Entertainment

Johnny Depp ကို ဒယ်အိုး၊ ဒယ်ပြားတွေနဲ့ ရိုက်နှက်ခဲ့တယ်လို့ မင်းသမီး Amber Heard ဝန်ခံ

မင်းသမီး Amber Heard ဟာ ခင်ပွန်းဟောင်း Johnny Depp ကို အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့တဲ့ အကြောင်း ဝန်ခံပြောဆိုထားတဲ့ ဗီဒီယိုတခု မကြာသေးမီက ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီ ဗီဒီယိုကနေ အစပြုလို့ Twitter ပေါ်မှာ မင်းသား Depp ရဲ့ ပရိသတ်တွေက ဒေါသထွက်ခဲ့ကြပြီး တွစ်တာမှာ မင်းသားအတွက် တရားမျှတမှု ရှိစေရေး တောင်းဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

မင်းသမီး Heard က “ရှင့်ရဲ့ မျက်နှာကို သက်သက်ညှာညှာ မရိုက်ခဲ့မိတာ ကျမ တောင်းပန်ပါတယ်။ ဒါပေမဲ့လည်း ကျမ ရိုက်ခဲ့မိတယ်။ အဲ့ဒါက ရှင့်ကို ထိုးခဲ့တာမဟုတ်ဘူး။ ဘေဘီ ရှင်အထိုးခံခဲ့ရတာ မဟုတ်ဘူး။ ကျမရဲ့ လက်ရဲ့လှုပ်ရှားမှုက ဘာဖြစ်သွားမှန်း ကျမ မသိဘူး။ ဒါပေမဲ့ ရှင် အဆင်ပြေပါတယ်။ ရှင့်ကို ကျမ မထိခိုက်စေခဲ့ပါဘူး။ ရှင့်ကို ကျမ ထိုးခဲ့တာ မဟုတ်ပါဘူး။ ကျမ ရှင့်ကို ရိုက်ခဲ့မိတာပါ”လို့ ဗီဒီယိုထဲမှာ ပြောဆိုခဲ့ပါတယ်။

အဆင့်မြင့်နေရာဌာန တခုကနေ DailyMail.com က ရရှိထားတဲ့ မင်းသမီးရဲ့ ဆဲလ်ဖုန်း အသံသွင်းမှုမှာ အခုလိုမျိုး ၂ နာရီကြာ ကုထုံးကုသမှု လုပ်ငန်းစဉ်ကို မှတ်တမ်းတင်ထားတာလည်း ဖြစ်ပါတယ်။ မင်းသား Depp ရဲ့ အသံလည်း အဲ့ဒီအသံဖိုင်ထဲမှာ ပါဝင်နေပါတယ်။

မင်းသားက “မနေ့ညက ကျနော် ထွက်သွားခဲ့တယ်။ ရိုးရိုးသားသား ပြောရရင် တယောက်နဲ့ တယောက် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအရနဲ့ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု လုပ်ဖို့ အကြံအစည် မရှိခဲ့ဘူးလို့ ငါ ကျိန်ရဲပါတယ်။ ဒါပေမဲ့ ဆက်ပြီးတော့ ဆိုးရွားလာခဲ့တယ်။ ငါတခေါက် မင်းကို ပြောပြီးပြီလေ။ အခုက ရာဇဝတ်မှု ပုံစံဖြစ်နေလို့ သေမတတ် ကြောက်နေရတယ်” လို့ ပြောဆိုထားပါတယ်။

အဲ့ဒီ ဗီဒီယိုထဲမှာ မင်းသမီးက “ကျမက ဒယ်အိုးတွေ၊ ဒယ်ပြားတွေကို ပစ်ပေါက်တာ ရှင်က လာပြီး ကျမ တံခါးကို မခေါက်စေချင်လို့ပါ” လို့ ပြောဆိုပါတယ်။ မင်းသမီး Amber တို့ဟာ အိမ်တွင်းအကြမ်းဖက် ခံခဲ့ရတဲ့ သူ့အတွေ့အကြုံကို ဝါရှင်တန်ပို့စ် သတင်းစာထဲမှာ ဖွင့်ချခဲ့ပြီးတဲ့နောက် ၂၀၁၆ ခုနှစ်၊ မေလမှာ သူတို့ လင်မယားနှစ်ယောက် လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာ “Pirates of the Caribbean” စတား မင်းသား Depp ဟာ ဒေါ်လာ သန်း ၅၀ တန် အသရေပျက်စေမှုနဲ့ ဇနီးဟောင်းကို တရားစွဲဆိုခဲ့ပါတယ်။

Ref: hindustantimes

You may also like these stories:

“Pirates of The Caribbean” ရုပ်ရှင်သစ်မှာ Emma Watson ပါဝင်ဖို့ ရှိနေ

လက်ရှိ ချစ်သူ မိန်းကလေးနဲ့ လမ်းခွဲလိုက်တဲ့ မင်းသား Johnny Depp

“Fantastic Beasts 3” မှာ ပြန်လည် ပါဝင်ဖို့ အတည်ပြုလိုက်တဲ့ မင်းသား Johnny Depp

Loading