• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ရွှေကြိုဖြစ်ဖို့ အိပ်မက်ရှိတာကြောင့် ဒီနှစ်ရွှေကြို ဝင်ပြိုင်ဖြစ်တဲ့ လီလီကျော်ခိုင်

by ချစ်ပိုး
28 January 2020
in Entertainment
A A
မော်ဒယ်၊ သရုပ်ဆောင် လီလီကျော်ခိုင်  / ချစ်ပိုး / ဧရာဝတီ

မော်ဒယ်၊ သရုပ်ဆောင် လီလီကျော်ခိုင် / ချစ်ပိုး / ဧရာဝတီ

18.9k
VIEWS
Share on FacebookShare on Twitter

မော်ဒယ်အဖြစ်ကနေ သရုပ်ဆောင်လောကကို ရောက်လာတဲ့ မော်ဒယ်၊ သရုပ်ဆောင် လီလီကျော်ခိုင်က မော်ဒယ် စလုပ်ကတည်းက ရွှေကြို ဝင်ပြိုင်ချင်ခဲ့တာကြောင့် ဒီနှစ် ရွှေကြိုဝင်ပြိုင်ဖြစ်တယ်လို့ ဆိုပါတယ်။

“ရွှေကြို ဝင်ပြိုင်ဖြစ်တာက ၂၀၁၆ လောက်တုန်းက မော်ဒယ် စလုပ်နေတုန်း ရွှေကြိုဝင်ပြိုင်ခဲ့ဖူးတယ်။ နောက်ဆုံး ၁၀ ယောက်မှာမှ ကပ်ပြုတ်သွားတာပေါ့။ နေရာတခု ရောက်သွားမှ ရွှေကြိုဖြစ်ချင်တယ်ဆိုရင် မရတော့ဘူး။ အဲ့အိပ်မက်ကို အကောင်အထည်ဖော်ချင်လို့ အခုပြိုင်ရခြင်း ဖြစ်ပါတယ်။ အခုကျတော့ စင်အတွေ့အကြုံလည်း ရှိနေပြီ။ အနုပညာနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာလည်း သိနေပြီဆိုတော့ အဲ့ဒါလေးတွေကို ချပြလို့ရမယ် ထင်ပါတယ်”

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
318
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
807
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.5k

“ရွှေကြိုပါသွားရင် တနိုင်ငံလုံးက ကြည့်မှာဆိုတော့ ကိုယ့်ကို ပိုသိသွားမှာပါ။ လီလီ ပါရခြင်း၊ မပါရခြင်းထက် အိပ်မက်ကို အကောင်အထည် ဖော်ခြင်းပါ။ နောက် ရုပ်ရှင် နှစ် ၁၀၀ ပြည့်လည်း ရှိတော့ အဲ့ နှစ် ၁၀၀ ပြည့်မှာ တထောင့်တနေရာကနေ ပါဝင်ချင်တယ်။ အဲ့ဒါကြောင့်လည်း ပါဖြစ်တာပါ”လို့ လီလီကျော်ခိုင်က ပြောပါတယ်။

ရွှေကြိုကို Voting စနစ်နဲ့ ရွေးချယ်မှာ ဖြစ်တာကြောင့် Voting စနစ်အပေါ် အမြင်ကိုလည်း လီလီကျော်ခိုင်က အခုလိုပဲ ဆိုပါတယ်။

“Voting စနစ်က အရမ်းကောင်းတာပေါ့။ Voting စနစ်နဲ့ဆိုတော့ ပရိသတ်တွေ ၆၀ ရာခိုင်နှုန်း၊ ဒိုင်က ၄၀ ရာခိုင်နှုန်း။ အဲ့မှာ ပရိသတ်က ကိုယ့်ကြိုက်ပေမယ့် ဒိုင်တွေ မကြိုက်ရင်လည်း အမှတ် မရနိုင်ဘူးပေါ့။ ပရိသတ်ကြီးဆီကလည်း မဲဆွယ်ချင်ပါတယ်။ မဲပေးကြပါလို့။ လီလီ့ကို တချို့ကသာ သိတာ။ တချို့က မသိကြသေးဘူး”

“လီလီက အနုပညာတွေ လုပ်နေပြီး ဇာတ်ကားတွေလည်း ရိုက်နေရမှ ဘာလို့ ဝင်ပြိုင်တာလဲလို့ မမြင်စေချင်ပါဘူး။ ကိုယ်က ဘာမှ မဟုတ်သေးပါဘူး။ ကိုယ့်ထက် ပိုပြီးတော်တဲ့သူလည်း ရှိမှာပဲ။ ကိုယ်တကယ်ကြိုးစားရင် ကိုယ့်အတွက် နေရာရှိပါတယ်။ အဲ့အတွက် လီလီ့ကို တမျိုး မမြင်စေချင်ပါဘူး။ ဝေဖန်မှုတွေကိုလည်း ကြိုတင်ပြင်ဆင်ထားပါတယ်။ အရွေးခံရအောင်တော့ ဘုရားတရားလည်း ပိုလုပ်ရတာပေါ့”လို့ လီလီကျော်ခိုင်က ပြောပါတယ်။

မော်ဒယ်၊ သရုပ်ဆောင် လီလီကျော်ခိုင်ဟာ ကြော်ငြာတွေမှာ ပါဝင်သရုပ်ဆောင်နေသလို “တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာ” ဇာတ်ကားနဲ့ “ရှင်ဥပဂုတ္တမထေရ်မြတ်ကြီး ထေရုပ္ပတ္တိတော်” ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ မကြာခင်မှာ ရိုက်ကူးမယ့် “ရပ်ကွက်ကြီး ၅” ဇာတ်လမ်းတွဲမှာလည်း ပါဝင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

You may also like these stories:

အကယ်ဒမီ ရွှေကြို ရွေးချယ်ပွဲမှာ ဒိုင်အဖြစ် ပါဝင်ဖြစ်ပုံကို ပြောပြတဲ့ ဆုပန်ထွာ

“ပြင်တတ်၊ ဆင်တတ်လာလို့ မိန်းကလေးပီသလာပြီ”ဆိုတဲ့ သဇင်ထူးမြင့်

အသက်ငယ်တဲ့ ကောင်မလေးတွေကို သဘောကျတဲ့ သရုပ်ဆောင် ညိမ်းသော်

Your Thoughts …
Tags: ရွှေကြိုလီလီကျော်ခိုင်
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

ဓာတ်ပုံ  /  ဝေဝေနှင်း  / ဧရာဝတီ

ရှင်ဥပဂုတ္တ ရဟန္တာမထေရ်မြတ်ကြီးရဲ့ မယ်တော်နေရာက သရုပ်ဆောင်ထားတဲ့ လီလီကျော်ခိုင်

by ယုဖြူဟန်
27 November 2019
9.7k

ဒီမှာက တော်တော်ကြီးကိုပညာရခဲ့တယ်။ အတွေ့အကြုံတွေရခဲ့သလို ဆုလာဘ်ကောင်းတွေလည်း အများကြီး ရခဲ့တဲ့ကားလေးတကားပါ။

ရွှေကြို ထက်လင်းအောင်ကို သင်ကြားပေးနေတဲ့ မေသန်းနု  / ချစ်ပိုး  / ဧရာဝတီ

“ရွှေကြိုကနေ အောင်မြင်တဲ့ အနုပညာရှင် ဖြစ်လာတာတွေ ရှိတယ်”လို့ မေသန်းနု ပြော

by ချစ်ပိုး
10 March 2019
13.1k

အပြိုင်အဆိုင်ထဲမှာ အသစ်လေးတွေက ပိုပြီး အားကောင်းသလိုပဲ။ မဆင့်တို့ကတော့ ကြိုဆိုရမယ်။ အောင်မြင်တဲ့ နှစ်လို့ ပြောရမယ်။ အဟောင်းတွေကတော့ ဘာမှပြောစရာ မရှိဘူး”လို့ မေသန်းနုက ဆိုပါတယ်။

ဇာတ်ပို့ သရုပ်ဆောင် အေးအေးခိုင်

“ရွှေကြို Voting စနစ်က သူ့ခေတ်၊ သူ့အခါနဲ့ လုပ်ကြတာပါ”လို့ အေးအေးခိုင် ပြော

by ချစ်ပိုး
7 February 2020
4.6k

“ကိုယ်ကတော့ ပုံမှန်အတိုင်းပဲ ဆက်ဆံတယ်။ ဒါတွေကို အရင်တုန်းကတော့ သိပ်မသိဘူး။ နောက်ပိုင်း ကျတော့မှ ဘဝဒဏ်တွေကို ရင်ဆိုင်လာရတာနဲ့အမျှ နားလည်လာတာတွေတော့ ရှိတာပေါ့။

ရွှေကြို ရွေးချယ်ပွဲကို ဝင်ပြိုင်ကြသူများ  / ဧရာဝတီ

ဆန်ခါတင် ရွှေကြိုအဖြစ် ရွေးချယ်မခံခဲ့ရတဲ့ ပြိုင်ပွဲဝင်တချို့ရဲ့ ခံစားချက်များ

by ယုဖြူဟန်
30 January 2020
7.6k

တနိုင်ငံလုံးကြည့်နေမယ့် အကယ်ဒမီပေးပွဲအတွက် ဆန်ခါတင် အယောက် ၈၀ ထဲတော့ ဝင်သွားပြီ။ စင်မြင့်ထက်ကို တက်လှမ်းကြမယ့်သူတွေအတွက် ဆုတောင်းပေးပါတယ်။ အရမ်းလှကြပါတယ်။

သရုပ်ဆောင် မင်းမြတ်စိုးစံ / Min Myat Soe San's Facebook

“ရွှေကြိုခေါ်ပြီး ရန်ပုံငွေရှာတာ ရုပ်ရှင်အစည်းအရုံးအတွက် အမည်းစက်ပဲ”လို့ မင်းမြတ်စိုးစံ ပြော

by ယုဖြူဟန်
6 February 2020
7.6k

“ဒီလိုရှာရတာလည်း သူတို့တွေ အသုံးမကျခဲ့တာလေ။ ဗီဒီယိုလောက ပျက်စီးခဲ့တာလည်း ရုပ်ရှင်အစည်းအရုံးက သေချာတိုးတက်အောင် မလုပ်ခဲ့ပေးလို့လို့ ထင်တယ်။

ရွှေကြို ဝင်လျှောက်ခဲ့တဲ့ ထွန်းဝီရ / ချစ်ပိုး / ဧရာဝတီ

ရွှေကြိုမှာ မိန်းကလေး ပရိသတ်တွေ အားပေး ဝန်းရံကြတဲ့ သဘင်မျိုးဆက် ထွန်းဝီရ

by ချစ်ပိုး
30 January 2020
6.4k

“ကျနော် ရွှေကြို လျှောက်တဲ့နေ့က ပုံကို မိန်းကလေးပရိတ်သတ်တွေ ဝန်းရံပေးကြတော့ အရမ်းကျေးဇူး တင်ပါတယ်။ ကျနော့်ကို အားပေးကြမယ်လို့ မထင်ထားဘူး။ ပျော်လည်း ပျော်တယ်။

Next Post
AA မှ ပြန်လွှတ်ပေးလိုက်သည့် တပ်မတော်သား ၂ ဦး / AA

အသက်အရွယ်ကြီး စစ်သုံ့ပန်း ၂ ဦး AA ပြန်လွှတ်ပေး

စစ်တွေမြို့ ဓညဝတီ ရပ်ကွက် ဓမ္မရာမ ဘုန်းတော်ကြီး ကျောင်းတွင် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်း  / မင်းအောင်ခိုင်  / ဧရာဝတီ

ရခိုင်စစ်ပွဲကြောင့် စစ်ဘေးရှောင် ၁သိန်း ၆သောင်းကျော်ရှိလာဟု REC ထုတ်ပြန်

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
2.8k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.3k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate