NBA အကျော်အမော် ဘတ်စကက်ဘော အားကစားသမား Kobe Bryant ဟာ အမေရိကန်ပြည်ထောင်စု၊ လော့စ်ဂျလိစ်မြို့၊ ဆင်ခြေဖုံး ဒေသတခုမှာ မြူထူထပ်တဲ့ အခြေအနေကြောင့် သူစီးလာတဲ့ ရဟတ်ယာဉ် ပျက်ကျပြီး မီးလောင်ခဲ့ရာကနေ ကွယ်လွန်ခဲ့တဲ့ကြောင်း အမေရိကန်မီဒီယာတွေမှာ ဇန်နဝါရီလ ၂၆ ရက်နေ့က ဖော်ပြခဲ့ကြပါတယ်။
သူအပါအဝင် ယာဉ်ပေါ်မှာ လိုက်ပါလာသူ ၅ ဦး ကွယ်လွန်ခဲ့တယ်လို့လည်း ဆိုပါတယ်။ လော့စ်အင်ဂျလိစ်ဒေသဆိုင်ရာ ရဲအရာရှိတွေကတော့ မြို့အနောက်ဘက် Calabasas ဒေသက တောင်ကုန်းတခုပေါ်မှာ မနက်ပိုင်းပျက်ကျမှုအတွင်း အသက်ရှင်ကျန်ရစ်သူ မရှိဘူးလို့ ပြောကြားထားပါတယ်။
အဲ့ဒီ ရဟတ်ယာဉ်ဟာ Sikorsky S-76 အမျိုးအစားဖြစ်တယ်လို့ ပြည်ထောင်စု လေကြောင်းစီမံခန့်ခွဲရေး အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုထားပါတယ်။ သေဆုံးသူတွေထဲမှာ ကစားသမား Bryant ဟာ သေဆုံးသူတွေထဲမှာ ပါဝင်တယ်ဆိုပြီး TMZ မီဒီယာက ပထမဆုံး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက်မှာမှ သူ့ရဲ့ ကွယ်လွန်မှုကို ESPN, CNN နဲ့ Los Angeles Times သတင်းစာတို့က အမည်မဖော်နိုင်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြခဲ့ကြပါတယ်။ TMZ ရဲ့အဆိုအရ Bryant ရဲ့ ဇနီး Vanessa ဟာ ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါလာခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။
Bryant ကွယ်လွန်ပြီဆိုတဲ့ သတင်းကြောင့် ကမ္ဘာတဝန်းမှာ တုန်လှုပ်ခဲ့ကြရပြီး သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ နာမည်ကျော်တွေက အဲ့ဒီသတင်းနဲ့ ပတ်သက်လို့ မယုံနိုင်တဲ့အကြောင်း ပြောဆိုခဲ့ကြပါတယ်။
NBA အကျော်အမော် Scottie Pippen က “ကျနော် ကြက်သေသေသွားခဲ့တယ်။ အဲ့ဒါကို ဘယ်လိုစကားလုံးမျိုးနဲ့ ဖော်ပြရမှန်းတောင် မသိဘူး။ စိတ်ကောင်းဖြစ်ဖွယ် နေ့တနေ့ပါပဲ” လို့ ရေးသားခဲ့ပါတယ်။ Dallas Mavericks စတား Luka Doncic က “အဲ့ဒါ အမှန် မဟုတ်နိုင်ဘူး။ ကျေးဇူးပြုပြီး မဟုတ်ပါစေနဲ့” လို့ ရေးသားပါတယ်။
လော့စ်အင်ဂျလိစ်မြို့လယ်မှာ ရှိတဲ့ Staples Center မှာတော့ ဒါဇင်နဲ့ ချီတဲ့ပရိသတ်တွေဟာ သူ့အတွက် နှမြောတသစွာနဲ့ ချီးကျူး ဂုဏ်ပြုနေကြပါတယ်။ Bryant ဟာ အထက်တန်းကျောင်းသားဘဝဖြစ်ခဲ့တဲ့ ၁၉၉၆ ခုနှစ်ကစလို့ ၂၀၁၆ ခုနှစ် သူအနားမယူခင်အထိ သူ့ရဲ့အားကစားသမား ဘဝတလျှောက်လုံးမှာ ငါးကြိမ်ဆက် NBA ချန်ပီယံဖြစ်ခဲ့ပါတယ်။ သူဟာ အိုလံပစ်ရွှေတံဆိပ် နှစ်ခုရရှိထားပြီး ၂၀၀၈ ဘေကျင်းအိုလံပစ်နဲ့ ၂၀၁၂ လန်ဒန်အိုလံပစ်တို့မှာ NBA အဖွဲ့ကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ပေါ်မှာ သူ့ရဲ့ သမီးလေးလည်း ပါဝင်သွားတယ်လို့ဆိုပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ သူ့အတွက် နာမည်ကျော်ကြားမှုနဲ့ ကံကြမ္မာကို ဆောင်ကြဉ်းခဲ့တဲ့ ဘတ်စကက်ဘောကို ချစ်မြတ်နိုးကြေင်း ရေးသားထားတဲ့ စာကို အခြေခံ ရိုက်ကူးထားတဲ့ သူ့ရဲ့ အန်နီမေးရှင်းရုပ်ရှင်တို “Dear Basketball” ဟာလည်း အော်စကာဆုကို ရရှိထားပါတယ်။
Ref:asiaone
You may also like these stories:
YouTube မှာ ကြည့်ရှုသူ ၃.၅ ဘီလီယံ ကျော်သွားတဲ့ PSY ရဲ့ Gangnam Style
ပူလွန်းတဲ့ အစားအစာတွေကို ပလတ်စတစ်နဲ့ ထည့်စားခြင်းဟာ ရင်သားကင်ဆာ ပိုဖြစ်စေနိုင်
“ဒီနှစ်အားလပ်ရက်” အမည်ရှိတဲ့ ခရီးသွားအစီအစဉ်ကို စတင်လိုက်တဲ့ သြစတြေးလျ