မင်းသား Donnie Yen ရဲ့ ရုပ်ရှင်အသစ်ဖြစ်တဲ့ “Enter The Fat Dragon” ကို ဖြန့်ချိမှုဟာ ကိုရိုနာဗိုင်းရပ်စ် ကြောင့် ထိခိုက်မှု မရှိခဲ့ပေမယ့် လက်ရှိမှာ မင်းသား သရုပ်ဆောင်နေတဲ့ ရုပ်ရှင်ရိုက်ကွင်းတခုကို ရပ်ဆိုင်းလိုက်ရတယ်လို့ သိရပါတယ်။
“Polar Rescue” လို့ နာမည်ပေးထားတဲ့ ရုပ်ရှင်အသစ် ရိုက်ကူးရေးကို တရုတ်နှစ်သစ်ကူး ရပ်နားခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ စတင်ရမှာ ဖြစ်ပေမယ့် လာမယ့် နိုဝင်ဘာလအထိ ရွှေ့ဆိုင်းလိုက်ရပြီ ဖြစ်ပါတယ်။
အဲ့ဒီရုပ်ရှင် ရိုက်ကူးရေးကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ Changbai တောင်တန်းဒေသမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက စလို့ စတင်ခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ ဆောင်းနှင်းကျတဲ့အချိန်မှာ ရိုက်ရမယ့် ဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့် လာမယ့် ဖေဖော်ဝါရီလနဲ့ မတ်လမှာ ရိုက်ကူးမှု မပြီးပြတ်နိုင်ဘူးဆိုရင် အခုနှစ်နှောင်းပိုင်းလောက်အထိ ရိုက်ကူးရေးကို ရွှေ့ဆိုင်းရတော့မှာ ဖြစ်ပါတယ်။
ဟောင်ကောင်ရဲ့ Oriental Daily News မီဒီယာရဲ့ အဆိုအရ ရုပ်ရှင် ရင်းနှီးမြှုပ်နှံသူတွေဟာ အခုလိုမျိုး ရိုက်ကူးရေး ရွှေ့ဆိုင်းရမှုကြောင့် ဟောင်ကောင်ဒေါ်လာ ၁၀ သန်းလောက် ဆုံးရှုံးရဖို့ ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် ရိုက်ကူးရေးဝန်ထမ်းပေါင်း ၃၀၀ နဲ့ ယာယီသရုပ်ဆောင် ၅၀၀ တို့အတွက်လည်း အကျိုးသက်ရောက်မှုတွေရှိမယ်လို့ ဆိုပါတယ်။
အခုလက်ရှိ အချိန်မှာတော့ တရုတ်နိုင်ငံရဲ့ ရုပ်ရှင်ရိုက်ကွင်းတွေ အများဆုံးတည်ရှိတဲ့ Zhejiang ပြည်နယ်က Hengdian World Studios အပါအဝင် တချို့နေရာတွေမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေမှုကြောင့် ပိတ်သိမ်းလိုက်ရတာမျိုးတွေ ရှိနေပါတယ်။
အခုလိုမျိုး ရိုက်ကူးရေး နေရာတွေ ပိတ်သိမ်းလိုက်ရမှုကြောင့် Wang Kai နဲ့ Dong Zijian တို့ ပါဝင်သရုပ်ဆောင်နေတဲ့ “A Flowing River 2” ၊ Bai Yu နဲ့ Yang Mi တို့ရဲ့ “Thank You Doctor” ၊ Wang Yibo နဲ့ Zhao Liying တို့ရဲ့ “Legend Of Fei” ၊ Wu Jinyan နဲ့ Qin Lan တို့ရဲ့ “Legacy” ရုပ်သံ ဒရာမာ ရိုက်ကူးရေးတွေကိုလည်း ရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။
Ref: asiaone
You may also like these stories:
‘Matrix 4’ ရုပ်ရှင်မှာ Keanu Reeves နဲ့အတူ ပါဝင်လာမယ့် မင်းသမီး Priyanka Chopra
The Wolf Of Wall Street ရုပ်ရှင်ကို တရားစွဲခဲ့တဲ့ ကာယကံရှင်ဖြစ်သူ Jordan Belfort
အယ်လ်ဘမ်အသစ်ဖြန့်ချိပြီး နယ်လှည့်ဖျော်ဖြေပွဲပြုလုပ်မယ့် ဂျက်စတင်ဘီဘာ