Entertainment

မောင်နှမတွေရဲ့ နာမည်ကို လက်ချောင်းတွေမှာ တက်တူးထိုးခဲ့တဲ့ Brooklyn Beckham

Want create site? Find Free WordPress Themes and plugins.

ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားဘက်ခမ်းတို့ရဲ့ အကြီးဆုံးသားဖြစ်တဲ့ Brooklyn Beckham ဟာ သူ့ရဲ့ ညီလေးတွေနဲ့ ညီမလေးရဲ့ နာမည်ကို လက်ချောင်းတွေမှာ တက်တူးထိုးထားတဲ့ ပုံကို ပြီးခဲ့တဲ့ ရက်သတ္တပတ်က သူ့ရဲ့ Instagram စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။

ဓာတ်ပုံမှာ သူဟာ မျက်နှာကို လက်နဲ့ အုပ်ထားဟန် ပြုလုပ်နေပြီး လက်ချောင်းတချောင်းစီမှာ Romeo, Cruz နဲ့ Harper တို့ရဲ့ နာမည်တွေကို တက်တိုးထိုးထားတာကို မြင်ရပါတယ်။

Brooklyn Beckham ရဲ့ ခန္ဓာကိုယ်ပေါ်မှာ သူ့ရဲ့ မောင်နှမတွေအကြောင်း တက်တူးထိုးတာ ဒါက ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ သူ့ရဲ့ လက်မောင်းမှာ အငယ် ၃ယောက်ရဲ့ မွေးနေ့တွေဖြစ်တဲ့ “02, 05, 11” တို့ကိုလည်း ထိုးထားဖူးပါသေးတယ်။

ဒေးဗစ်ဘက်ခမ်းရဲ့ သားကြီးဖြစ်တဲ့ ဘရွတ်ကလင်းဟာ မော်ဒယ်အလုပ်ကို လုပ်ကိုင်နေသူဖြစ်ပြီး မိသားစုကို တွယ်တာသူလည်း ဖြစ်ပါတယ်။ မိခင်ဖြစ်သူကို အရမ်းချစ်တဲ့သူဖြစ်ပြီး ရင်ဘတ်မှာ “Mama’s Boy” ဆိုတဲ့ တက်တူးကို ထိုးထားပါသေးတယ်။

ဒေးဗစ်ဘက်ခမ်းတို့ မိသားစုဟာ တက်တူးထိုးရတာကို နှစ်သက်ကြပြီး တယောက်နာမည် တယောက် အပြန်အလှန်တက်တူးတွေ ထိုးလေ့ရှိကြပါတယ်။

ဒေးဗစ်ဘက်ခမ်းရဲ့ သားအကြီး ဘရွတ်ကလင်းဟာ သူ့ရဲ့ ပထမဆုံးတက်တူးကို လွန်ခဲ့တဲ့ ၃ နှစ်က ထိုးခဲ့တာဖြစ်ပြီး သားဖြစ်သူရဲ့ တက်တူးတွေကို ဒေးဗစ်ဘက်ခမ်းအနေနဲ့ အင်တာဗျူးတွေမှာ ဂုဏ်ယူစွာ ပြောပြလေ့ရှိပါတယ်။ သားဖြစ်သူ ဘရွတ်ကလင်းရဲ့ အိမ်နာမည်ဖြစ်တဲ့ Buster ဆိုတဲ့ နာမည်ကိုလည်း ဒေးဗစ်ဘက်ခမ်းက သူ့ရဲ့လည်ပင်းမှာ ထိုးထာတယ်လို့ သိရပါတယ်။

Ref. Today

You may also like these stories:

နာမည်ကြီးဖခင်တွေထက် ရုပ်ရည်ပိုမိုခံ့ညားချောမောကြတဲ့ သားများ

အနေဝေးတဲ့ ချစ်ခြင်းတွေကလည်း တည်မြဲနိုင်ကြောင်း သက်သေပြခဲ့တဲ့ ကမ္ဘာကျော်များ

Did you find apk for android? You can find new Free Android Games and apps.
Loading