Baywatch ရုပ်ရှင်စီးရီးထဲက အသက်ကယ်ဝန်ထမ်းအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီး Pamela Anderson ဟာ Malibu မြို့မှာ အကျဉ်းချုံး လက်ထပ်ပွဲနဲ့ ၅ ကြိမ်မြောက် အိမ်ထောင်အဖြစ် မင်္ဂလာဆောင်ခဲ့တဲ့ ခင်ပွန်း ဟောလိဝုဒ် ထုတ်လုပ်သူ Jon Peters နဲ့ ၁၂ ရက်အကြာမှာပဲ လမ်းခွဲလိုက်ပြီလို့ သိရပါတယ်။
အဲ့ဒီသတင်းတွေကို အတည်ပြုတဲ့အနေနဲ့ မင်းသမီး Pamela က “Jon နဲ့ ကျမရဲ့ အသိုင်းအဝန်းကို နွေးနွေးထွေးထွေး လက်ခံလို့ စိတ်လှုပ်ရှားခဲ့ရပါတယ်။ ကျမတို့ရဲ့ တဦးချင်းစီရဲ့ ဘဝကို ပြန်လည်တွက်ချက်ဖု့ိ အချိန်တချို့ ခွဲနေမှာဖြစ်တာကြောင့် ရှင်တို့ရဲ့ ထောက်ပံ့အားပေးမှုအတွက်လည်း ကျေးဇူးတင်ပါတယ်”
“ဘဝဆိုတာ ခရီးလမ်း တခုပါ။ အချစ်ဆိုတာ လုပ်ငန်းစဉ်တခုပါ။ တကယ့်ကမ္ဘာလုံးဆိုင်ရာ အမှန်တရားက စိတ်ထဲမှာ ရှိတာနဲ့အတူ ကျမတို့ရဲ့ လက်ထပ်မှတ်ပုံတင် အတည်ပြုမှုကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျမတို့ရဲ့ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို လေးစားပေးလို့ ကျေးဇူးတင်ပါတယ်” လို့ ဆိုပါတယ်။
အသက် ၇၄ နှစ်အရွယ် Jon နဲ့ အသက် ၅၂ နှစ်အရွယ် Pamela တို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သီးသန့် လက်ထပ်ပွဲတပွဲ ပြုလုပ်ခဲ့တာဖြစ်ပြီး တရားဝင် လက်ထပ်မှတ်ပုံတင် ရရှိဖို့ လုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်ခြင်း မရှိသေးပါဘူး။ သူတို့နှစ်ဦးကြားမှာ မတူကွဲပြားမှုတွေ စိတ်ထဲမှာ ရှိနေကြသေးတဲ့အတွက် လက်ရှိမှာ ရပ်ဆိုင်းထားကြဖို့ ဆုံးဖြတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
မင်းသမီး Pamela ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကပဲ သူ့ရဲ့ မွေးရပ်မြေ ကနေဒါနိုင်ငံကို ပြန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညပိုင်းမှာတော့ Pamela ဟာ Instagram မှာ သူတို့လင်မယား နှစ်ဦး လမ်းခွဲလိုက်တဲ့အကြောင်း ပို့စ်ကို တင်ခဲ့ပါတယ်။ အဲ့ဒီပု့ိစ်မှာ မင်းသမီးက “အချစ်ဆိုတာ အန္တရာယ်ရှိတယ်။ ရူးသွပ်မှုဆိုတာတူညီတဲ့အရာကို အမြဲတမ်း ဖြစ်စေပြီး တခြားရလဒ်ကို စောင့်ဆိုင်းရတာမျိုးပါ” လို့ ရေးသားခဲ့ပါတယ်။
လက်ထပ်ပွဲကိုတော့ မင်းသမီးရဲ့ သားတွေဖြစ်ကြတဲ့ Brandon Thomas နဲ့ Dylan Jagger Lee၊ Jon ရဲ့ ဇနီးဟောင်း Christine Forsyth-Peters၊ သမီးတွေဖြစ်ကြတဲ့ Caleigh နဲ့ Skye တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
Pamela နဲ့ Jon တို့ဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ပထမဆုံး ဆုံတွေ့ခဲ့ကြပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကြာ ချစ်သက်တမ်းတခုကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ခဲ့ကြပါတယ်။ သူတို့ဟာ မကြာသေးခင်ကမှ အချစ်ဇာတ်လမ်းကို တဖန်ပြန်ဆက်ခဲ့ပြီး လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ သူတို့နှစ်ဦးလုံးအတွက် ပဉ္စမမြောက် အိမ်ထောင်လည်း ဖြစ်ပါတယ်။
Ref: hindustantimes
You may also like these stories:
၅ ကြိမ်မြောက် အိမ်ထောင်ပြုလိုက်တဲ့ မင်းသမီး Pamela Anderson
Johnny Depp ကို ဒယ်အိုး၊ ဒယ်ပြားတွေနဲ့ ရိုက်နှက်ခဲ့တယ်လို့ မင်းသမီး Amber Heard ဝန်ခံ
Super Bowl ပွဲမှာ Kobe Bryant ကို ဂုဏ်ပြုမယ့် ဂျန်နီဖာလိုပက်ဇ်နဲ့ ရှာကီရာ