Entertainment

'Matrix 4' ရုပ်ရှင်မှာ Keanu Reeves နဲ့အတူ ပါဝင်လာမယ့် မင်းသမီး Priyanka Chopra

Want create site? Find Free WordPress Themes and plugins.

နာမည်ကျော် ဘောလိဝုဒ်နဲ့ ဟောလိဝုဒ်မင်းသမီး Priyanka Chopra ဟာ စတုတ္ထမြောက် ဖြစ်လာမယ့် Matrix ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ဖို့နောက်ဆုံး အဆင့်ဆွေးနွေးမှုတွေလုပ်ဆောင်နေပြီဖြစ်ကြောင်း စေ့စပ်ညှိနှိုင်းမှုတွေ နဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ်တွေကဆိုပါတယ်။

Warner Bros. နဲ့ Village Roadshow တို့ကနေ ထုတ်လုပ်မယ့် အဲ့ဒီရုပ်ရှင်ကို အဲ့ဒီမူရင်းရုပ်ရှင်တွေကို ပူးတွဲ ဖန်တီးခဲ့သူ Lana Wachowski က ရိုက်ကူးမှာဖြစ်ပါတယ်။

မင်းသမီးဟာ Keanu Reeves ၊ Carrie-Anne Moss ၊ Yahya Abdul-Mateen II နဲ့ Neil Patrick Harris တို့လိုမျိုး သရုပ်ဆောင်တွေနဲ့ပူးတွဲ ပါဝင်ရမှာလည်း ဖြစ်ပါတယ်။ သူပါဝင်ရမယ့် ဇာတ်ကောင်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ အခုအထိ မသိရသေးပါဘူး။

“Matrix 4” ရုပ်ရှင်မှာ ပါဝင်ရမယ့် သရုပ်ဆောင်တွေကတော့ ကယ်လီဖိုးနီးယား မြောက်ပိုင်းမှာထုတ်လုပ်ရေး လုပ်ငန်းတွေ စတင်နိုင်ဖို့ သတင်းလေးပတ်လောက် တိုက်ခိုက်ရေး လေ့ကျင့်ခန်းတွေ လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

မင်းသမီး Chopra ဟာ အိန္ဒိယနိုင်ငံရဲ့ အမြင့်ဆုံး အနုပညာဆုဖြစ်တဲ့ National Film Award ဆုကို ရရှိထားပြီး ရုပ်ရှင်ကားပေါင်း ၆၀ ကျော်မှာလည်း ပါဝင်ထားပါတယ်။ သူဟာ အမေရိကန်နိုင်ငံရဲ့ ABC ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ “Quantico” စီးရီးမှာ ပထမဆုံး ပါဝင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာရှိတဲ့ ရုပ်သံလိုင်း တခုကနေ ထုတ်လွှင့်တဲ့ စီးရီးထဲမှာ ပထမဆုံး သရုပ်ဆောင်ခွင့်ရတဲ့ အိန္ဒိယနွယ်ဖွား သရုပ်ဆောင် ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် မင်းသမီးဟာ အဲ့ဒီစီးရီးနဲ့ပဲ ၂၀၁၆ ခုနှစ်မှာ People’s Choice Award ကို ရရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ TIME 100 စာအုပ်ရဲ့ မျက်နှာဖုံးမှာလည်း ဖော်ပြခံခဲ့ရပါတယ်။ Forbes မဂ္ဂဇင်းရဲ့ အင်အားအပြည့်ဆုံး အမျိုးသမီး တဦးအဖြစ် သတ်မှတ်ခံခဲ့ရသလို လွှမ်းမိုးနိုင်ဆုံး လူပုဂ္ဂိုလ် တဦးအဖြစ်လည်း ဖော်ပြခံခဲ့ရပါတယ်။

တိုရွန်တိုနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာပြသခဲ့တဲ့ “The Sky is Pink” ရုပ်ရှင်ကိုပူးတွဲထုတ်လုပ်ပြီး ကိုယ်တိုင် သရုပ်ဆောင် ထားပါတယ်။ ဒါ့အပြင် Netflix ရဲ့ “We Can Be Heroes” ရုပ်ရှင်မှာ သူ့ကို မြင်တွေ့ကြရဦးမှာ ဖြစ်ပါတယ်။ အိန္ဒိယရိုးရာ လက်ထပ်ပွဲတခုအကြောင်း အခြေခံမယ့် ရုပ်ရှင်တခုကို လက်ရှိမှာ ဖန်တီးနေပြီး သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။

မင်းသမီးဟာ “Matrix 4” ရုပ်ရှင်ရိုက်ကူးနေမယ့် တပြိုင်နက်တည်းမှာပဲ Russo ညီနောင်ဒါရိုက်တာနှစ်ဦးရဲ့ “Citadel” စီးရီးမှာလည်း သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ မွမ်ဘိုင်းနဲ့ လော့စ်အင်ဂျလိစ်မြို့တို့မှာ အခြေစိုက်တဲ့ Purple Pebble Pictures ဆိုတဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေး ကုမ္ပဏီကိုလည်း ထူထောင်ထားပါသေးတယ်။

Ref: variety

You may also like these stories:

The Wolf Of Wall Street ရုပ်ရှင်ကို တရားစွဲခဲ့တဲ့ ကာယကံရှင်ဖြစ်သူ Jordan Belfort

၉လွှာပေါ်က ပြုတ်ကျပေမယ့် ဘာမှမဖြစ်သလို လမ်းထလျှောက်ခဲ့တဲ့ အမျိုးသမီး

ဟာသတွေပြောနိုင်ဖို့ စာအုပ်တွေ ဖတ်ရတယ်လို့ ဆိုတဲ့ သရုပ်ဆောင် အရိုင်း

Did you find apk for android? You can find new Free Android Games and apps.
Loading