၂၀၁၈ ခုနှစ် နှစ်ကုန်ခါနီးအချိန်မှာ Disney နဲ့ Johnny Depp တို့ “Pirates of the Caribbean” ရုပ်ရှင်အတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်မှု ရပ်ဆိုင်းခဲ့ကြပြီး Disney မှာတော့ “Pirates of the Caribbean” အတွက် အစီအစဉ် အသစ်တချို့ ရှိနေခဲ့ပါတယ်။
အဲဒါကတော့ အမျိုးသမီး ဗားရှင်းနဲ့ “Pirates of the Caribbean” အတွက် အဓိက သရုပ်ဆောင်နေရာကို ဖန်တီး တင်ဆက်ဖို့ဖြစ်ပြီး တီဗီစီးရီးတခုအဖြစ် ပြန်လည် အသက်သွင်းဖို့ပဲ ဖြစ်ပါတယ်။
ရုပ်ရှင်ရဲ့ အကြိုထုတ်လုပ်မှုအပိုင်းဖြစ်တဲ့ ဇာတ်ညွှန်းရေးသားမှု အပိုင်းမှာကတည်းက နုတ်ထွက်သွားသူတွေ ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ Chernobyl တီဗီစီးရီးဖန်တီးသူ Craig Mazin နဲ့ မူရင်းရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးသူ Terry Rossio တို့ တာဝန်ယူကြမှာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
Disney အနေနဲ့ အဓိက လိုအပ်နေတဲ့ နောက်ထပ် လိုအပ်ချက်တခုကတော့ အမျိုးသမီး ဗားရှင်းအတွက် သင့်တော်မယ့် သရုပ်ဆောင် မင်းသမီး တယောက် ရှာဖွေဖို့ပါ။
Marvel ရုပ်ရှင်တချို့နဲ့ Jumanji ရုပ်ရှင်တွေမှာပါဝင်ခဲ့ဖူးတဲ့ Karen Gillan ကို အဓိကဇာတ်ကောင်နေရာအတွက် ချဉ်းကပ်ခဲ့ပေမယ့် သူ့ရဲ့ အချိန်စာရင်းကြောင့် အလုပ်မဖြစ်ခဲ့ဘဲ အခုအချိန်မှာတော့ Disney ဟာ Harry Potter မင်းသမီး Emma Watson ကို ခေါင်းဆောင် မင်းသမီးတဦးအဖြစ် ကမ်းလှမ်းဖို့ ရည်ရွယ်နေတာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
Fantasy ရုပ်ရှင်တွေနဲ့ အသားတကျဖြစ်နေတဲ့ Emma Watson ရဲ့ သရုပ်ဆောင်စွမ်းရည်ကို Harry Potter ထဲက Hermione Granger အဖြစ် သရုပ်ဆောင်ခဲ့ဖူးတာ ပရိသတ် တော်တော်များများ မှတ်မိကြဦးမှာပါ။
MCU ရုပ်ရှင်တွေလိုပဲ “Pirates of the Caribbean” ရဲ့ Universe တခုကို ဖန်တီးဖို့ Disney အနေနဲ့ ဘယ်လိုစိတ်ကူး အကြံဉာဏ်တွေကို ဆက်အကောင်အထည် ဖော်မလဲဆိုတာကို စောင့်ကြည့်ကြရမှာပါ။
Ref. wegotthiscovered.com
You may also like these stories:
ပြတ်ဆဲပြီးနောက် သူငယ်ချင်းအဖြစ် နေထိုင်ကြတဲ့ ကမ္ဘာကျော်များ
ချစ်သူနဲ့ စေ့စပ်လိုက်ပြီဖြစ်တဲ့ မင်းသမီး Emma Stone
၂၀၂၀ အော်စကာဆုပေးပွဲအတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု စာရင်း ခန့်မှန်းထွက်ပေါ်