Transformers ရုပ်ရှင် ကြိုက်နှစ်သက်သူ ပရိသတ်တွေအတွက် Reboot ရုပ်ရှင် တကားအပါအဝင် ရုပ်ရှင်သစ် ၂ ကားကို စတင်ဖန်တီးနေပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က ထွက်ရှိလာခဲ့တဲ့ “The Last Knight” ဟာ ရုပ်ရှင်ဝေဖန်ရေးနယ်ပယ်နဲ့ Box Office အတွက် ထင်ထားသလောက် မအောင်မြင်ခဲ့ပါဘူး။
Transformers ရဲ့ Franchise ရုပ်ရှင်တကားဖြစ်တဲ့ Bumblebee ရုပ်ရှင်ဟာလည်း “The Last Knight” ရုပ်ရှင်လိုပဲ မအောင်မြင်ခဲ့တာကြောင့် အခုထွက်ရှိလာမယ့် ရုပ်ရှင်သစ် ၂ ကားကို ပရိသတ်တွေအနေနဲ့ စိတ်ဝင်စားမှုမြင့်တက်နေပြီး ရင်ခုန်မျှော်လင့်နေကြပါတယ်။ Paramount ကုမ္ပဏီဘက်က ဘယ်လိုအစီအစဉ်တွေနဲ့ ရုပ်ရှင်တွေကို ဖန်တီးထုတ်လုပ်မလဲဆိုတာကိုတော့ အခုအချိန်ထိ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
ရုပ်ရှင်သစ် ၂ ကားမှာ ၁ ကားကတော့ Bumblebee Universe ကိုပဲ နောက်ထပ် မိတ်ဆက်မှာဖြစ်ပြီး နောက်ထပ် တကားကတော့ အစအဆုံး ပြန်လည် ဖန်တီးမယ့် Transformers ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။
လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့တင် Transformers ရုပ်ရှင် ပရိသတ်တွေအတွက်တော့ ဝမ်းသာစရာဖြစ်ပြီး တချိန်က ကြည့်ရှုခဲ့ရတဲ့ Transformers ရုပ်ရှင်ရဲ့ အရသာကို တင်ဆက်မှုပုံစံ အသစ်တမျိုးနဲ့ ထုတ်လုပ်လာဖို့ စိတ်လှုပ်ရှားနေကြပါတယ်။
ရုပ်ရှင်သစ် ၂ ကားလုံးအတွက် ဇာတ်ညွှန်းရေးသားမှု အပိုင်းလည်းပြီးစီးနေပြီဖြစ်လို့ Paramount အနေနဲ့ လားရာ မတူတဲ့ ဦးတည်ချက်တခုနဲ့ ပရိသတ်တွေဆီ Transformers ကို ပြန်လည် ခေါ်ယူလာနိုင်မလားဆိုတာကို စောင့်ကြည့်ကြရမှာပါ။
Ref. wegotthiscovered.com
You may also like these story:
ဝင်ငွေအကောင်းဆုံးမင်းသမီးထက် ဒေါ်လာ ၄၂ သန်း ပိုရခဲ့တဲ့ Transformers 4 မင်းသား