Entertainment

Billboard ဇယားမှာ ဂျက်စတင်ဘီဘာ တင်ထားတဲ့ စံချိန်ကို ချိုးဖျက်လိုက်တဲ့ BTS အဖွဲ့

Want create site? Find Free WordPress Themes and plugins.

K-pop အဖွဲ့ဖြစ်တဲ့ BTS ဟာ Billboard ရဲ့ Social 50 ဇယားထိပ်ဆုံးကို အချိန်အကြာဆုံး ရယူထားနိုင်ခဲ့ တဲ့ ဂျက်စတင်ဘီဘာကို အခု တပတ်အတွင်းမှာပဲ ကျော်တက်နိုင်ခဲ့တယ်လို့ အမေရိကန် ပေ့ါပ်မဂ္ဂဇင်းကြီးက ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

Billboard ရဲ့ ဝက်ဘ်ဆိုက်မှာ “ဖေဖော်ဝါရီလ ၈ ရက်နေ့မှာပဲ BTS အဖွဲ့အနေနဲ့ Billboard ရဲ့ Social 50 ဇယားမှာ ၁၆၃ ပတ်မြောက် ရပ်တည်နိုင်ခဲ့လို့ ကာလကြာရှည် တင်ထားခဲ့တဲ့ စံချိန်တခု ကျိုးပျက်သွားပါပြီ” လို့ ဖော်ပြထားပါတယ်။

Billboard ရဲ့အဆိုအရ Social 50 ဇယားအတွက် ဂီတ အချက်အလက် လေ့လာဆန်းစစ်ရေး ကုမ္ပဏီ Next Big Sound ကနေ ကောက်ခံထားတဲ့ အချက်အလက်အပေါ်မှာ အခြေခံထားတာ ဖြစ်ပြီး Facebook, Twitter, Instagram, YouTube နဲ့ Wikipedia တု့ိပေါ်မှာရှိတဲ့ နာမည်အကြီးဆုံး အနုပညာရှင်တွေကို အဆင့်သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အဲ့ဒီဇယားရဲ့ နည်းပညာဟာ အနုပညာရှင်တွေရဲ့ စာမျက်နှာတွေအပေါ် ပရိသတ် လူကြည့်နှုန်း၊ ပျံ့နှံ့မှုတွေနဲ့အတူ သူငယ်ချင်းတွေ၊ ပရိသတ်တွေနဲ့ follower တွေရဲ့ အပတ်စဉ် ထပ်ပေါင်း တွက်ချက်မှုတွေလည်း ပါဝင်ပါတယ်။

BTS အဖွဲ့ဟာ အဲ့ဒီဇယားထဲကို ပထမဆုံး ခြေချခဲ့တာကတော့ ၂၀၁၆ ခုနှစ် အောက်တိုဘာလထဲမှာ ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လကနေ စလို့ အဲ့ဒီဇယားရဲ့ ထိပ်ဆုံးမှာ စတင် နေရာယူခဲ့တာလည်း ဖြစ်ပါတယ်။ ၉ နှစ်သက်တမ်းရှိပြီ ဖြစ်တဲ့ အဲ့ဒီဇယားရဲ့ထိပ်ဆုံးကို သီတင်းပတ် ၁၀၀ နဲ့ ၁၅၀ ဆက်တိုက် ရယူထားနိုင်ခဲ့တဲ့ ပထမဆုံး အနုပညာရှင်အဖြစ်လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။

Billboard က “ဖေဖော်ဝါရီ ၈ ရက်နေ့ သတ်မှတ်ချက်အရ BTS အဖွဲ့ဟာ နံပါတ် ၁ စံချိန်ကို ရယူမှုနဲ့ ပတ်သက်လို့ အနားမယူသေးပါဘူး။ အဲ့ဒီ K-pop အဖွဲ့ဟာ Facebook စာမျက်နှာရဲ့ Like ၊ Twitter ပေါ်က Mention ဖော်ပြခံရမှုမှာ ၂၉ ရာခိုင်နှုန်း တိုးလာခဲ့တာ အပါအဝင် ဇယား တိုင်းတာရေးစနစ် အားလုံးနီးပါးမှာ ထိပ်ဆုံးကနေ ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်” လို့ Next Big Sound ကို ကိုးကားပြီး ပြောဆိုခဲ့ပါတယ်။

BTS အဖွဲ့ဟာ လာမယ့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ “Map of the Soul: 7” အမည်ရှိတဲ့ အယ်လ်ဘမ်ကို ဖြန့်ချိမှာဖြစ်ပါတယ်။ အဲ့ဒီ အယ်လ်ဘမ် မထွက်ခင် သူတို့အဖွဲ့ဟာ “Black Swan” လို့ အမည်ရတဲ့ Single သီချင်းကိုလည်း ဖြန့်ချိခဲ့ပြီး ဖြစ်ပါတယ်။

Ref: Yonhap

You may also like these stories:

“Guardians of the Galaxy Vol. 3” ကို စတင်ရိုက်ကူးမယ့်အချိန် ဒါရိုက်တာ အတည်ပြု

၅ ကြိမ်မြောက် အိမ်ထောင်ဖြစ်တဲ့ ခင်ပွန်းနဲ့ ၁၂ ရက်အကြာမှာ ကွာရှင်းလိုက်တဲ့ Pamela Anderson

Johnny Depp ကို ဒယ်အိုး၊ ဒယ်ပြားတွေနဲ့ ရိုက်နှက်ခဲ့တယ်လို့ မင်းသမီး Amber Heard ဝန်ခံ

Did you find apk for android? You can find new Free Android Games and apps.
Loading