မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ကျင်းပတဲ့ Dancing with The Stars Myanmar အစီအစဉ်ရဲ့ Final ပွဲကြီးကို ဖေဖော်ဝါရီလ ၂ ရက်နေ့က MRTV-4၊ ရေကူးစတူဒီယိုမှာ ပြုလုပ် ကျင်းပခဲ့ရာ အဆိုတော် နန့်ချစ်နဒီဇော်နဲ့ တေးမင်တို့စုံတွဲမှ Winner ဆုကို ရရှိခဲ့ပါတယ်။
“ပထမဦးစွာ ဘုရားကျေးဇူးတော်ကို အထူး ချီးမွမ်းပါတယ်။ နန့်ချစ်တော်လို့၊ တတ်လို့ဆိုတာထက် ဘုရားကောင်းချီးပေးလို့သာ ဒီဆုကို ပိုင်ဆိုင်ရတာပါ။ World Wide အစီအစဉ်ကြီးတခုဖြစ်တဲ့အတွက် အခုလို ပါဝင်ခွင့်ရတာနဲ့တင်ကို အရမ်းပျော်နေရတာပါ။ ပါဝင်ခွင့်ပေးတဲ့ Forever Group (Talent Center) ကို ကျေးဇူး အထူးတင်ပါတယ်။ ပထမဆုံး နန့်ချစ်ရဲ့ Dance Partner ဖြစ်တဲ့ ကိုတေးမင်နဲ့တွဲဖက်လုပ်ခွင့်ရလို့ အရမ်းဂုဏ်ယူမိပါတယ်”
“တဖက်သတ် မဆန်ဘဲ သူ့ဘက်ကိုယ့်ဘက် ကြည့်ပြီး ညှိနှိုင်း တိုင်ပင်ပေးတယ်။ အပတ်တိုင်း စိတ်ဓာတ်ကျတာတွေ ရှိပေမယ့်လည်း တယောက်နဲ့ တယောက် အားပေးရင်း ကိုယ်လုပ်မယ့် အရာကိုပဲ အာရုံစိုက်ကြိုးစားခဲ့ပါတယ်။ ဒီလောက်တောင် မမျှော်လင့်ထားပါဘူး။ အခုထိလည်း အိပ်မက်လိုလိုပဲ ဖြစ်နေတုန်းပါ” လို့ နန့်ချစ်နဒီဇော်က သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
အဆိုပါ ဖိုင်နယ်ပွဲစဉ်မှာတော့ Paul Austin နဲ့ May Thell ၊ ဟန်တီနဲ့ ဇူကို၊ နန့်ချစ်နဒီဇော်နဲ့ တေးမင်တို့က တဖွဲ့ကို သီချင်း ၃ ပုဒ်စီဖြင့် ကပြ ယှဉ်ပြိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။
ပြိုင်ပွဲမှာတော့ ဒိုင်လူကြီးများရဲ့ အမှတ် ၅၀ ရာခိုင်နှုန်းနဲ့ ပရိသတ်များ မဲပေးတဲ့အရေအတွက် ၅၀ ရာခိုင်နှုန်းဖြင့် ရွေးချယ်ဆုံးဖြတ်တာဖြစ်ပြီး မနေ့ညက ဖိုင်နယ်ပွဲစဉ်မှာတော့ နန့်ချစ်နဒီဇော်တို့ အတွဲနဲ့ Paul Austin တို့အတွဲဟာ အမှတ် တူညီနေတာကြောင့် နောက်ဆုံးမှာတော့ ဒိုင် ၃ ယောက်မှာ ၂ ယောက်က ရွေးချယ်ခဲ့လို့ Winner ဖြစ်ခဲ့တာပါ။
“ပရိသတ်တွေ မိတ်ဆွေများ တယောက်စီတိုင်းနဲ့ ဆုတောင်းပြီးခွန်အားပေးကြတဲ့ တယောက်စီတိုင်းကို ကျေးဇူးအများကြီး တင်ပါတယ်။ သူတို့တွေကြောင့် နန့်ချစ်ကြိုးစားခဲ့တာပါ။ ဒီဆုကြီးကို ရရှိခဲ့တာပါ။ အကနဲ့ ပတ်သက်ပြီး ဘာမှမသိတဲ့ သူတယောက်မို့ စိတ်ဓာတ်ကျပြီး အနာတရတွေလည်း များတဲ့အတွက် မပြိုင်ချင်လောက်အောင် Pressure တွေလည်း များခဲ့ပေမယ့် နောက်ဆုံးတော့ ကြိုးစားရကျိုးနပ်ခဲ့ပါပြီ။ အရမ်းပျော်ပါတယ်။ ဒီထက်ပိုပြီးလည်း အကနဲ့ ပတ်သက်ပြီး လေ့လာပါဦးမယ်”လို့ နန့်ချစ်နဒီဇော်က ပြောပါတယ်။
Dancing with the Stars Myanamr ပြိုင်ပွဲကြီးမှာတော့ နန့်ချစ်နဒီဇော်နဲ့ တေးမင်က Winner ဆုရရှိပြီး Paul Austin နဲ့ May Thell တို့က 1st Runner up ၊ ဟန်တီ နဲ့ ဇူကို တို့က 2nd Runner up တို့ကိုရရှိခဲ့ပါတယ်။
Winner ဆုရရှိခဲ့တဲ့ နန့်ချစ်နဒီဇော်ကတော့ ယခင်က အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့ဖူးပြီး လက်ရှိ MRTV-4 မှာပြသလျက်ရှိတဲ့ “စာမျက်နှာသစ်” ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။
You may also like these stories:
“Crown အရောင်းအဝယ် လုပ်တာတွေကို အားမပေးဘူး”လို့ ပြောတဲ့ အလှမယ် ဇွန်သံစဉ်
“မြမြ ရုပ်ရှင်က ထင်ထားသလို မုဒိမ်းကား မဟုတ်ပါဘူး”လို့ ဒီးဒီး ပြော
ဇဏ်ခီအပါအဝင် City FM ဂီတဆု ရရှိခဲ့ကြသူများရဲ့စကားသံများ