တိုင်ပတ်အကကနေ ကလေးငယ်လေးတွေရဲ့ သံပြိုင်သီဆိုမှုအထိ ပါဝင်ခဲ့တဲ့ 2020 Super Bowl ဖျော်ဖြေတင်ဆက်မှုကြောင့် ပေါ့ပ်နာမည်ကျော်တွေ ဖြစ်ကြတဲ့ ဂျန်နီဖာလိုပက်ဇ်နဲ့ ရှာကီရာတို့ဟာ လူမှုကွန်ရက် မီဒီယာပေါ်မှာ တော်တော်လေးကို လူပြောများခဲ့တာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တုန်းက မီယာမီမြို့မှာ ပြုလုပ်ခဲ့တဲ့ လက်တင်အမျိုးသမီးနှစ်ဦးရဲ့ ပထမဆုံး ဖျော်ဖြေပွဲဟာဆိုရင် အမေရိကန်အမျိုးသား ဘောလုံးလိဂ် (NFL) အတွက် အရေးကြီးတဲ့ အလှည့်အပြောင်း တခုဖြစ်လာခဲ့ပါတယ်။
San Francisco 49ers အသင်းဝင် Colin Kaepernick ရဲ့ ၂၀၁၆ ခုနှစ်တုန်းက ဒူးထောက်လှုပ်ရှားမှုကို ကြုံတွေ့ခဲ့ရ ပြီးတဲ့နောက် NFL အဖွဲ့ဟာ ဝေဖန်မှုတော်တော်များများနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ Kaepernick နဲ့အတူ ရပ်တည်ပြီး NFL ကို သပိတ်မှောက်ကြဖို့ Rihanna နဲ့ Cardi B တို့လို တကယ့် နာမည်ကျော် တော်တော်များများက အသံတိတ် ဆန္ဒပြမှုတွေကို လုပ်ဆောင်ခဲ့ကြတာကြောင့် အဖွဲ့ချုပ်ဟာ သူတို့ရဲ့ ပွဲစဉ်တွေအပေါ် လူကြည့်နှုန်းနဲ့ လူထုစိတ်ဝင်စားမှု အပေါ် ရိုက်ခတ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
2019 Super Bowl ပွဲကတော့ လူကြည့်နှုန်း ၉၈ ဒဿမ ၂ သန်းသာ ရှိခဲ့တာကြောင့် ဆယ်စုနှစ် တခုအတွင်း မှာ လူကြည့်နှုန်း အနိမ့်ဆုံးအဖြစ်ကို ရောက်ခဲ့ပါတယ်။ ဝေဖန်သူတွေကတော့ Maroon 5 တီးဝိုင်းအဖွဲ့ရဲ့ တင်ဆက်မှုတွေမှာ လူဖြူအမျိုးသားတွေချည်းသာ ပါဝင်ခဲ့တာကို တိုက်ခိုက် ပြောဆိုခဲ့ကြပါတယ်။ Change.org ဝက်ဘ်ဆိုက်ကနေတောင် အဲ့ဒီတီးဝိုင်း သီဆိုဖျော်ဖြေမှုကို ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒါပေမဲ့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ပွဲကတော့ NFL ရဲ့ အခြေအနေဆိုးရွားနေတဲ့ ပုံရိပ်ကို ပြင်ဆင်တဲ့ နေရာမှာ ပထမဆုံး ကြီးမားတဲ့ ခြေလှမ်းတခုဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် Super Bowl XIV ပွဲဟာ Rap အဆိုတော်၊ ဘီလီယံနာ Jay-Z နဲ့အတူ ပူးတွဲထုတ်လုပ်ထားတဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ စတင်ခဲ့တဲ့ ပူးတွဲဆောင်ရွက်မှုဟာ NFL ရဲ့ နာမည်ဂုဏ်သတင်း မြှင့်တင်ဖို့နဲ့ လူမှုရေးဆိုင်ရာ တရားမျှတမှုတွေအတွက် ကနဦးဖော်ဆောင်မှုတွေကို လုပ်ဆောင်ဖို့ ဖြစ်လာခဲ့ပါတယ်။ Jay-Z နဲ့ သူ့ရဲ့ ဖျော်ဖြေရေး မီဒီယာကုမ္ပဏီ Roc Nation တို့ဟာ အဖွဲ့ချုပ်ရဲ့ တိုက်ရိုက်ဂီတ ဖျော်ဖြေရေး မဟာဗျူဟာရေး ဆွဲသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
Kaepernick ကိုထောက်ခံသူနဲ့ အရင်တုန်းက NFL ကို ဝေဖန်ခဲ့သူ Jay-Z ဟာ အဖွဲ့ချုပ်ကို ပိုမိုတိုးတက်စေ ဖို့ သူ့ရဲ့လုပ်ဆောင်ရမယ့် ကဏ္ဍအသစ်နဲ့ ပတ်သက်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ ဖျော်ဖြေပွဲကိုတော့ Jay-Z နဲ့ သူ့ရဲ့ မိသားစုက နိုင်ငံတော်သီချင်းသီဆိုနေချိန် မတ်တပ်ရပ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
Ref: Yahoo
You may also like these stories:
Super Bowl ပွဲမှာ Kobe Bryant ကို ဂုဏ်ပြုမယ့် ဂျန်နီဖာလိုပက်ဇ်နဲ့ ရှာကီရာ
အော်စကာဆုပေးပွဲမှာ ကွယ်လွန်သူ ဘတ်စကက်ဘော ကစားသမား Kobe Bryant ကို ဂုဏ်ပြုမည်