Entertainment

ဝါရင့်သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်တဲ့အခါ ပရိသတ်လို ခံစားရတဲ့ မေမီကိုကို

Want create site? Find Free WordPress Themes and plugins.

ဇာတ်လမ်းတွဲများမှတဆင့် ပရိသတ်ရင်ထဲ ရောက်ရှိလာခဲ့တဲ့ သရုပ်ဆောင် မေမီကိုကိုကတော့ ဝါရင့်သရုပ်ဆောင်များနဲ့ အတူ သရုပ်ဆောင်ရတဲ့အခါမှာ သရုပ်ဆောင်တယောက် မဟုတ်ဘဲ ပရိသတ် တယောက်လိုပဲ ခံစားရတယ်လို့ ပြောပါတယ်။

“ဝါရင့်သရုပ်ဆောင်တွေနဲ့ အတူ ရိုက်ရတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် သရုပ်ဆောင်ဆိုတာထက် ပရိသတ် တယောက်လိုပဲ။ သူတို့ရဲ့အပြုအမူတွေ၊ လှုပ်ရှားမှုတွေကို ကြည့်နေမိတာပေါ့။ ကိုယ်တိုင် သရုပ်ဆောင် ဆိုပြီး စိတ်ဝင်လာရင် သူတို့ကိုကြည့်ပြီး လေ့လာတယ်”လို့ မေမီကိုကိုက ပြောပါတယ်။

မေမီကိုကိုက ယခုရက်ပိုင်းအတွင်း ရုံတင်ပြသမယ့် ပလေယာ (Players) ရုပ်ရှင်ဇာတ်ကားထဲမှာ ဝါရင့်သရုပ်ဆောင်များနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပြီး ဝါရင့်သရုပ်ဆောင်များကြားမှာ သရုပ်ဆောင်မှု လျော့မနေအောင် ဘယ်လို ကြိုးစားခဲ့ရလဲဆိုတာကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“အတတ်နိုင်ဆုံး ကြိုးစားတယ်။ မေမီက ကိုထွန်းထွန်းနဲ့ ဆုံတဲ့အခန်း များတယ်။ သူကလည်း မေမီ့ကို တွဲခေါ်ပေးပါတယ်။ လိုအပ်တာလေးတွေကို အပေးအယူ မျှအောင် ရှေ့ဆောင် လမ်းပြပေးပါတယ်”လို့ မေမီကိုကိုက ပြောပါတယ်။

ဒီကားထဲမှာတော့ ရေကူးဝတ်စုံ ဝတ်ရတဲ့ ဇာတ်ဝင်ခန်းပါရှိပြီး အဆိုပါ ဇာတ်ဝင်ခန်းအတွက် ခန္ဓာကိုယ် ဝနေတာကြောင့် နည်းနည်း လိုအပ်ချက်ရှိသွားတယ်လို့ ဆိုပါတယ်။

“အဲဒါ ရိုက်နေတဲ့အချိန် မေမီ ဝနေတာပေါ့။ မနည်း ဝိတ်ချရတယ်။ အချိန်က ဘယ်လောက်မှ မရဘူးဆိုတော့ ဝိတ်ချတာ မအောင်မြင်ပါဘူး။ ဘော်ဒီ မလှဘူး။ ကိုယ်က နဂိုကတည်း ကာရိုက်တာပိုင်းဆိုင်ရာမှာ ဆိုရင် ဘော်ဒီပိုင်းနည်းနည်း လိုသွားမယ် ထင်တယ်”လို့ မေမီကိုကိုက ပြောပါတယ်။

ရေကူးဝတ်စုံ ဝတ်တာနဲ့ ပတ်သက်ပြီး အိချောပိုကို အားကျမိပြီး မိန်းကလေးချင်း ကြွေရတယ်လို့ ဆိုပါတယ်။ “မစူ (အိချောပို) ကို အားကျတာပေါ့။ သူဆိုရင် ရေကူးဝတ်စုံ ဝတ်လိုက်ရင် အရမ်း ကိုယ်တွေတောင် မိန်းကလေးချင်း ကြွေရတယ်။ ကိုယ်တွေက အမြဲပျင်းနေတာ Gym ဆော့ရမှာပျင်းတဲ့သူဆိုတော့ ကြိုးတော့ကြိုးစားသွားမှာပါ” လို့ မေမီကိုကိုက ပြောပါတယ်။

ကိုယ်တိုင်လည်း ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး စိတ်တိုင်း မကျတာတွေကိုတော့ မေမီကိုကိုက “ကိုယ်လုံးအလှဆိုတာထက် မေမီက လက်မောင်းကို အရမ်း စိတ်ဓာတ်ကျတာပေါ့။ မေမီ့ ဆိုက်ကိုက လက်မောင်း၊ အဲဒါကို သေးချင်တယ်။ အဲဒါဆို အဆင်ပြေပြီ”လို့ ပြောပါတယ်။

“ပလေယာ” (Players) ရုပ်ရှင်ကတော့ာ မေမီကိုကိုအတွက် ပထမဆုံး ရုံတင်ပြသတဲ့ကာ ဖြစ်ပြီး မကြာခင်မှာလည်း သူပါဝင် သရုပ်ဆောင်ထားတဲ့ “ဂျီဟောသူ” ဇာတ်လမ်းတွဲ ထုတ်လွှင့် ပြသတော့မှာ ဖြစ်ပါတယ်။

You may also like these stories:

“အရင်ထက် အခုအချိန်မှာ အိမ်စရိတ်တွေ ကာမိလာတယ်”လို့ မေမီကိုကို ပြော

“PLAYERS” ရုပ်ရှင်မှာ Miss တယောက်အနေနဲ့ ပါဝင် သရုပ်ဆောင်မယ့် မေမီကိုကို

Did you find apk for android? You can find new Free Android Games and apps.
Loading