Entertainment

"Maidaan" ရုပ်ရှင်မှာ နာမည်ကျော် အိန္ဒိယဘောလုံးနည်းပြအဖြစ် မြင်တွေ့ရမယ့် Ajay Devgn

နာမည်ကျော် ဘောလိဝုဒ်မင်းသား Ajay Devgn ရဲ့ ရုပ်ရှင်အသစ် “Maidaan” အတွက် ဓာတ်ပုံ ပိုစတာတချို့ ထွက်ပေါ်လာပါတယ်။ မင်းသားဟာ Twitter မှာ အဲ့ဒီရုပ်ရှင်ရဲ့ ပိုစတာနဲ့ ပတ်သက်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ သူက “အိန္ဒိယရဲ့ ဘောလုံးလောကရွှေခေတ်မှာ အအောင်မြင်ဆုံး ဖြစ်ခဲ့တဲ့ နည်းပြအကြောင်း မြင်တွေ့ရမှာဖြစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

အဲ့ဒီပိုစတာထဲမှာတော့ ၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက အိန္ဒိယဘောလုံးလောကရဲ့ ရွှေခေတ်နဲ့ ပတ်သက်နေတဲ့ ဂန္တဝင်နည်းပြ Syed Abdul Rahim အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Ajay ရဲ့ အနီးကပ် ပုံရိပ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဓာတ်ပုံ တပုံမှာတော့ မိုးရေထဲမှာ ရှိနေတဲ့ အသင်းကို ညွှန်ကြားနေတဲ့ နည်းပြရဲ့ နောက်ကွယ်ကနေ ရိုက်ထားတဲ့ ပုံရိပ်နဲ့ နောက်ဓာတ်ပုံ တပုံမှာတော့ ပျော်ရွှင်နေလို့ ဘောလုံးကို ကန်နေတဲ့ဟန်ဖြစ်နေတဲ့ နည်းပြရဲ့ ပုံရိပ်တို့ကို မြင်တွေ့ရမှာဖြစ်ပါတယ်။

“Maidaan” ရုပ်ရှင်ဟာ အိန္ဒိယဘောလုံးလောကရဲ့ ရွှေခေတ်တခုအကြောင်း ရိုက်ကူးထားတဲ့ အားကစား အသားပေး ရုပ်ရှင်ဖြစ်ပြီး မင်းသမီး Priyamani က အဓိက ဇာတ်ဆောင်မင်းသမီး အဖြစ် ပါဝင်ထားပါတယ်။

မင်းသား Ajay ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ကတည်းက ရုပ်ရှင်ရဲ့ ပိုစတာကို ပရိသတ်တွေ ကြည့်နိုင်ဖို့ မျှဝေပေးခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ မင်းသား Ajay ဟာ ၁၉၅၂ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အထိ ရှိခဲ့တဲ့ အိန္ဒိယဘောလုံးလောက ရွှေခေတ် အကြောင်းကို ကမ္ဘာလုံးပုံစံ ဘောလုံးကြီးနဲ့ ခိုင်းနိုှုင်းပြထားတဲ့ ပိုစတာကို ဖြန့်ချိခဲ့ပြီး ဖြစ်ပါတယ်။

အဲ့ဒီရုပ်ရှင်နဲ့ ပတ်သက်လို့ မင်းသား Ajay က “ဒါရိုက်တာ Amit Sharma က အလုပ်ကောင်းကောင်း လုပ်ခဲ့ပါတယ်။ အချိန်တွေက ပြောင်းလဲသွားပါပြီ။ ဇာတ်လမ်းပြောပြတာလည်း ပြောင်းလဲသွားပါပြီ။ ဒီနေ့ခေတ်မှာ သီချင်းလိုမျိုး အချစ်ရေးလိုမျိုး စီးပွားရေးဆန်တဲ့ အချက်အလက်တွေကို ထည့်သွင်းတာမျိုး မရှိပါဘူး။ Maidaan ဟာ ကျနော့် အတွက်တော့ အရမ်းကို စိတ်လှုပ်ရှားရတဲ့ ခရီးလမ်းတခု ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ဖူးပါတယ်။

“Maidaan” ရုပ်ရှင်ကို လာမယ့် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Ref: hindustantimes

You may also like these stories:

အော်စကာဆုပေးပွဲမှာ ကွယ်လွန်သူ ဘတ်စကက်ဘော ကစားသမား Kobe Bryant ကို ဂုဏ်ပြုမည်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် Donnie Yen ရဲ့ ရုပ်ရှင်ရိုက်ကွင်း ရပ်နားခဲ့ရ

အီဘိုလာ၊ ဆားစ်ရောဂါတွေထက် ပြင်းထန်ပြီး ကူးစက်မြန်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်

Loading