Entertainment

သမီးဖြစ်သူကို နိုင်ငံခြားမှာ ကျောင်းထားပေးနိုင်တဲ့အပေါ် ပြောပြတဲ့ လင်းဇာနည်ဇော်

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင်လင်းဇာနည်ဇော်ကတော့ သူမရဲ့တဦးတည်းသော သမီးလေး မြူလင်းလင်းကိုကို ကို အသက် ၂နှစ် အရွယ်ကတည်းက သူမရဲ့မိဘများနဲ့ထားကာ အလုပ်လုပ်ခဲ့တာကြောင့် အခုအချိန်နိုင်ငံခြားမှာ ကျောင်းထားနိုင်တာ ဖြစ်တယ်လို့ ပြောပါတယ်။

“သူက အဘိုးအဘွားလက်ထဲမှာပဲ ကြီးရတာ များတယ်။ သူ အသက် ၂နှစ်ကျော်ကတည်းက သူ့ကို ကျမမိဘတွေ လက်ထဲမှာအပ်ပြီးတော့ အလုပ်လုပ်ရတာ။ အခုအချိန်ထိပဲပေါ့။ ဒါပေမယ့်လည်း အဘိုးအဘွားက ကျမထက်တောင် ပိုပြီးနွေးထွေးနိုင်ပါသေးတယ်။ ကျမကမှ တခါတခါကျရင် ကိုယ့်အလုပ်ကစိတ်ဖိစီးမှုတွေနဲ့ဆိုတော့ အဖေအမေတို့ လက်ပေါ်မှာနေရတာများတယ်။ အဲ့အတွက်ကြောင့်စိတ်ချပြီး အလုပ်လုပ်နိုင်တာပေါ့။ အဲ့လိုအလုပ်လုပ်လို့ အခုလို နိုင်ငံခြားမှာ ကျောင်းထားပေးနိုင်တာပေါ့” လို့ လင်းဇာနည်ဇော်ကပြောပါတယ်။

ယခင်သမီးလေး မရှိသေးတဲ့အချိန်များမှာတော့ ကိုယ့်ကိုယ်ကို အချစ်ဆုံးဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ သမီးလေး က ပထမဦးစားပေးဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။

“အရင်တုန်းကကိုယ့်ကိုယ်ကို အချစ်ဆုံး။ အခုဒုတိယဖြစ်သွားပြီ။ အရင်တုန်းကတော့ အတ္တရှိတယ်။ အဲ့အတ္တကို တဖြည်းဖြည်းလျော့ချနေတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုတောင် မပိုင်ဘူးလေ။ အဲဒါကြောင့်အတ္တတွေကို လျော့ချနေတယ်။ သူ့ကိုဖြည်းဖြည်းလေးပဲ ချစ်တယ်။ အများကြီး မချစ်နိုင်အောင်ကြိုးစားတယ်” လို့ လင်းဇာနည်ဇော် ကပြောပါတယ်။

သမီးဖြစ်မှာ လိမ္မာရေးခြားရှိတဲ့သူဖြစ်ပေမယ့်အခုအချိန်မှာတော့ အများကြီးပြောလို့မရသေးဘဲ နည်းနည်းလောက် လိမ္မာရင်ပဲကျေနပ်ပြီလို့ လင်းဇာနည်ဇော်ကပြောပါတယ်။

“သားသမီးလိမ္မာတော့ မိဘကတော့ ပြောစရာမရှိပါဘူး။ အများကြီးတော့ ပြောလို့မရသေးဘူးလေ။ အများကြီးတော့ မမှန်းထားပါဘူး။ နည်းနည်းလေးလောက် လိမ္မာရင်ကျေနပ်နေပါပြီ။ သူကအခုဆို အသက်က ၂၃နှစ် ထဲဝင်နေပြီ ၂၂နှစ်ကျော်သွားပြီ” လို့ လင်းဇာနည်ဇော်ကပြောပါတယ်။

ဆက်လက်ပြီး လင်းဇာနည်ဇော်က “ကျမတောင် ကျမချစ်တဲ့မိသားစုကို ခဏထားပြီးထွက်သွားသေးတာပဲ။ ကိုယ်တောင်ဒီလိုလုပ်တာ သူလည်းတချိန်ကျရင် ဒီလိုလုပ်နိုင်တာပဲလေ။ အဲဒါကြောင့်ဒါတွေအားလုံးကို ပြင်ဆင်ထားပြီးပြီ။ အရေးကြီးတာက သူကောင်းမယ်ဆိုရင် ဘယ်လိုပုံစံနဲ့ ကောင်းကောင်းကျေနပ်တယ်။ မိဘဆိုတာက ပေးဆပ်ခြင်းပဲ ပြန်လည်ရယူခြင်းမရှိဘူး” လို့ ပြောပါတယ်။

သမီးဖြစ်သူ မြူလင်းကိုကိုကတော့ အနုပညာကိုဝါသနာပါပေမယ့် လင်းဇာနည်ဇော်ကတော့ စောင့်ကြည့်ဦးမှာဖြစ်ပြီး ချက်ချင်းမလုပ်ခိုင်းသေးဘူးလို့ သိရပါတယ်။

“ခွင့်မပြုမှာလားဆိုတော့ နည်းနည်းတော့ကြည့်လိုက်ဦးမယ်။ ချက်ချင်းတော့ လုပ်ခိုင်းလို့မဖြစ်သေးဘူး။ သူက နည်းနည်းတော့စိမ်းသေးတယ်။ အဲဒါကြောင့်မို့လို့ပါ” လို့ လင်းဇာနည်ဇော်ကပြောပါတယ်။

မကြာခင်ပြုလုပ်မယ့် အကယ်ဒမီပေးပွဲမှာလည်း အနုပညာရှင်များရဲ့မျိုးဆက်သစ်များက ရွှေကြိုဝင်ရောက် ယှဉ်ပြိုင်နေတာကြောင့် သမီးဖြစ်သူကိုလုပ်ခိုင်းဖို့ရှိမရှိကိုလည်း ပြောပြခဲ့ပါတယ်။

“ရွှေကြိုတော့ မပါဘူး။ သူကျောင်းသွား မတက်ခင်တုန်းကလား မသိဘူး။ အကယ်ဒမီသီချင်းတွေဆိုတာ ပါသေးတယ်။ သူကကျောင်းမပြီးသေးတော့ လုပ်လို့မရသေးဘူး” လို့ လင်းဇာနည်ဇော်က ပြောပါတယ်။

လင်းဇာနည်ဇော်ရဲ့ တဦးတည်းသောသမီးဖြစ်သူ မြူလင်းကိုကိုကတော့ သြစတြေးလျနိုင်ငံမှာရှိတဲ့ The University of Technology မှာ Foundation Course ကိုတက်ရောက်သင်ကြားနေတာပဲဖြစ်ပါတယ်။

You may also like these stories:

မိဘမေတ္တာ ဖော်ကျူးတဲ့ ရုပ်ရှင်ကားတွေကိုပဲ ရိုက်ချင်တော့တဲ့ လင်းဇာနည်ဇော်

“မြန်မာပေါကားတွေရပ်” ရုပ်ရှင်ကားကို ရုံတင်မယ့်အကြောင်း ပြောပြတဲ့ လင်းဇာနည်ဇော်

Did you find apk for android? You can find new Free Android Games and apps.
Loading