မြန်မာ ပရိသတ်တွေ ဂျွန်စောလို့ သိထားကြတဲ့ မင်းသား ဆောင်ဆန်ဟွန်း (Song Seung-heon) ဟာ MBC ရုပ်သံလိုင်းကနေ မကြာမီ ထုတ်လွှင့်မယ့် ဒရာမာ တခုမှာ ပါဝင် သရုပ်ဆောင်မယ်လို့ သိရပါတယ်။
အခုနှစ် မေလမှာ ပြသဖို့ စီစဉ်ထားပြီး တနင်္လာနေ့နဲ့ အင်္ဂါနေ့တို့မှာ ထုတ်လွှင့်ပြသမယ့် “Shall We Eat Dinner Together?” အမည်ရှိ မီနီ စီးရီးမှာ မင်းသားဟာ ခေါင်းဆောင်အဖြစ် ပါဝင်မယ်လို့ MBC ရုပ်သံကနေ ဖေဖော်ဝါရီလ ၆ ရက်နေ့က အတည်ပြုခဲ့ပါတယ်။
နာမည်တူ Webtoon ကို အခြေခံထားတဲ့ အဲ့ဒီဒရာမာဟာ နာကျင်ရတဲ့ အသည်းကွဲမှုတွေကို ခံစားရခဲ့ပြီးနောက် ချစ်ရမှာကို ရိုးအီသွားတဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ အကြောင်းအရာ ဖြစ်ပါတယ်။
စိတ်ခံစားချက်မဲ့နေတဲ့ လူတွေအနေနဲ့ အစားအသောက်ကို ထူးခြားတဲ့ ပုံစံမျိုးနဲ့ စားသောက် ပေးခြင်းဖြင့် ချစ်ခြင်း မုန်းခြင်း စတဲ့ခံစားချက်တွေကို နှိုးဆွပေးပြီး အချစ်ကို ရှာတွေ့နိုင်ဖို့ ကူညီပေးရမယ့် စိတ်ရောဂါကုဆရာဝန်အဖြစ် မင်းသား ဆောင်ကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။
အဲ့ဒီ ဒရာမာကို “The Player” နဲ့ “Black” ဒရာမာတွေမှာ မင်းသားဆောင်နဲ့ အလုပ်အတူတူ တွဲလုပ်ခဲ့ဖူးတဲ့ ထုတ်လုပ်ရေး ဒါရိုက်တာ Go Jae Hyun က ကိုယ်တွယ် ရိုက်ကူးမှာ ဖြစ်ပါတယ်။ “The Fiery Priest” ကို ရေးသားခဲ့သူ Park Jae Bum က ဇာတ်ညွှန်းကို တာဝန်ယူမှာ ဖြစ်ပါတယ်။
မင်းသား ဆောင်ဟာ အစားအသောက်တွေကနေ တဆင့် လူနာတွေကို ပုံမှန်မဟုတ်တဲ့ စားသုံးစေမှုကို အသုံးပြုပြီး လူတွေ အစားစားသုံးတာကို ကြည့်ပြီး ဘယ်လိုလူလဲဆိုတာ ခွဲခြမ်းစိတ်ဖြာတဲ့ အစားအသောက်ဆိုင်ရာ စိတ်ရောဂါအထူးကုဆရာဝန် Kim Hae Kyung အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။
သူ့ရဲ့ လူနာတွေကို ကုသပေးစဉ်မှာ သူဟာ ညင်သာပြီး တည်ငြိမ်ပေမယ့် အစားအသောက်နဲ့ပတ်သက်လို့ ဝေဖန်ချိန် ရောက်လာတဲ့အခါ တကယ့်ကိုပဲ ခပ်တည်တည် နေတတ်တဲ့သူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လမှာတုန်းကတော့ မင်းသမီး Seo Ji Hye က အဓိက ဇာတ်ဆောင်မင်းသမီး အဖြစ် ပါဝင်ဖို့ ဆွေးနွေးနေတယ်လို့ အတည်ပြုထားပါတယ်။
Ref: Soompi
You may also like these stories:
မင်းသား ဆောင်းဆန်ဟွန်းရဲ့ ဒရာမာအသစ်ကို အချိန်စောပြီး ပြသမှာဖြစ်
စီးရီးအသစ်ထဲမှာ တက်သစ်စ နိုင်ငံရေးသမားအဖြစ် မြင်တွေ့ရမယ့် မင်းသား ဆောင်ဆန်ဟွန်း