Entertainment

ပြသနေဆဲ “Crash Landing on You” ဒရာမာမှာ ဘယ်လို ဇာတ်ဝင်ခန်းတွေ ပါဝင်လာမလဲ

Want create site? Find Free WordPress Themes and plugins.

tvN ရုပ်သံကနေ ထုတ်လွှင့်နေတဲ့ “Crash Landing on You” ဒရာမာကတော့ ဇာတ်လမ်း တခုလုံးရဲ့ ဒုတိယအပိုင်းကို ရောက်ရှိလာပြီ ဖြစ်ပြီး အခုဖော်ပြမယ့် အကြောင်းအရာကတော့ မကြာခင် ပြသမယ့် အပိုင်းတွေထဲမှာ ပရိသတ်တွေ ရှုစားကြရမယ့် ဇာတ်လမ်း အကြောင်းအရာတွေ ဖြစ်ပါတယ်။

(၁) တောင်ကိုရီးယားကို ရောက်လာတဲ့ မြောက်ကိုရီးယားဗိုလ်ကြီး ရီဂျောင်ယော့

“Crash Landing on You” ဒရာမာရဲ့ ပထမအပိုင်းတွေမှာ အဓိကဇာတ်ဆောင် ယွန်ဆယ်ရီ (မင်းသမီး ဆွန်းယယ်ဂျင်း) ဟာ လေဟုန်စီးရာကနေ မတော်တဆဖြစ်ပြီး မြောက်ကိုရီးယားပိုင်နက်ထဲ ရောက်သွားခဲ့တာ ကို မြင်တွေ့ခဲ့ကြရပါတယ်။ မကြာသေးခင်တုန်းက ထုတ်လွှင့်ခဲ့တဲ့ အပိုင်းတွေမှာတော့ သူဌေးသမီး ယွန်းဆယ်ရီဟာ တောင်ကိုရီးယားကို ပြန်ရောက်လာခဲ့ပြီး သူ့နောက်ကို လိုက်လာတဲ့ ဗိုလ်ကြီး ရီဂျောင်ယော့နဲ့ ဆိုးလ်မြို့မှာ ပြန်ဆုံခဲ့ပါတယ်။

အခုတော့ ဆိုးလ်မြို့မှာရှိတဲ့ လူနေမှုဘဝကို မြောက်ကိုရီးယားဗိုလ်ကြီးက ပြန်လည် လေ့လာရတော့မှာ ဖြစ်ပါတယ်။ ဒရာမာရဲ့ ပထမဆုံးအပိုင်းတွေမှာတော့ သူဌေးသမီး ယွန်းက မြောက်ကိုရီးယားမှာရှိတဲ့ အလေ့အထတွေရဲ့ ရင်းနှီးကျွမ်းဝင်အောင် နေထိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ပရိသတ်တွေအနေနဲ့ကတော့ အဲ့ဒီလိုမျိုး ဇာတ်လမ်း ဆက်တင် အပြောင်းအလဲကြောင်း ဗိုလ်ကြီးနဲ့ သူဌေးသမီးတို့ ကြားက အချစ်ရေးအပေါ် ဘယ်လို ရိုက်ခတ်မယ်ဆိုတာကို သိရှိချင်နေကြပြီ ဖြစ်ပါတယ်။

(၂) ဆက်တင်အသစ်၊ ဇာတ်လမ်းအသစ်

အခုဇာတ်လမ်း အသွားအလာအရ မြောက်ကိုရီးယားကနေ တောင်ကိုရီးယားကို ရောက်ရှိခဲ့ပြီဖြစ်တဲ့ ဇာတ်ကြောင်းကို ဘယ်လိုပြသမယ်ဆိုတာ ပရိသတ်တွေက မြင်တွေ့လိုနေကြပြီ ဖြစ်တယ်။ အထူးသဖြင့် မြောက်ကိုရီးယားဗိုလ်ကြီးကို ပြန်လည်ခေါ်ဆောင်ဖို့ လိုက်လာကြတဲ့ တပ်သားတွေနဲ့ ဖုန်းကြားဖြတ် နားထောင်သူ ဂျောင်မန်ဘို့တို့ဟာ သူတို့နဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့ ခေတ်မီ ဆန်းပြားတဲ့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာ လူပျောက် ရှာဖွေကြဦးမှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားမှာ ယွန်းဆယ်ရီနဲ့အတူ နေထိုင်ခဲ့သူ ရွာသူ ရွာသားတွေရဲ့ အမုန်းတရားတွေ ထွက်ပေါ်လာမလားဆိုတာလည်း သိကြရဦးမှာ ဖြစ်ပါတယ်။ ဖခင်ရဲ့ လျှို့ဝှက်အမိန့်အတိုင်း ဗိုလ်ကြီးကို မြောက်ကိုရီးယားဆီ တပ်သားတွေ ပြန်ခေါ်သွားနိုင်ပါ့မလားဆိုတာ မြင်တွေ့ကြရတော့မှာပါ။

(၃) အဓိကဇာတ်ဆောင် နှစ်ယောက် ကြုံတွေ့ရမယ့် ခြိမ်းခြောက်မှုများ

“Crash Landing on You” ဒရာမာထဲမှာ အချစ်လွှမ်းတဲ့ ဇာတ်ဝင်ခန်းတွေကို မြင်တွေ့ခဲ့ကြရသလို အဓိက စုံတွဲ နှစ်ဦးကြားက တင်းမာမှုနဲ့ အန္တရာယ်ကိုလည်း ပရိသတ်တွေ သိရှိခဲ့ကြရပါတယ်။ အခုတောင်ကိုရီးယားကို ပြန်ရောက်နေတဲ့ ယွန်းဆယ်ရီဟာလည်း မြောက်ကိုရီးယားကနေ လိုက်လာတဲ့ ဂျိုချောဂန်းရဲ့ လုပ်ကြံ သတ်ဖြတ်မှုကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ဂျိုချောဂန်းရဲ့ အကြံအစည်ထဲကနေ ဗိုလ်ကြီးနဲ့ သူဌေးသမီးတို့ ဘယ်လိုလွတ်မြောက်အောင် ကြံဆောင်ကြမလဲဆိုတာ နောက်လာမယ့် အပိုင်းတွေမှာ ရှုစားနိုင်ပါတယ်။

တရုတ်နှစ်သစ်ကူးကာလ ပိတ်ရက်ကြောင့် သီတင်းတပတ်ကြာ ရပ်နားခဲ့တဲ့ “Crash Landing on You” ဒရာမာ အပိုင်းသစ်ကို လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ ကိုရီးယားစံတော်ချိန် ည ၉ နာရီမှာ tvN ရုပ်သံလိုင်းကနေ ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။

Ref: Soompi

You may also like these stories:

မြောက်ကိုရီးယားကို အမွှန်းတင်သည်ဟုဆိုကာ “Crash Landing on You” ဒရာမာ တိုင်ကြားခံရ

အပိုင်းသစ် ထုတ်လွှင့်မှု ခေတ္တ ရပ်နားမယ့် “Crash Landing On You” ဇာတ်လမ်းတွဲ

Did you find apk for android? You can find new Free Android Games and apps.
Loading