဲ့ အလှမယ် သင်းသင်း

Loading