ခွဲစိတ်မှု အသေးစားပြုလုပ်ဖို့ ဆေးရုံတက်ခဲ့ရတဲ့ ပိုင်ဖြိုးသုရဲ့ ကျန်းမာရေးက သက်သာနေပြီး ၅ ရက်၊ ၆ ရက် လောက်နေရင် အလုပ်ပြန်လုပ်လို့ရပြီလို့ မိခင်ဖြစ်သူ ဒေါက်တာ နွယ်ဦးက ဆိုပါတယ်။
“သုသုလေးက သားအိမ်အပြင်မှာ အရည်အိတ်လေးတွေ ဖြစ်တာ။ ခွဲထုတ်လိုက်ရတာပေါ့။ မနှစ်ကဖြစ်တဲ့ နောက်တဖက်မှာ ဖြစ်တာ။ အဲ့ဆေးသောက်ရင် ဝတယ်။ ဝတော့ ခန္ဓာကိုယ် ဝိတ်တက်မှာစိုးလို့ မသောက်ဘဲ တနှစ်နေတော့ နောက်တဖက်က ကြီးလာတာ။ ရိုက်ကွင်းက ပြန်လာတော့ အရမ်းနာနေတာ အလုပ်လုပ်နေရင်းပေါက်သွားတာဆိုရင် စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ ခွဲလိုက်တာပါ”
“သူ့ကျန်းမာရေးက အခု သက်သာနေပြီ၊ ပထမတခါလည်း အတွေ့အကြုံရှိထားတော့ သိပ်အကြောက်ကြီး မဟုတ်ပါဘူး။ ၅ ရက်၊ ၆ ရက်လောက်နေရင် အလုပ်ပြန်လုပ်လို့ရတယ်။ ဒါပေမဲ့ သုသုက ဖေဖော်ဝါရီ မှာ ကားရိုက် လက်မခံထားဘူး။ ၃လပိုင်းမှာ ကိုဏကြီး ရိုက်မယ့် “ချစ်ခင်စမှော်ရုံ” ရိုက်ဖို့ရှိတော့ ကာရိုက်တာ မွေးချင်တာနဲ့ ၂ လပိုင်းကို နားထားတာ။ နားတုန်းခွဲလိုက်တာပေါ့”လို့ ပိုင်ဖြိုးသုရဲ့ မိခင် ဒေါက်တာ နွယ်ဦးက ပြောပါတယ်။
သမီးဖြစ်သူကို ချစ်ပေးတဲ့ ပရိသတ်တွေအပေါ် ကျေးဇူးတင်တယ်လို့ ဆိုပြီး သမီးနှစ်ယောက်လုံးကို အနားမှာထားပြီး အတူတူပဲ ဂရုစိုက်ချင်တယ်လို့ ဒေါက်တာ နွယ်ဦးက ဆိုပါတယ်။
“သုသုက စိတ်ပူလောက်တဲ့ ခွဲစိတ်မှုတော့ မဟုတ်ဘူး။ ဒါပေမဲ့ ပရိသတ်တွေက စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်။ သမီးလေး သရုပ်ဆောင်တာတွေကို အားပေးကြတာလည်း ဝမ်းသာပါတယ်။ သမီးလေးကို ချစ်ပေးလက်ခံပေးကြတာလည်း ဝမ်းသာပါတယ်။ သုသုရော၊ ဥဥရော အနားမှာထားပြီး အတူတူပဲ ဂရုစိုက်ချင်တာပေါ့။ သူတို့ကလည်း သူတို့ ဘဝအတွက် သူတို့ ရွေးချယ်တာ”
“သမီးငယ်ကလည်း ပြည်ပက ပညာတွေ ထပ်လိုချင်တာဆိုတော့လည်း သမီးငယ်လေးဆီလည်း တနှစ်ကို တကြိမ်၊ နှစ်ကြိမ်လောက်တော့ သွားအားပေးပါတယ်”လို့ ဒေါက်တာ နွယ်ဦးက ပြောပါတယ်။
ပိုင်ဖြိုးသုကတော့ အနုပညာပျိုးခင်းကနေ စင်တင်ပေးလိုက်တဲ့ မင်းသမီး တလက် ဖြစ်ပါတယ်။ သူက “ဘီလူးမ၊ သရဲမနဲ့ မိန်းမပျို” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကို ရရှိထားသူပါ။ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးနဲ့လည်း ပိုင်ဖြိုးသုက အနုပညာလုပ်ငန်းတွေ အတူတူ တွဲလုပ်နေပါတယ်။
You may also like these stories:
“ထိုင်းမှာ လူသိတယ်ဆိုတာ မြန်မာ ပရိသတ်တွေဆီက အခြေတည်တာပါ”လို့ ပိုင်တံခွန် ပြော
“မိုးအောင်ရင် ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ ရှိခဲ့တယ်”လို့ ခင်မြတ်နိုး ပြော
သားသမီးပုံတွေကို သတင်းမီဒီယာမှာ တင်ခွင့် မပေးတဲ့အကြောင်း ပြောပြတဲ့ ပြေတီဦး