“Pirates of The Caribbean” ရဲ့ ၅ ကားမြောက် နောက်ဆက်တွဲရုပ်ရှင် “Dead Men Tell No Tales” ဟာ Box Office မှာ မှတ်တမ်းတခု ရရှိဖို့တောင် ခက်ခဲခဲ့ပါတယ်။ ဒါကြောင့်ပဲ Disney အနေနဲ့ တချိန်က “Pirates of The Caribbean” အောင်မြင်ခဲ့တဲ့ တခေတ်ကို လိုလား တောင့်တနေခဲ့ပြီး အသစ်ပြန်လည် ဖန်တီးရိုက်ကူးဖို့ အားသန်နေခဲ့တာပါ။
ပထမဆုံးရုပ်ရှင် ထွက်ရှိခဲ့တုန်းကအတိုင်း ပြင်ဆင်ထားတဲ့ Disney ရဲ့ အသစ်ထွက်ရှိလာမယ့် “Pirates of The Caribbean” တီဗီစီးရီးအဖြစ် ထုတ်လွှင့်ပြသမှာဖြစ်ပြီး တခေတ်တခါက အောင်မြင်မှုကို လက်မလွှတ်ချင်တာ ဖြစ်ပါတယ်။ Johnny Depp ကို Captain Jack Sparrow အဖြစ် ပြန်လည် တွေ့မြင်ရဖို့ မရှိကြောင်း Disney ဘက်က အတိအလင်း ကြေညာခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ စိတ်ပျက်ခဲ့ကြရပါတယ်။
Disney အနေနဲ့ Johnny Depp ကို ပေးရတဲ့ အနုပညာကြေးနဲ့ သူ့ရဲ့ လူမှုရေးကိစ္စတချို့ကြောင့်လို့ အကြောင်းပြခဲ့ပေမယ့် ပရိသတ်တွေဘက်ကတာ့ လက်ခံဖို့ ခက်ခဲခဲ့ပါတယ်။
နောက်ဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင် ၄ ကားမှာ ဒေါ်လာ ၂၂၅ သန်းအထိ သုံးစွဲခဲ့တာဖြစ်တဲ့ Disney အတွက် Johnny Depp ကို ပြန်လည် လက်တွဲဖို့ ငြင်းဆိုစရာလားဆိုတာ တုန့်ပြန်ခဲ့ကြတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Johnny Depp ကို Disney အနေနဲ့ ပြန်လည် ခေါ်ယူဖို့ စုဝေးပွဲတခု ပြုလုပ်ခဲ့ကြပြီး သဘောတူညီကြောင်း လက်မှတ်အရေအတွက်ဟာ ၅ သောင်းကျော်ခဲ့ပြီလည်း ဖြစ်ပါတယ်။
Online မှာ ပြုလုပ်ခဲ့တဲ့ ပွဲ ဖြစ်တာကြောင့် ဟောလိဝုဒ်နယ်ပယ် တခုလုံးရဲ့ လျစ်လျူရှုခြင်းကို ခံခဲ့ကြရပြီး Johnny Depp ကို ပြန်လည်ခေါ်ယူမလား၊ တီဗီစီးရီးကို လက်လျှော့မလားဆိုတာ Disney ကြုံတွေ့နေရတဲ့ လတ်တလော အခြေအနေပဲ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
“Pirates of The Caribbean” ရုပ်ရှင်သစ်မှာ Emma Watson ပါဝင်ဖို့ ရှိနေ
Johnny Depp ကို ဒယ်အိုး၊ ဒယ်ပြားတွေနဲ့ ရိုက်နှက်ခဲ့တယ်လို့ မင်းသမီး Amber Heard ဝန်ခံ
“Fantastic Beasts 3” မှာ ပြန်လည် ပါဝင်ဖို့ အတည်ပြုလိုက်တဲ့ မင်းသား Johnny Depp