Entertainment

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မှာ ဇာတ်ကားသွားရိုက်ဖို့ မသေချာသေးတဲ့ သင်ဇာဝင့်ကျော်

Want create site? Find Free WordPress Themes and plugins.

ကျန်းမာရေး မကောင်းတဲ့အတွက် အလုပ်တွေ ခဏနားထားတဲ့ သင်ဇာဝင့်ကျော်က ဖေဖော်ဝါရီလအတွင်း အလုပ်တွေကို တစိုက်မတ်မတ် ပြန်လုပ်တော့မယ်လို့ ဆိုပါတယ်။

“ဒီရက်ပိုင်းမှာ သင်ဇာ ဆေးရုံတက်ခဲ့ရတယ်။ အရည်ကျိတ်တခု ခွဲတာပေါ့နော်။ အရမ်းကို အရေးကြီးလို့တော့ မဟုတ်ပါဘူး။ အလုပ်အားနေတဲ့အတွက်ကြောင့် အရည်အိတ်လေး ခွဲလိုက်တာပါ။ ကိုရိုနာဗိုင်းရပ်စ် ဖြစ်နေတယ်ဆိုပြီး ခေါင်းစဉ်ကြီးတွေ တပ်လိုက်တယ်ဆိုတော့ ရယ်ရတယ်။ အပျင်းပြေပါတယ်။ အွန်လိုင်းကနေရောင်းတဲ့ ဗိုင်းရပ်စ် ကာကွယ်တဲ့ Mask တော့ မှာထားတယ်”

“ပရိသတ်တွေလည်း ရေများသောက်ပါ။ ဘယ်သွားသွား Hand Gel လေး ဆောင်ထား၊ လက်ကို အမြဲဆေး၊ Mask တပ်ပါလို့တော့ သတိပေးချင်တယ်။ သင်ဇာ့ကို စိတ်ပူပေးလို့လည်း ကျေးဇူးတင်ပါတယ်။ ဆေးတွေ သောက်နေရတော့ လူက နုံးနေသေးတယ်။ ဖေဖော်ဝါရီလထဲမှာ ဇာတ်ကားရိုက်တွေရော၊ နယ်သီချင်းဆိုတာတွေ၊ ကြော်ငြာရိုက်တာတွေ တောက်လျှောက်လုပ်သွားဖို့ ရှိပါတယ်”လု့ိ သင်ဇာဝင့်ကျော်က ပြောပါတယ်။

တရုတ်ပြည်မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် သင်ဇာဝင့်ကျော်က တရုတ်ပြည်မှာ ဇာတ်ကားသွားရိုက်ဖို့ မသေချာသေးဘူးလို့ ဆိုပါတယ်။

“တရုတ်ပြည်မှာ ဇာတ်ကားသွားရိုက်ဖို့က မသေချာသေးဘူး။ အဆင်ပြေတယ်ဆိုရင်တော့ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ သွားရိုက်ဖြစ်မှာပါ။ ဟိုမှာ ဇာတ်ကားသွားရိုက်ရမှာ ဖြစ်တဲ့အတွက် စိတ်ပူမိတယ်။ ဇာတ်ကားသွားရိုက်တုန်းကတော့ အဆင်ပြေပြီး ပြန်တဲ့အချိန် မြန်မာပြည်ထဲကို ဝင်ခွင့်မရတော့ဘူးဆိုရင် အလကားနေ သောင်တင်နေမှာလေ။ ဒါကြောင့် မသွားခင်မှာ သေသေချာချာလေး စူးစမ်းလေ့လာပြီးမှ သွားကြမှာပါ”

“လာကမ်းလှမ်းကြတဲ့ ဇာတ်ကားတွေကလည်း တရုတ်-မြန်မာ ချစ်ကြည်ရေး ဇာတ်ကားတွေချည်းပဲ။ ရိုက်ရမယ့် ဇာတ်ကား ၂ ကားစလုံးပေါ့နော်။ ဒါပေမဲ့ အားလုံး သေချာသွားပြီ။ ဇာတ်ညွှန်းလည်း ကိုယ့်လက်ထဲ ရောက်ပြီဆိုရင်တော့ အသေးစိတ် ပြောပြပေးပါ့မယ်”လု့ိ သင်ဇာဝင့်ကျော်က ပြောပါတယ်။

မကြာခင် ရုံတင်ပြသမယ့် “မြမြ” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သင်ဇာဝင့်ကျော်က ဒီဇာတ်ကားနဲ့ ပတ်သက်ပြီးလည်း အခုလိုပဲ ပြောပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော် (ဓာတ်ပုံ – ချစ်ပိုး/ဧရာဝတီ)

“မြမြဇာတ်ကားက ၂၀၁၉ မှာရိုက်ပြီး ၂၀၂၀ မှ ာရုံတင်ခွင့်ရတဲ့အတွက် အရမ်းပျော်ပါတယ်။ တချို့ကားတွေဆို ၃၊ ၄ နှစ်မှ တင်တော့ သင်ဇာတို့အတွက် ကြိုးစားထားရတာ အလကားဖြစ်တယ်လို့ ပြောရမယ်။ အရမ်း လည်း ရင်ခုန်တယ်။ Rape လုပ်တဲ့ အခန်းမှာ မိတ်ကပ်ဆရာက သင်ဇာ့အစား ဝင်သရုပ်ဆောင်ပေးတယ်။ တကယ်တမ်းထွက်လာတော့ ဆင်ဆာမိပြီး မပါဘူး။ သရဲကား၊ မုဒိမ်းကားလို့ပြောနေတာ ဒီကားလေးကြည့်ပြီးရင် သဘောပေါက်သွားပါလိမ့်မယ်”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

သင်ဇာဝင့်ကျော် ပါဝင် သရုပ်ဆောင်ထားတဲ့ “မြမြ” ရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးပုံဖော်ထားပြီး သရုပ်ဆောင် မင်းတော်ဝင်၊ ဒီဒီးနဲ့ သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ “မြမြ” ဇာတ်ကားကို ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

You may also like these stories:

“မြ” ရုပ်ရှင်မှာ ဖြိုးမြတ်အောင်နဲ့ အတူတွဲ သရုပ်ဆောင်ရမယ့်အပေါ် သင်ဇာဝင့်ကျော် ဘာပြောလဲ

ထင်မထားတဲ့ ဇာတ်မျိုး ဖြစ်တာကြောင့် “မြမြ” ကာရိုက်တာကို လက်ခံခဲ့တဲ့ သင်ဇာဝင့်ကျော်

အဝတ်ဗလာနဲ့ ကြော်ငြာကြောင့် အမေ စိတ်ဆိုးနေတယ်လို့ သင်ဇာဝင့်ကျော် ပြော 

Did you find apk for android? You can find new Free Android Games and apps.
Loading