Entertainment

ဖျော်ဖြေပွဲမှာ စင်ပေါ်တက်လာတာ နောက်ကျလို့ မက်ဒေါနား တရားစွဲခံရ

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၂၁ ရက်နဲ့ အောက်တိုဘာလ ၁ ရက်နေ့တုန်းက အဆိုတော် မက်ဒေါနားဟာ Brooklyn Academy of Music မှာ ပြုလုပ်ခဲ့တဲ့ Madame X ဖျော်ဖြေပွဲ စတင်မယ်လို့ ကြေညာထားတဲ့အချိန်ထက် နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတယ်ဆိုပြီး Antonio Velotta နဲ့ Andrew Panos တို့ရဲ့ တရားစွဲဆိုမှုကို ခံခဲ့ရပါတယ်။

အဆိုတော် မက်ဒေါနားရဲ့ နောက်ကျမှုဟာ လက်မှတ်တွေရဲ့ တန်ဖိုးကို လျော့ကျစေခဲ့တယ်လို့လည်း ဆိုပါတယ်။ တရားစွဲဆိုသူ နှစ်ဦးကတော့ တခြားပွဲတွေမှာလည်း အခုလိုမျိုး အချိန်နောက်ကျတာမျိုးရှိတဲ့ အကြောင်း ထောက်ပြထားပြီး အမှုထဲမှာ မက်ဒေါနားနဲ့ ပရိုမိုးရှင်းကုမ္ပဏီ Live Nation တို့ရဲ့ နာမည်ကို ဖော်ပြထားပါတယ်။

တရားရေးဆိုင်ရာ အချက်အလက်တွေထဲမှာတော့ “ဖျော်ဖြေပွဲတွေအတွက် ကြေညာထားတဲ့ အချိန်မှာ မက်ဒေါနားဟာ အချိန်မှန်မှန်နဲ့ ပြည့်စုံတဲ့ ဖျော်ဖြေမှုဖြစ်စေဖို့ အခက်အခဲတွေ ဖြစ်စေခဲ့ပါတယ်။ ပြီးတော့ ပွဲစချိန်နဲ့ ပတ်သက်လို့ Live Nation ကလည်း ထုတ်ပြန်ချက် တစုံတရာ ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပါဘူး” လို့ ဖော်ပြထားပါတယ်။

ကြေညာထားတဲ့အချိန်က ည ၈ နာရီခွဲမှာ ဖြစ်ပေမယ့် စက်တင်ဘာလအတွင်းက ဖျော်ဖြေပွဲကို ၃ နာရီလောက် နောက်ကျပြီးမှ ကျင်းပနိုင်ခဲ့ပြီး အောက်တိုဘာလမှာတော့ ၁၀ နာရီ ၄၀ မိနစ်မှာသာ စင်ပေါ်ကို မက်ဒေါနား ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

အခုလိုမျိုး စတင်ချိန် နောက်ကျတဲ့ ဖျော်ဖြေပွဲတွေဟာ မနက်ခင်း အစောပိုင်းရောက်မှသာ ပြီးစီးခဲ့တာကြောင့် အိမ်ပြန်ဖို့ ရထားနဲ့ တခြားစီးနင်းစရာတွေကိ မမီခဲ့တဲ့ အတွက် သောင်တင်နေခဲ့ရကြောင်း တရားစွဲသူနှစ်ဦးက ပြောဆိုထားပါတယ်။ မက်ဒေါနားအနေနဲ့ ဒါကို သူ့အပြစ်လို့ ဝန်ခံစေချင်တယ်လို့လည်း ဆိုပါတယ်။

ဖျော်ဖြေပွဲတွေမှာ ဖုန်းအသုံးပြုခွင့် ပိတ်ပင်ထားတဲ့ အတွက် အိမ်ပြန်ဖို့ သင့်လျော်ရာ စီစဉ်နိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။ တရားစွဲဆိုသူနှစ်ဦးကတော့ နစ်နာကြေးနဲ့ ရှေ့နေခတို့ကို တောင်းဆိုထားပြီး စာချုပ် ဖောက်ဖျက်မှု၊ တန်ဖိုး ဆုံးရှုံးမှု၊ မှားယွင်း ကြော်ငြာမှုနဲ့ မှားယွင်းဖော်ပြမှုကို မသိကျိုးကျွံပြုမှုတို့နဲ့ တရားစွဲထားတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ဖလော်ရီဒါပြည်နယ်မှ ပရိသတ်တဦးက မက်ဒေါနားဟာ သတ်မှတ်ထားတဲ့ အချိန်ကို ပြောင်းလဲပစ်လို့ဆိုပြီး တရားစွဲဆိုခဲ့ပါတယ်။

Ref: asiaone

You may also like these stories:

ပဉ္စမမြောက် “Indiana Jones” ရုပ်ရှင်မှာ ပြန်လည် ပါဝင်လာဦးမယ့် မင်းသားကြီး Harrison Ford

“Pirates of The Caribbean” ပရိသတ်တွေက Johnny Depp ကိုသာ အလိုရှိနေ

Instagram မှာ ချစ်သူကို တရားဝင် ပြသလိုက်တဲ့ လေဒီဂါဂါ

Loading