Entertainment

အယ်လ်ဘမ်အသစ်ဖြန့်ချိပြီး နယ်လှည့်ဖျော်ဖြေပွဲပြုလုပ်မယ့် ဂျက်စတင်ဘီဘာ

Want create site? Find Free WordPress Themes and plugins.

ဂီတလောကကနေ အချိန်အတန်ကြာ ကွယ်ပျောက်နေခဲ့တဲ့ အဆိုတော် ဂျက်စတင်ဘီဘာဟာ လာမယ့် ချစ်သူများနေ့ကျရင် အယ်လ်ဘမ်အသစ်ကို ဖြန့်ချိတော့မှာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် အဆိုတော် ဘီဘာဟာ သူ့ရဲ့ အယ်လ်ဘမ်အသစ် “Changes” ကို လာမယ့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကျရင် ဖြန့်ချိမယ်လို့ ကြေညာခဲ့ပါတယ်။ အဲ့ဒီအယ်လ်ဘမ်ဟာ သူ့အတွက်တော့ ပဉ္စမမြောက် စတူဒီယို အယ်လ်ဘမ် ဖြစ်လာမှာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ နောက်ဆုံးဖြစ်တဲ့ “Purpose” အယ်လ်ဘမ်ကို ၂၀၁၅ ခုနှစ်မှာ ဖြန့််ချိခဲ့ပါတယ်။

အခုအယ်လ်ဘမ်အသစ်မှာတော့ အဆိုတော်၊ သီချင်းရေးဆရာ Kehlani ပါဝင်ထားတဲ့ ‘Get Me’ သီချင်းအသစ် နဲ့အတူ လွန်ခဲ့တဲ့ ၃ နှစ်လောက်က တကိုယ်တော် Single သီချင်းအဖြစ် ထွက်ထားခဲ့တဲ့ ‘Yummy’ သီချင်းလည်း ပါဝင်လာမယ်လို့ သိရပါတယ်။ Instagram မှာလည်း မကြာမီအချိန်အတွင်း မြောက်အမေရိက မှာ ပြုလုပ်မယ့် နယ်လှည့်ဖျော်ဖြေပွဲ အချိန်ဇယားကို ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီအယ်လ်ဘမ်အသစ် ဖြန့်ချိမှုနဲ့အတူ သူ့ရဲ့ဘဝအခန်းစာမျက်နှာ အသစ်အကြောင်း ဖော်ပြထားပြီး အပိုင်း ၁၀ ပိုင်း ပါဝင်မယ့် Justin Bieber: Seasons အမည်ရှိ မှတ်တမ်းစီးရီးကိုလည်း YouTube Premium ကနေ ဇန်နဝါရီလ ၂၇ ရက်နေ့ကနေစလို့ ဖြန့်ချိခဲ့ပြီးလည်း ဖြစ်ပါတယ်။ အခုလအစောပိုင်းမှာတော့ သူဟာ မွှားကောင်တွေကြောင့် ဖြစ်တတ်တဲ့ Lyme ရောဂါကို ခံစားခဲ့ရတဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့တုန်းက “လူတော်တော်များများက ဂျက်စတင်ဘီဘာဟာ ပေစုတ်စုတ်နဲ့ ဆေးမူးနေ သလိုဖြစ်နေတယို့ ပြောနေကြတယ်။ ကျနော် မကြာသေးခင်တုန်းက Lyme ရောဂါဖြစ်ခဲ့တယ်ဆို တာကို သဘောမပေါက်ကြဘူး။ ကျနော့်ရဲ့ အသားအရည်၊ ဦးနှောက်စွမ်းဆောင်ရည်၊ ခွန်အားနဲ့ ကျန်းမာရေးတွေကို တော်တော်လေးဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ရပါတယ်” လို့ သူက Instagram မှာ တင်ခဲ့ပါတယ်။

Ref:CNA

You may also like these stories:

ဂျက်စတင်ဘီဘာရဲ့ မှတ်တမ်းစီးရီးကို YouTube မှာ မကြာခင် ကြည့်ရှုနိုင်မည်

ဆယ်ကျော်သက်တုန်းက မူးယစ်ဆေး အများအပြား သုံးခဲ့ဖူးတယ်လို့ ဂျက်စတင်ဘီဘာ ဝန်ခံ

စိတ်ကျရောဂါ ခံစားခဲ့ရကြောင်း အဆိုတော် ဂျက်စတင်ဘီဘာ ဖွင့်ဟ

Did you find apk for android? You can find new Free Android Games and apps.
Loading