အမေရိကန်မင်းသား Channing Tatum နဲ့ အကသမား Jenna Dewan တို့ဟာ သမီးလေး Everly ကို အုပ်ချုပ်မှုနဲ့ ပတ်သက်လို့ သဘောတူညီချက် ရရှိခဲ့ပြီးဖြစ်ပါတယ်။ E!Online မီဒီယာရဲ့အဆိုအရ သူတို့ နှစ်ယောက်ဟာ အုပ်ထိန်းမှုဆိုင်ရာ သဘောတူညီချက်ကို ဖြေရှင်းခဲ့ရာမှာ ၆ နှစ်အရွယ် သမီးလေး ကို တယောက်တဝက် ၅၀/၅၀ ရာခိုင်နှုန်းနဲ့ အုပ်ထိန်းကြမှာဖြစ်တယ်လို့ သိရပါတယ်။
ကြော်ငြာကမ်ပိန်းတွေရဲ့ စပွန်ဆာပေးမှုတွေအပါအဝင် ဆိုရှယ်မီဒီယာ ကြော်ငြာတွေမှာ သမီးလေးကို အသုံးမချဖို့ သဘောခဲ့ကြပါတယ်။ ပြီးတော့ သမီးလေးအပေါ် အုပ်ထိန်းမှုနဲ့ ပတ်သက်လို့ ဘယ်လို ခွဲခြားကြမယ်ဆိုတာကို လာမယ့် ပိတ်ရက်တွေမှာ ဆွေးနွေးဖို့အရေး စေ့စပ်ညှိနှိုင်းရေးမှု တဦးနဲ့ အလုပ်အတူ လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြပါတယ်။
Channing နဲ့ Jenna တို့ရဲ့ အုပ်ထိန်းမှုဆိုင်ရာ သဘောတူညီချက်ကတော့ ဆိုရှယ်မီဒီယာပေါ်မှာ ဒရာမာတပုဒ် တက်လာခဲ့ပြီး တရက်အကြာမှာ ထွက်ပေါ်လာခဲ့တာပါ။
Instagram ပေါ်မှာ မင်းသား Channing ဟာ လက်ရှိချစ်သူ အဆိုတော် Jessie J နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံ တပုံကို တင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ လမ်းခွဲခဲ့ကြပြီးတဲ့နောက် ပြန်တွဲနေကြပြီလို့ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး ရက်အနည်းငယ်အကြာမှာ အခုလိုမျိုး အွန်လိုင်းပေါ်မှာ သူတို့နှစ်ဦးရဲ့ ပုံကို တဖန် ပြန်လည်မြင်တွေ့ခဲ့ကြရတာပဲ ဖြစ်ပါတယ်။
အဲ့ဒီဓာတ်ပုံမှာ မှတ်ချက်ပေးသူတဦးက “Jenna က ခင်ဗျားနဲ့ ပိုလိုက်တယ်” လို့ ရေးခဲ့ပါတယ်။ အဲ့ဒီ မှတ်ချက်ကို မင်းသား Channing က “ကြည့်လိုက်တာနဲ့ ဘယ်သူကမှ သူ့ထက် ပိုမလှဘူး။ ကျနော့် ဇနီးဟောင်း အပါအဝင် Jess လောက် ဘယ်သူကမှ ပိုမလှဘူး” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
အဲ့ဒီနောက် သူက “Jess ဟာ သူ့အနေအထားအရ လှပပြီး အံ့သြဖွယ်ကောင်းတယ်”လို့ ဆိုလိုတာ ဖြစ်တဲ့ အကြောင်း ပြန်လည်ရှင်းလင်းခဲ့ပါတယ်။ ဇနီးဟောင်း Jenna ရဲ့ ချစ်သူ အမေရိကန်မင်းသား Steve Kazee ကလည်း Jenna နဲ့ ပတ်သက်လို့ ပြန်လည် ခုခံကာကွယ်ပြောကြားခဲ့ပါတယ်။ အသက် ၄၄ နှစ်အရွယ် မင်းသား Kazee က “ခင်ဗျား စကားကို ကြည့်ပြောပါ”လို့ မှတ်ချက်ပေးခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။
Ref: hindustantimes
You may also like these stories:
အနုပညာသက်တမ်းတလျှောက် ပထမဆုံး ဂရမ်မီဆုကို ရရှိခဲ့တဲ့ Ariana Grande
ပရိသတ်တွေကို လိမ်ညာနေတယ်လို့ စွပ်စွဲခံနေရတဲ့ James Corden
ဂရမ်မီဆုပေးပွဲမှာ တနှစ်တာအတွက် အကောင်းဆုံးသီချင်းဆု ရရှိခဲ့တဲ့ Billie Eilish