Entertainment

“အချစ်ဖြင့်လွမ်းစေ” ဇာတ်ကားမှာ အချစ်ကြီးတဲ့ ကောင်မလေးအဖြစ် ပါဝင်ထားတဲ့ ပိုင်ဖြိုးသု

Want create site? Find Free WordPress Themes and plugins.

“အချစ်ဖြင့်လွမ်းစေ” ဇာတ်ကားမှာ အချစ်ကြီးတဲ့ ကောင်မလေးတယောက် နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ ပိုင်ဖြိုးသုက ဒီဇာတ်လမ်းက သူကြိုက်တဲ့ စာရေးဆရာမ ဝတ္ထုဖြစ်တဲ့အတွက် ရိုက်ကူးဖြစ်တယ်လို့ ဆိုပါတယ်။

“အချစ်ဖြင့်လွမ်းစေ” ဇာတ်ကားကို လက်ခံဖြစ်တာက ဆရာမ နုနုရည် (အင်းဝ) က သု အရမ်းကြိုက်တဲ့ စာရေးဆရာမ ဖြစ်နေတော့ ကမာရွတ်မီဒီယာက ဆက်သွယ်လာတာနဲ့ ရိုက်ဖြစ်တာပါ။ သရုပ်ဆောင်တွေကတော့ တယောက်နဲ့ တယောက် အပေးအယူ မျှရတာပေါ့။ တိုင်ပင်ပင်နဲ့ လုပ်ရတာပေါ့”

“သုတို့ကို အရင်ကား မရိုက်ခင်ကတည်းက ရီဟာဇယ်တွေ လုပ်ရတယ်။ ဇာတ်ကောင်အတွက်လည်း မရိုက်ခင်ကတည်းက ကြိုပြင်ဆင်၊ ဒီကားထဲက ကာရိုက်တာက တဖက် အစွန်းရောက်တယ်။ မိုးမူရဲ့ အချစ်က အရမ်း ပူလောင်လွန်းတယ်။ သနားဖို့လည်း ကောင်းတယ်။ မင်းလတ်ကိုလည်း အရမ်းချစ်တော့ မင်းလတ် ပျော်နေတာလေးပဲ မြင်ချင်တယ်။ သူချစ်တဲ့သူနဲ့ ပျော်နေတယ်ဆိုလည်း ကျေနပ်တဲ့သူပေါ့။ သနားဖို့ကောင်းတဲ့ မိန်းကလေးမျိုးပေါ့”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

ပိုင်ဖြိုးသုက ရန်ကုန်တက္ကသိုလ်က အင်းယားဆောင်ကို ရောက်ဖူးချင်ခဲ့ပြီး အခုလို ဇာတ်ကား ရိုက်ကူးခွင့် ရလို့ အရမ်းပျော်ဖို့ကောင်းတယ်လို့ ဆိုပါတယ်။

“သုအတွက် အမှတ်တရက အင်းယားဆောင်ကို အရမ်းရိုက်ဖူးချင်တာ၊ အခု တကယ်သွားရတော့ အရမ်းပျော်ဖို့ကောင်းတယ်။ ရန်ကုန်တက္ကသိုလ်ကြီး တခုလုံးကို ရောက်ခဲ့ရတယ်”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

လတ်တလော ခွဲစိတ်မှု ပြုလုပ်ထားတဲ့ ပိုင်ဖြိုးသုက ကျန်းမာရေး ပြန်လည် သက်သာနေပြီး အရင်က ကျန်းမာရေးကို ဂရုစိုက်တဲ့ထဲ မပါခဲ့ဘူးလို့ ဆိုပါတယ်။

“ကျန်မာရေးအခြေအနေက တော်တော်သက်သာနေပါပြီ။ သု ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင်ရော၊ စိတ်လည်း ကျန်းမာအောင်ရော နေနေပါတယ်။ ကိုဏကြီးကလည်း အမြဲတမ်း ဆူနေတာပဲ။ အလုပ်ကို သုက လောဘကြီးတယ်။ ခွဲပြီး ၂ ပတ်လောက်တော့ အိမ်မှာ နေခိုင်းတယ်။ နားပါပြောတယ်။ သရုပ်ဆောင်တယောက်အနေနဲ့ ပွဲလုပ်တော့ တက်ရမယ်လေ။ သုတက်မှ ရမှာ။ သုအဲ့အတွက် ကျန်းမာအောင် နေတယ်”

“သရုပ်ဆောင်တယောက် အနေနဲ့ တက်ရမယ့် ကိုယ့်တာဝန်လို့ ထင်တယ်။ ဇာတ်ကားတကား ရိုက်ပြီးသွားရင်တော့ ပွဲကို တတ်နိုင်အောင်တော့ တက်တယ်။ ကိုယ့်ကျန်းမာရေးကိုတော့ အရမ်းဂရုစိုက်တဲ့ထဲမှာ သု မပါဘူး။ သုတို့ အလုပ်ကလည်း ခရီးထွက်နေရတာ များတယ်အဲ့အတွက် ဂရုသိပ်မစိုက်နိုင်ဘူးပေါ့”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

ပိုင်ဖြိုးသု ပါဝင်သရုပ်ဆောင်ထားတဲ့ “အချစ်ဖြင့်လွမ်းစေ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။ “အချစ်ဖြင့်လွမ်းစေ” ဇာတ်ကားကို ဒါရိုက်တာ နေသန်မောင်က ရိုက်ကူး ပုံဖော်ထားပြီး ပိုင်ဖြိုးသု၊ ဒေါင်း၊ အိန်ဂျယ်လမုန်နဲ့ အနုပညာရှင်များ ပါဝင်ထားပါတယ်။

You may also like these stories:

“ဝေဠုကျော်နဲ့ အသံဖိုင် စစ်ဆေးမှု အခြေအနေ ဇာတ်ရှိန် ကောင်းလာပြီ”လို့ သင်းသင်း ပြော

နာမည်ကျော်ကြားမှုကနေ လွတ်မြောက်မှုအနေနဲ့ မူးယစ်ဆေး သုံးခဲ့တာလို့ ဂျက်စတင်ဘီဘာ ပြော

NFL ရဲ့ ဂုဏ်ကို မြှင့်တင်ပေးခဲ့တဲ့ ဂျန်နီဖာလိုပက်ဇ်နဲ့ ရှာကီရာတို့ရဲ့ Super Bowl ဖျော်ဖြေမှု

Did you find apk for android? You can find new Free Android Games and apps.
Loading