နောက်လာမယ့်နှစ်တွေထဲမှာ Suicide Squad နောက်ဆက်တွဲရုပ်ရှင် ရိုက်ကူးဖို့ရှိနေတဲ့ ဒါရိုက်တာ James Gunn ဟာ လတ်တလောမှာတော့ လူမှုကွန်ရက် စာမျက်နှာတခုဖြစ်တဲ့ Instagram မှာ မေးခွန်းပေါင်းများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီမေးခွန်းတွေကတော့ သူတာဝန်ယူ ကိုင်တွယ်ထားတဲ့ “Guardians of the Galaxy Vol.3” ကို ဘယ်အချိန်မှာ စတင်ရိုက်ကူးမလဲဆိုတာပဲ ဖြစ်ပါတယ်။
Marvel Studio နဲ့ ပတ်သက်တဲ့ ရုပ်ရှင်ရေးရာကိစ္စတွေမှာ James Gunn ရဲ့ အဖြေတိုင်းလိုလိုဟာ ရှင်းလင်းပြတ်သားပြီး ပရိသတ်တွေကိုလည်း အလေးထားတဲ့ ဒါရိုက်တာတဦးပဲ ဖြစ်ပါတယ်။ အရင်ကလည်း “Avengers: Endgame” ထွက်ရှိမလာခင်ကတည်းက Vol.3 ကို ဘယ်အချိန် ရိုက်ကူးမှာလဲလို့ သူ့ကို မေးတဲ့အခါ သူက Endgame ပြီးမှလို့ ခပ်မြန်မြန် တုန့်ပြန်ခဲ့ဖူးပါတယ်။
James Gunn အနေနဲ့ Vol.2 ကို ရိုက်ကူးဖို့ ၂၀၁၄ ခုနှစ်မှာ စတင်ပြင်ဆင်ခဲ့ပြီး “Avengers: Infinity War” ကို ရိုက်ကူးဖို့ ၂၀၁၇ ခုနှစ်မှာ ပြင်ဆင်ခဲ့ဖူးပါတယ်။
James Gunn ဟာ သူကိုင်တွယ်ခဲ့တဲ့ ရုပ်ရှင်တိုင်းလိုလို အနုပညာအရရော ငွေကြေးအရပါ အောင်မြင်မှုတခုစီ စိုက်ထူနိုင်ခဲ့ပြီး Marvel ဘက်ကလည်း ရေရှည်လက်တွဲသွားဖို့ ရည်ရွယ်ထားတဲ့ ဒါရိုက်တာတဦးပါ။ သူဖန်တီးခဲ့တဲ့ ရုပ်ရှင်တွေဟာလည်း တင်ဆက်ပုံ မတူညီတာကြောင့် ပရိသတ်တွေအတွက် စိတ်ခံစားမှုအသစ်နဲ့ အတွေ့အကြုံအသစ်တွေ ဖြစ်ခဲ့တယ်ဆိုရင်လည်း မှားနိုင်မယ် မထင်ပါဘူး။
သူဆက်လက် ကိုင်တွယ်ဖို့ ရှိနေတာကတော့ DC ရဲ့ “Suicide Squad” ရုပ်ရှင်နဲ့ Marvel ရဲ့ “Guardians of the Galaxy Vol.3” ပဲဖြစ်ပြီး Suicide Squad ရုပ်ရှင်ကိုတော့ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၆ ရက်မှာ ရုံတင်ပြသဖို့ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါကြောင့် James Gunn အနေနဲ့ Vol.3 အတွက် အသေးစိတ် ပြင်ဆင်ချိန်ရှိသေးကြောင်း အေးအေးဆေးဆေး တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
Johnny Depp ကို ဒယ်အိုး၊ ဒယ်ပြားတွေနဲ့ ရိုက်နှက်ခဲ့တယ်လို့ မင်းသမီး Amber Heard ဝန်ခံ
ဗြိတိသျှအကယ်ဒမီ ဆုပေးပွဲမှာ ဆု ၂ ဆု ရခဲ့တဲ့ “Parasite” ရုပ်ရှင်
လက်နက်တခုဖြစ်သွားခဲ့သူ အမျိုးသမီးငယ်အကြောင်း (သို့မဟုတ်) Anna ရုပ်ရှင်