အဆိုတော် ဂျက်စတင်ဘီဘာက နာမည်ကျော်ကြားမှုကနေ လွတ်မြောက်မှုတခု ရရှိဖို့ မူးယစ်ဆေးကို သုံးစွဲခဲ့တာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် အဆိုတော် ဘီဘာက သူ အသက် ၁၃ နှစ်အရွယ် YouTube ပေါ်ကနေ တဆင့် ကလေးအရွယ်သာသာနဲ့ နာမည်ကျော်ကြားမှု ရရှိလာခဲ့ပြီးတဲ့ နောက် ဆေးခြောက်ကို စတင်သုံးစွဲဖို့ ကြိုးစားခဲ့တာ ဖြစ်တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
ဆေးခြောက်အပေါ် မှီခိုရခဲ့ပြီးတဲ့နောက်မှာတော့ Molly ဆေးပြားတွေ သောက်တာ၊ ”Sizzurp” လို့ခေါ်တဲ့ မူးယစ် ပစ္စည်းတွေ အသုံးပြုတာမျိုးကို စတင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
YouTube Premium ကနေ ထုတ်လွှင့်ခဲ့တဲ့ “Justin Bieber: Seasons” မှတ်တမ်းအစီအစဉ်မှာ သူက “ကျနော့်အတွက် လွတ်မြောက်မှုတခု ဖြစ်ခဲ့ပါတယ်။ ကျနော် ငယ်ရွယ်ခဲ့ပါတယ်။ ကင်မရာရှေ့မှာ ရှိရတဲ့ ကျနော့် အတွေ့အကြုံနဲ့ တော်တော်လေးကို မတူကွဲပြားခြားနားတဲ့ ပြင်းထန်မှုတွေကို ခံခဲ့ရပါတယ်” လို့ ဆိုပါတယ်။
အဆိုတော် ဘီဘာဟာ တရားဥပဒေပိုင်းဆိုင်ရာ ကိစ္စတွေကိုလည်း ဆယ်ကျော်သက် အရွယ်မှာတင် ရင်ဆိုင်ခဲ့ရတာဟာ ဘဝမှာ မှားယွင်းတဲ့ ကိစ္စတွေကို တန်ဖိုးထားခဲ့လို့ ဖြစ်တယ်လို့ ဆိုပါတယ်။
သူက “ကျနော်က ဒီလုပ်ငန်းထဲမှာ မှားယွင်းတဲ့ အရာတွေကို စတင်တန်ဖိုးထားခဲ့တာကတော့ အဲ့ဒီအရာက ကျနော့်ရှေ့မှာ ရောက်နေလို့ပါပဲ။ အမှန်ကတော့ ကျနော့်ကို အမှန်ပြမယ့် ပစ္စည်းဆိုတာမျိုး မရှိခဲ့ပါဘူး။ ကျနော့် မိဘတွေက ကောင်းမွန်တဲ့ ဘဝကစားသမား ဖြစ်ဖို့အတွက် အဲ့ဒီလို ပစ္စည်းမျိုး ဘယ်တုန်းကမှ မပေးခဲ့ဖူးပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
သေမတတ်ဖြစ်ခဲ့ရတဲ့ ခံစားချက်တွေကြောင့် အရက်စွဲသွားစေဖို့ ဆုံးဖြတ်ခဲ့ပြီး လူတွေက သူ့ရဲ့ စွဲလမ်းမှုတွေ ဘယ်လောက် ပြင်းထန်နေတယ်ဆိုတာကို သတိမထားမိခဲ့ဘူးလို့လည်း ဆိုပါတယ်။ အခုမှတ်တမ်း စီးရီးထဲမှာ ပါဝင်ခဲ့တဲ့ ဇနီး Hailey Bieber ကလည်း ဘီဘာ အရက်စွဲနေတာတွေ ပြီးဆုံးခဲ့ပြီးမှသာ တွေ့ဆုံခဲ့တာဖြစ်ပြီး ခင်ပွန်းက မူးယစ်ဆေးဘက် ခြေဦးပြန်လှည့်သွားရတာဟာ သူ့အတွက် ပိုကောင်းတယ်လို့ ခံစားရတယ်ဆိုတာကို နားလည်နိုင်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ “Love Yourself” အဆိုတော် ဘီဘာရဲ့ အိမ်မှာ သူ့ရဲ့ စိုးရိမ်မှုတွေကို ကူညီ ဖြေရှင်းပေးဖို့ အောက်ဆီဂျင် အခန်းတခုကိုလည်း ပြင်ဆင်ထားပြီး သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေ အဆိပ်တွေ ထွက်လာအောင် (NAD) IV ကုသမှုကိုလည်း ခံယူနေရတယ်လို့ သိရပါတယ်။
Ref: contactmusic
You may also like these stories:
NFL ရဲ့ ဂုဏ်ကို မြှင့်တင်ပေးခဲ့တဲ့ ဂျန်နီဖာလိုပက်ဇ်နဲ့ ရှာကီရာတို့ရဲ့ Super Bowl ဖျော်ဖြေမှု
ပထမ Season မှာ အပိုင်း ၈ ပိုင်း ပါဝင်မယ့် Netflix ရဲ့ Resident Evil တီဗီစီးရီး
Billboard ဇယားမှာ ဂျက်စတင်ဘီဘာ တင်ထားတဲ့ စံချိန်ကို ချိုးဖျက်လိုက်တဲ့ BTS အဖွဲ့