Entertainment

The Wolf Of Wall Street ရုပ်ရှင်ကို တရားစွဲခဲ့တဲ့ ကာယကံရှင်ဖြစ်သူ Jordan Belfort

Want create site? Find Free WordPress Themes and plugins.

၂၀၁၃ ခုနှစ်လောက်က ထွက်ရှိခဲ့တဲ့ The Wolf Of Wall Street ရုပ်ရှင်ဇာတ်ကားဟာဆိုရင်တော့ မင်းသားကြီး Leonardo Dicaprio ကို နာမည်ရပြီး ပိုမိုအောင်မြင်စေတဲ့ ဇာတ်ကားတကားဖြစ်သလို ဒါရိုက်တာ Martin Scorsese ရဲ့ လူသိများအောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက တခုလည်း ဖြစ်ပါတယ်။

အတ္ထုပတ္တိရုပ်ရှင်ဇာတ်ကားပေါင်းများစွာထဲက အခုချိန်ထိလည်း ရုပ်ရှင်ပရိသတ်တွေ စွဲစွဲထင်ထင်ရှိကြသလို ဘယ်တော့ပြန်ကြည့်ကြည့်မရိုးနိုင်တဲ့ ဇာတ်ကားတကားလည်း ဖြစ်တယ်ဆိုတာကိုတော့ မေ့ထားလို့မရပါဘူး။

The Wolf Of Wall Street ရုပ်ရှင်ဟာ စတော့ရှယ်ယာဈေးကွက်ကို ဖြတ်လမ်းနည်းနဲ့ အောင်မြင်ခဲ့သူတယောက်ရဲ့ အကြောင်းကိုရိုက်ကူးထားတာဖြစ်ပြီး Jordan Belfort ရဲ့ The Wolf Of Wall Street ဆိုတဲ့စာအုပ်ကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ သူ့ဘဝရဲ့ရုန်းကန်ခဲ့ရတဲ့ အခြေအနေ တော်တော်များများကို ဒီ The Wolf Of Wall Street ဆိုတဲ့စာအုပ်မှာ Jordan Belfort ဟာ ရေးသားခဲ့တာဖြစ်ပြီး လက်ရှိမှာဆိုရင်လည်း သူဟာ ဆိုတဲ့ကုမ္ပဏီကို တည်ထောင်ထားသူပါ။

စာအုပ်တုန်းကလည်း အောင်မြင်ခဲ့သလို ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးပုံဖော်တဲ့အခါမှာလည်း အော်စကာဆုပေါင်း များစွာနဲ့ အောင်မြင်ခဲ့တဲ့ ဒီ The Wolf Of Wall Street ရုပ်ရှင်ရဲ့ ထုတ်ဝေသူတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်တုန်းက Jordan Belfort ဟာ သူ့ကိုအသုံးချပြီး ငွေရှာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကို ကြည့်ရှုဖူးတဲ့ ပရိသတ်တော်တော်များများကတော့ ဒီရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတွေကို အမှတ်ရနေကြဦးမှာဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ပတ်သက်တာတွေ၊ ညစ်ညမ်းစွာ ပြောဆိုမှုတွေနဲ့ လိင်မှုကိစ္စတွေကို ရိုက်ကူးပြသထားတာတွေကိုလည်း မှတ်မိနေကြဦးမှာပါ။

အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ Jordan Belfort ဟာ ဒီရုပ်ရှင်ကို ရိုက်ကူးဖို့အတွက် သူကိုယ်တိုင်လက်ခံခဲ့တာဖြစ်ပြီး အခုအချိန်ကျမှ ထတရားစွဲခြင်းအပေါ် ဝေဖန်ရေးသမားတွေနဲ့ ရုပ်ရှင်ပရိသတ်တွေက သူ့ကိုပြစ်တင်ရှုတ်ချ နေကြတာပါ။

သူကိုယ်တိုင်ကတော့ သူ့ဘဝဇာတ်ကြောင်းကို အမှန်အတိုင်းဖြစ်စေချင်စိတ်နဲ့ တရားစွဲဆိုရတာဖြစ်တယ်လို့ အင်တာဗျူးတွေမှာ ရှင်းလင်းထားပြီး The Wolf Of Wall Street ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ဖြစ်လာမယ့် Catching The Wolf of Wall Street မှာလည်း အမှန်အတိုင်းရိုက်ကူးစေချင်တဲ့ ဆန္ဒရှိတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

Ref. www.dailymail.com

You may also like these stories:

“ဇနီးဟောင်းထက် ချစ်သူ Jessie J က ပိုလှတယ်”လို့ မင်းသား Channing Tatum ဆို

ပရိသတ်ကို အသိပေးခြင်း မရှိဘဲ အခွေသစ် ထုတ်လိုက်တဲ့ အဆိုတော် Eminem

Windows Store အတွက် “Miami Street” အခမဲ့ဂိမ်း ထုတ်ပေးလိုက်တဲ့ Microsoft

Did you find apk for android? You can find new Free Android Games and apps.
Loading