Entertainment

မော်ဒယ်နဲ့ သရုပ်ဆောင်အလုပ်ကို မျှအောင်လုပ်သွားမယ့် အလှမယ်ရွှေအိမ်စည်

Want create site? Find Free WordPress Themes and plugins.

မော်ဒယ်အပြင် ဇာတ်ကားတွေပါ လက်ခံရိုက်ကူးလာတဲ့ ရွှေအိမ်စည်က မော်ဒယ်အလုပ်နဲ့ သရုပ်ဆောင်အလုပ်ကို မျှအောင်လုပ်သွားမယ်လို့ ဆိုပါတယ်။

“အခုလက်တလောမှာ ရှိုးတွေလျှောက်ဖို့ရှိတယ်။ ရုပ်ရှင်ကားတွေလည်း လာဖို့ရှိတယ်။ အရင်နှစ်နဲ့ မတူတဲ့ ကာရိုက်တာ တွေတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ မော်ဒယ်အလုပ်ကတော့ ပုံမှန်တိုင်းပဲ ဆက်လုပ်သွားဖို့ရှိပါတယ်။ ရုပ်ရှင်ဘက်ကို ကူးလိုက်တယ်လို့တော့ မဟုတ်ပါဘူး။ မော်ဒယ်အလုပ်နဲ့ သရုပ်ဆောင်အလုပ်ကို မျှပြီးတော့လုပ်တာပေါ့။ အလုပ် လုပ်နေရရင်ပျော်နေတဲ့ မိန်းမဆိုတော့ ပျော်ပါတယ်” လို့ ရွှေအိမ်စည်က ဆိုပါတယ်။

အချစ်ရေးနဲ့ ပတ်သက်လို့လည်း ရွှေအိမ်စည်က သူရဲ့ ခံယူချက်ကို အခုလိုဆိုပါတယ်။

“ အချစ်ရေးကို Official ချပြရမှာ ရှက်တော့လည်း ရှက်ပါတယ်။ အဲ့လူကကိုယ့်အပေါ်ကောင်းရင် တော်သေးတယ်။ ကိုယ့် အပေါ်ကျမကောင်းဘဲ ကျမကတော့ မွှန်ပြီး Official ကြီး ချပြကာမှ ကိုယ့်နောက်ကွယ်မှာဖောက်ပြန်ရင် ကိုယ့်အရှက်ကွဲ ရမှာလေ။ ဒီခေတ်မှာ သစ္စာရှိတဲ့ သူကလည်း အရမ်းရှားပါတယ်။ ချစ်သူကို Official ချပြဖို့ကတော့ အစီအစဉ် မရှိသေးပါဘူး”လို့ ရွှေအိမ်စည်ကပြောပါတယ်။

ယောက်ျားတယောက်ကို ယုံကြည်ဖို့ဆိုတာ အိမ်စည့်အတွက် အရမ်းခက်ခဲတယ်လို့ဆိုတဲ့ ရွှေအိမ်စည်က အပြောင်းအလဲ မြန်နေတဲ့ ခေတ်ကြီးမှာ ကိုယ့်အလုပ်က သစ္စာ အရှိဆုံးထင်တယ်လို့ဆိုပါတယ်။

“ယောက်ျားတယောက်ကို ယုံကြည်ဖို့ဆိုတာ အိမ်စည်အတွက် အရမ်းခက်ခဲတာပေါ့။ ယောက်ျားတယောက်ယုံကြည်ဖို့ မပြောနဲ့ ကိုယ့်ကိုယ်ကို တောင်တနေ့နဲ့ တနေ့ ဘာလုပ်နေမှန်းမသိဘူး။ ကိုယ့်စိတ်တောင် အခုတနာရီနဲ့ နောက်တနာရီ တူချင်မှတူတာလေ။ အဲ့တော့ ယောက်ျားတယောက်ရဲ့စိတ်ဘယ်လို သွားခန့်မှန်းမလဲ”

“ အခုချစ်ပြီး နောက် မချစ်တော့ဘူးဆိုရင် ကိုယ်ကအချိန်တွေ အများကြီးပေးဆပ်ပြီးပြီလေ။ အခုလို အပြောင်းအလဲ မြန်နေတဲ့ ခေတ်ကြီးမှာ ကိုယ့်စိတ်တောင် ကိုယ်ခန့်မှန်းလို့မရတဲ့ ခေတ်ကြီးမှာ ကိုယ့်အလုပ်က သစ္စာ အရှိဆုံးလို့ ထင်တယ်။ မချစ်ရဘူးမဟုတ်ဘူး။ ချစ်တော့ချစ်၊ မချစ်နဲ့မဟုတ်ဘူး။ အချစ်မှာ မနစ်မွှန်းချင်ဘူး”

“ဒါက ဘဝပျက်မယ့် အလုပ်လေ။ နာမည်ပျက်မှာလား ၊ အရှက်ကွဲမှာလား၊ ဘဲတွေ များလို့ ပြောခံရမှာလား အဲ့ဒါတွေ မကြောက်ဘူး။ အိမ်စည် အကြောက်ဆုံးကလေ လူမှားအိမ်ထောင်ကျပြီး သူ့ကလေးကို ပိုက်ပြီး နေနေရမယ့် ဘဝကို မလိုလားဘူး။ အိမ်စည့်ကို တယောက်တည်းချစ်မယ့်သူ၊ အိမ်စည့် တယောက်တည်းနဲ့ တင်းတိမ်နိုင်တယ်ဆိုတဲ့ လူကို အိမ်စည်လက်ထပ်မယ် ”လို့ ရွှေအိမ်စည်ကပြောပါတယ်။

ရွှေအိမ်စည်ဟာ Miss Supranational 2018 ပြိုင်ပွဲကြီးမှာလည်း မြန်မာနိုင်ငံက ပရိသတ်တွေရဲ့အားပေးမှု သူမရဲ့ ကြိုးစားမှုတွေကြောင့် အခြားသော အလှမယ်တွေကြားထဲမှာ မျက်နှာပွင့်လန်းခဲ့ပါတယ်။ သူမက အခုလက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။

You may aslo like these stories:

အမြဲတမ်းလှနေအောင်နေရတာ ပင်ပန်းတယ်လို့ ရွှေအိမ်စည် ပြော

ဝိုင်သောက်ထားတဲ့အချိန်မှာ Caption ကောင်းကောင်းတွေ ရေးတင်တဲ့ ရွှေအိမ်စည်

Did you find apk for android? You can find new Free Android Games and apps.
Loading