The Crow ရုပ်ရှင်ကို ကြည့်ရှုဖူးသူ နည်းပါးပေမယ့် ကြည့်ရှုဖူးသူတိုင်းလည်း စွဲမက်ခဲ့ရတဲ့ ရုပ်ရှင်တကား ဖြစ်ပါတယ်။ The Crow ရုပ်ရှင်ကို ပြန်လည် ဖန်တီးထုတ်လုပ်ဖို့ဆိုတာ တစွန်းတစတောင် ကြားရလေ့ မရှိတဲ့ သတင်းဖြစ်ပြီး အခုအချိန်မှာတော့ နာမည်ကြီး Sony ကုမ္ပဏီကနေ ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပြန်ပါပြီ။
ဒီရုပ်ရှင်ကို ပြန်လည် ဖန်တီးဖို့ သတင်းဟာ သေချာသလောက်ရှိနေပြီး တကျော့ပြန် သမိုင်းနဲ့အတူ The Crow ရုပ်ရှင်ကို ဘယ်အချိန်မှာ ရိုက်ကူးပြသမလဲ ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။
Sony အနေနဲ့ ရေရှည် ရုပ်ရှင်ပရောဂျက် တခုအဖြစ် ကိုင်တွယ်မှာ ဖြစ်တဲ့အတွက်ကြောင့် The Crow ရုပ်ရှင်ထွက်ရှိလာချိန်မှာတော့ ကြည့်ရှုဖူးသူတွေရော၊ မကြည့်ရှုဖူးသူတွေပါ ကျေနပ်အားရကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
ဒါရိုက်တာ Corin Hardy နဲ့ မင်းသား Jason Momoa တို့ဟာ The Crow ရုပ်ရှင်အတွက် ထိပ်ဆုံးလျာထားစာရင်းမှာ ပါဝင်နေတာဖြစ်ပြီး ဒါရိုက်တာ Corin Hardy ကိုယ်တိုင် The Crow ရုပ်ရှင်ရိုက်ကွင်းက Jason Momoa နဲ့ ဓာတ်ပုံတပုံကို ပြန်လည် မျှဝေခဲ့ဖူးပါတယ်။
၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Crow ရုပ်ရှင်ဟာ အဲဒီခေတ်အခါရဲ့ Action, Drama, Fantasy အမျိုးအစားအဖြစ် အထိုက်အလျောက် ကျော်ကြားခဲ့ဖူးပါတယ်။ Joker မင်းသား Heath Ledger ကိုယ်တိုင်လည်း ဇာတ်ကောင်အတွက် မိတ်ကပ် Inspire လုပ်ရာမှာ The Crow ရဲ့ လွှမ်းမိုးမှုရှိကြောင်း ဝန်ခံခဲ့ဖူးပါတယ်။
Sony က ပြန်လည် ဖန်တီးထုတ်လုပ်မယ့် The Crow ရုပ်ရှင်နဲ့ ၁၉၉၄ ခုနှစ် The Crow ရုပ်ရှင်တို့ကြားက ဇာတ်လမ်း တည်ဆောက်မှုဟာ အနည်းငယ် ပြောင်းလဲမှုရှိနိုင်ပြီး ရုပ်ရှင်မူရင်းဖြစ်တဲ့ James O’Barr ရဲ့ ရုပ်ပြ အရသာအတိုင်း ထွက်ရှိလာဖို့ မျှော်လင့်ကြရမှာ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
“Maidaan” ရုပ်ရှင်မှာ နာမည်ကျော် အိန္ဒိယဘောလုံးနည်းပြအဖြစ် မြင်တွေ့ရမယ့် Ajay Devgn
အော်စကာဆုပေးပွဲမှာ ကွယ်လွန်သူ ဘတ်စကက်ဘော ကစားသမား Kobe Bryant ကို ဂုဏ်ပြုမည်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် Donnie Yen ရဲ့ ရုပ်ရှင်ရိုက်ကွင်း ရပ်နားခဲ့ရ