၂၀၂၀ ခုနှစ်၊ ခရစ်စမတ်ကာလမှာ ဖြန့်ချိမယ့် “Laal Singh Chadha” ရုပ်ရှင်နဲ့ တိုက်ဆိုင်နေမှာကို ရှောင်ရှားဖု့ိ “Bachchan Pandey” ရုပ်ရှင် ဖြန့်ချိမယ့်ရက်ကို ရွှေ့ဆိုင်းပေးခဲ့တဲ့အတွက် မင်းသား Akshay Kumar နဲ့ ထုတ်လုပ်သူ Sajid Nadiadwala တို့ကို ကျေးဇူးတင်တယ်လို့ မင်းသား အမီရာခန်းက ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
မင်းသားကြီး Tom Hanks ရဲ့ “Forrest Gump” ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးထားတဲ့ “Laal Singh Chadha” ရုပ်ရှင်မှာ ပါဝင်ထားတဲ့ မင်းသား အမီရာခန်းက “Bachchan Pandey” ရုပ်ရှင်အဖွဲ့သားတွေကို ကျေးဇူးတင်တဲ့အကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မင်းသား ခန်းက “တခါတလေ စကားတခွန်းတည်းနဲ့ အားလုံးပါအောင် ပြောရပါတယ်။ ကျနော့်ရဲ့ တောင်းဆိုမှုကြောင့် Bachchan Pandey ရုပ်ရှင်ရုံတင်မယ့် ရက်ကို ရွှေ့ဆိုင်းပေးလို့ ကျနော့် သူငယ်ချင်းတွေ ဖြစ်ကြတဲ့ အရှေးကူမားနဲ့ Sajid Nadiadwala တို့ကို ကျေးဇူးတင်ပါတယ်။ သူတို့ ရုပ်ရှင်လည်း အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ စောင့်မျှော်ပေးကြပါဦး” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
မင်းသား Akshay ကတော့ “Bachchan Pandey” ရုပ်ရှင်ဖြန့်ချိမယ့် ရက်အသစ်နဲ့ ပိုစတာတွေကို တင်ခဲ့ပြီး သူ့ရဲ့ အနုပညာလုပ်ငန်းထဲက သူငယ်ချင်းတွေနဲ့ အမြဲအတူတူ ရှိနေတယ်လို့ ဆိုပါတယ်။ သူက “ဘယ်အချိန်ပဲဖြစ်ဖြစ် အမီရာခန်းရေ ငါတို့အားလုံးက သူငယ်ချင်းတွေပဲလေ။ ပုံစံအသစ်နဲ့ ဖြန့်ချိမယ့်ရက် အသစ်ကို ဖော်ပြလိုက်ပါပြီ။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ လာမှာပါ” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
“Laal Singh Chadha” ရုပ်ရှင်မှာ မင်းသာ အမီရာခန်းနဲ့ အတူ မင်းသမီး Kareena Kapoor Khan ပါဝင် သရုပ်ဆောင်ထားပြီး “Bachchan Pandey” ရုပ်ရှင်မှာတော့ မင်းသား Akshay နဲ့အတူ မင်းသမီး Kriti Sanon တို့ ပါဝင်ထားပါတယ်။
နောက်ထပ် ပို့စ်တခုမှာတော့ ကနဦးပိုင်းမှာ ထွက်ဖို့ ပြင်ထားတဲ့ “Bell Bottom” ရုပ်ရှင်ဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ပြသရမယ့်အစား ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်ပြီလို့ ဖော်ပြခဲ့ပါတယ်။
မင်းသား Akshay က “တရက်တည်းမှာ ကိုယ့်ကား ၂ ကား တိုက်နေမှာကို သိထားလို့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ရုံတင်မယ့် နေ့မဟုတ်ဘဲ Bell Bottom ရုပ်ရှင်ကို ၂၀၂၁ ခုနှစ် ဧပြီလ ၂ ရက်နေ့ကျမှ ရုံတင်ပါတော့မယ်” လို့ ရေးသားခဲ့ပါတယ်။
Ref: ptinews
You may also like these stories:
ဆယ်စုနှစ်တာ ကာလအတွင်း အအောင်မြင်ဆုံး ဘောလိဝုဒ်ရုပ်ရှင်အဖြစ် “Dangal” သတ်မှတ်ခံရ
Maharashtra ပြည်နယ် ရေဘေးအတွက် ရူပီး ၂၅ သိန်း လှူဒါန်းခဲ့တဲ့ မင်းသား အမီရာခန်း