Entertainment

ပဉ္စမမြောက် "Indiana Jones" ရုပ်ရှင်မှာ ပြန်လည် ပါဝင်လာဦးမယ့် မင်းသားကြီး Harrison Ford

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာကျော် “Indiana Jones” ရုပ်ရှင် နောက်ဆက်တွဲ ဇာတ်လမ်းအသစ်ကို မင်းသားကြီး Harrison Ford ရဲ့ သရုပ်ဆောင်မှုနဲ့အတူ ပရိသတ်ရှေ့မှောက် ပြန်လည် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

မင်းသားကြီး Ford ဟာ မြွေတွေကို မုန်းတီးတဲ့ ရှေးဟောင်း သုတေသနပညာရှင် ဇာတ်ရုပ်ကနေ ပြန်လည် ပါဝင်လာမှာ ဖြစ်ပါတယ်။ Lucasfilm ရဲ့ဥက္ကဋ္ဌ Kathleen Kennedy က ရုပ်ရှင်အတွက် အသေးစိတ်အချက်အလက်ကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဥက္ကဋ္ဌ Kennedy က “ကျနော်တို့ ဖြစ်ချင်တဲ့ ဇာတ်ညွှန်းကို ရရှိဖို့ အလုပ်လုပ်နေပါပြီ။ ပြီးရင်တော့ ကျနော်တို့ အဆင်သင့် ဖြစ်တော့မှာပါ” လို့ ပြောဆိုထားပါတယ်။

မင်းသားကြီး Ford က သရုပ်ဆောင်ထားတဲ့ ဇာတ်ရုပ်နေရာမှာ တခြားသရုပ်ဆောင်ကို အစားထိုးမှာ မဟုတ်ကြောင်း ပရိသတ်တွေကို အခိုင်အမာပြောခဲ့ပြီး အသက် ၇၇ နှစ်အရွယ် မင်းသားကြီးက သူ့ရဲ့ဇာတ်ကောင်နေရာမှာ တဖန်သရုပ်ဆောင်ဖို့ အတည်ပြုထားပါတယ်။

Kennedy က “Harrison Ford က ပါဝင်လာမှာပါ။ အစကနေ ပြန်ရိုက်မှာ မဟုတ်ပါဘူး။ ဇာတ်လမ်းအကြောင်းအရာကိုပဲ ရှေ့ဆက်ရိုက်မှာပါ” လို့ပြောဆိုခဲ့ပါတယ်။ မင်းသားကြီး Ford ဟာ ၁၉၈၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ “Raiders Of The Lost Ark” ရုပ်ရှင်ကနေ စလို့ ပါဝင်ခဲ့ပြီး ရုပ်ရှင် ၄ ကားလုံးမှာ သရုပ်ဆောင်ထားပါတယ်။

Indy အဖြစ် ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Indiana Jones And The Kingdom Of The Crystal Skull” ရုပ်ရှင်မှာ နောက်ဆုံး ပါဝင် သရုပ်ဆောင်ထားပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကတော့ မင်းသား Chris Pine ဟာ ဇာတ်လမ်းကိုအစကနေ ပြန်ရိုက်မယ့် ရုပ်ရှင်မှာ ပါဝင်လာမှာဖြစ်တယ်လု့ိ ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့ခဲ့ပါသေးတယ်။

အဲ့ဒီအချိန်မှာ မင်းသားကြီး Ford က “ဘယ်သူကမှ Indiana Jones ဖြစ်လာမှာ မဟုတ်ပါဘူး။ နားလည်ရဲ့လား။ ကျနော်က Indiana Jones ပါ။ ကျနော် မရှိတော့ရင် သူလည်း ရှိတော့မှာ မဟုတ်ပါဘူး။ ဒါကလွယ်ပါတယ်”လို့ ဆိုပါတယ်။

ဥက္ကဋ္ဌ Kennedy ဟာ ၂၀၁၅ ခုနှစ်မှာ နောက်ဆက်တွဲ ရုပ်ရှင်နဲ့ ပတ်သက်လို့ ပထမဆုံး ထုတ်ပြောခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ပြသမယ်လို့ ကနဦး ရည်မှန်းထားခဲ့ပေမယ့် ၂၀၂၀ ပြည့်နှစ်အထိ ရွှေ့ဆိုင်းခဲ့တာပါ။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့မှာ ပဉ္စမမြောက် ရုပ်ရှင်ကို ရုံတင်မယ်လို့ Disney က သတ်မှတ် ထားပါတယ်။

Ref: etcanada

You may also like these stories:

“Pirates of The Caribbean” ပရိသတ်တွေက Johnny Depp ကိုသာ အလိုရှိနေ

နာမည်ကျော်ကြားမှုကနေ လွတ်မြောက်မှုအနေနဲ့ မူးယစ်ဆေး သုံးခဲ့တာလို့ ဂျက်စတင်ဘီဘာ ပြော

ပထမ Season မှာ အပိုင်း ၈ ပိုင်း ပါဝင်မယ့် Netflix ရဲ့ Resident Evil တီဗီစီးရီး

Did you find apk for android? You can find new Free Android Games and apps.
Loading