Entertainment

Grammy Awards 2020 ရဲ့ ကြည့်အကောင်းဆုံး ပွဲတက်ဖက်ရှင် ပုံစံများ

လွန်ခဲ့တဲ့ရက် အနည်းငယ်က ကျင်းပခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွက် Grammy ဆုပေးပွဲဟာ ပြီးဆုံးခဲ့ပြီ ဆိုပေမယ့် ဆုပေးပွဲမှာ နာမည်ကျော်တွေ ဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်တွေရဲ့ ရိုက်ခတ်မှုကတော့ အခုအချိန်ထိ မပြီးဆုံးနိုင်သေးပါဘူး။ အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ Grammy ဆုပေးပွဲမှာ ကမ္ဘာကျော် အဆိုတော်တွေ ဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်နဲ့ ဆံပင် ပုံစံတွေအကြောင်းပဲ ဖြစ်ပါတယ်။

(၁) Ariana Grande

Ariana Grande ရဲ့ ချိုသာတဲ့ အသံနဲ့အတူ သူ့ကို Ariana Grande ရယ်လို့ ရပ်တည်စေနိုင်ခဲ့တဲ့ အရာတခုကတော့ သူ့ရဲ့ ဘယ်တော့မှ မရိုးနိုင်တဲ့ ဆံပင်ရှည်တွေကို စုချည်ပြီး အနောက်ဘက် ကျောပြင်ဆီ ဖြန့်ချထားတတ်ပုံပဲ ဖြစ်ပါတယ်။ ရှင်းလင်းနေတဲ့ မျက်နှာလေးနဲ့ ဆုပေးပွဲတလျှောက် လှပနေခဲ့ပါတယ်။

(၂) Alicia Keys

Alicia Keys ရဲ့ ဆံပင်ပုံစံကတော့ တော်ရုံအမျိုးသမီးတွေ လိုက်လုပ်ဖို့ ခက်ခဲတဲ့ ဆံပင်ပုံစံဖြစ်ပြီး သူ့ရဲ့ အသံပါဝါကောင်းကောင်း သီချင်းတွေကို ဖော်ကြူးနေသလိုပါပဲ။ ကလေးငယ်တယောက်ရဲ့ ဆံပင်လိပ်သေးသေးလေးတွေ သူ့ရဲ့နဖူးပြင်ပေါ် ခပ်ခွေခွေ ကျနေတဲ့ ပုံစံဟာ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။

(၃) Lizzo

 

Lizzo ရဲ့ ဖက်ရှင်ကတော့ ဟောလိဝုဒ် တခွင်လုံးကို မင်သက်သွားစေခဲ့တဲ့ ရှေးဟောင်း ဂန္တဝင်ဝတ်စားပုံမျိုးနဲ့ လက်ဝတ်ရတနာ တချို့ကြောင့်ပဲ ဖြစ်ပါတယ်။ မျက်နှာမှာ ပန်းနုရောင်ဖျော့ဖျော့ နှုတ်ခမ်းနီသာ ဆိုးခြယ်ထားတဲ့အတွက်ကြောင့် သူ့ရဲ့ အလှဟာ Grammy ကောင်းကင်မှာ ကြယ်တွေလို လင်းလက်နေခဲ့တာပါ။

(၄) Billie Eilish

Billie Eilish ဟာ အစိမ်းရောင်ကိုမှ စွဲစွဲမက်မက် နှစ်သက်တတ်တဲ့ ဆယ်ကျော်သက်မလေးတယောက်လို့ သတိထားမိသူ နည်းပါးမှာ သေချာပါတယ်။ ဆံပင်အရင်းတွေကို အစိမ်းရောင်ဆိုးထားပြီး သူ့ရဲ့ လက်သည်းရှည်တွေဟာလည်း Gucci တံဆိပ်တွေ ပုံဖော်ထားပြီး အစိမ်းရောင်ကို ခြယ်သထားခဲ့တာ ဖြစ်ပါတယ်။

Ref. www.thecut.com

Loading