၂၀၁၉ခုနှစ်မှာထွက်ရှိခဲ့တဲ့ Anna ရုပ်ရှင်ကိုတော့ ဒါရိုက်တာ Luc Besson ရိုက်ကူးထားတာဖြစ်ပြီး Action , Thriller အမျိုးအစားရုပ်ရှင်တကားဖြစ်ပြီး Rating ၆.၆ ရရှိထားတာလည်းဖြစ်ပါတယ်။
ဒါရိုက်တာ Luc Besson ဟာ သူ့ရဲ့ Valerian and the City of a Thousand Planets မှာ ထင်ထားသလောက် အောင်မြင်မှုမရခဲ့တာကြောင့် Anna မှာ အစွမ်းကုန်ဖန်တီးထားတာပါ။ အဓိကသရုပ်ဆောင်တွေအနေနဲ့ Sasha Luss , Helen Mirren , Luke Evans , Cillian Murphy တို့ပါဝင်ထားတာဖြစ်တဲ့အတွက်ကြောင့် ကြည့်ရှုရကျိုးနပ်မယ့် ရုပ်ရှင်တကားအဖြစ် ညွှန်းဆိုပေးလိုက်ပါရစေ။
ဇာတ်လမ်းအကျဉ်းကတော့ ငယ်ရွယ်လှပတဲ့ Anna ဟာ ဖက်ရှင်နယ်ပယ်မှာ ကျင်လည်ကျက်စားရင်း အသက်မွေးဝမ်းကျောင်းအတွက် ရုန်းကန်လှုပ်ရှားနေသူလေးတဦးပါ။ မော်စကိုမြို့ကြီးရဲ့ ဖက်ရှင်နယ်ပယ်ဟာ Anna အတွက်တော့ ကျယ်ပြောလှတဲ့ သီးသန့်ကမ္ဘာတခုဖြစ်ပြီး သူမကိုယ်တိုင်လည်း သာမန်မော်ဒယ်တဦးအဖြစ်သာ ရပ်တည်နေနိုင်သေးတာဖြစ်ပါတယ်။ ဒီလိုနဲ့ အပြောင်းအလဲအချိုးအကွေ့တခု Anna ရင်ဆိုင်လိုက်ရပြီး ပိုအဆင့်မြင့်တဲ့ နေရာတခုကို တက်လှမ်းဖို့ အကြောင်းဖန်လာတာပဲဖြစ်ပါတယ်။
သြဇာလည်းရှိ အန္တရာယ်လည်းရှိတဲ့ ပုဂ္ဂိုလ်တယောက်ပိုင်ဆိုင်တဲ့ ဟိုတယ်နဲ့ Anna တို့ကြား ရှုပ်ထွေးလှတဲ့ အခြေအနေတခု ရောက်ရှိလာပြီး Anna လို နေရာတနေရာအတွက် ရုန်းကန်နေရသူအမျိုးသမီးငယ်လေးတွေကို တစုတစည်းတည်း ရှိနေတာကို တွေ့လိုက်ရပါတော့တယ်။ ပထမဆုံးခိုင်းစေတဲ့ အလုပ်ကတော့ သတင်းတခုပါးပေးဖို့ဖြစ်ပြီး ကြောက်ရွံ့နေခဲ့တဲ့ အမျိုးသမီးငယ်လေး Anna ကို တွေ့မြင်ကြရမှာပါ။
မထိရက်မကိုင်ရက် အလှတရားကို ပိုင်ဆိုင်ထားတဲ့ Anna ရဲ့ အလှအပအောက်မှာ သိမ်းဖွက်ထားတဲ့ အရာဟာ ဘာပါလဲ။ အမျိုးသမီးငယ်တယောက်အပြင် သက်ရှိလက်နက်တခုကိုပါ တွေ့မြင်ကြရမှာဖြစ်တဲ့အတွက်ကြောင့် ရုပ်ရှင်ချစ်ပရိသတ် တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်တကားဖြစ်ပါတယ်။
You may also like these stories:
“Maidaan” ရုပ်ရှင်မှာ နာမည်ကျော် အိန္ဒိယဘောလုံးနည်းပြအဖြစ် မြင်တွေ့ရမယ့် Ajay Devgn
“Snake Eyes” ရုပ်ရှင်ရိုက်ကွင်းမှာ တင်ပါးနဲ့ ခြေထောက် ဒဏ်ရာရခဲ့တဲ့ မင်းသား Henry Golding
“The Witcher” ကာတွန်းရုပ်ရှင်ကို မကြာခင် ကြည့်ရှုရမည်