ဒါရိုက်တာ Steven Spielberg ရိုက်ကူးခဲ့တဲ့ Jurassic World ရုပ်ရှင်ဟာ တခေတ်တခါမှာ အောင်မြင်မှုတွေရရှိခဲ့သလို ပြန်လည်ဆန်းသစ် ရိုက်ကူးရာမှာလည်း အခုအချိန်တိုင် ပရိသတ်အားပေးမှု မြင့်မားနေဆဲ ဖြစ်ပါတယ်။
နောက်ဆုံး ထွက်ရှိခဲ့တဲ့ ရုပ်ရှင်မှာတော့ Jeff Goldblum ကို ဧည့်သည်သရုပ်ဆောင်အဖြစ် တွေ့မြင်ခဲ့ရပြီး သူ သရုပ်ဆောင်ခဲ့ရဖူးတဲ့ ဒေါက်တာ Ian Malcolm အဖြစ် ပြန်လည် တင်ဆက်ခဲ့တာပါ။ ၁၉၉၃ ခုနှစ်မှာ ထွက်ရှိခဲ့ဖူးတဲ့ Jurassic Park နဲ့ Trilogy ရုပ်ရှင်တွေရဲ့ မူရင်းသရုပ်ဆောင်တချို့ကို Jurassic World မှာ ပြန်လည်တွေ့မြင်ရဖို့ရှိနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
မူရင်းသရုပ်ဆောင်တွေနဲ့ အခုလက်ရှိ Jurassic World သရုပ်ဆောင်တွေ ပူးပေါင်းတင်ဆက်မယ့် သတင်းသာ အမှန်တကယ် ဖြစ်လာမယ်ဆိုရင်တော့ တမျိုးတဖုံ စိတ်လှုပ်ရှားစရာပဲ ဖြစ်ပါတယ်။
သရုပ်ဆောင်စာရင်းနဲ့ အားရကျေနပ်မှု မရှိနိုင်သေးတဲ့ ပရိသတ်တွေအတွက်လည်း Jurassic World 3 ဒါရိုက်တာ Colin Trevorrow အနေနဲ့ တလောကမှ ဖွင့်ဟခဲ့တာကတော့ သူ့အနေနဲ့ ရင်ခုန်စရာ ရသမျိုး ပေးစွမ်းဖို့ ကြိုးစားရိုက်ကူးထားတယ်ဆိုတာပဲ ဖြစ်ပါတယ်။
Colin အနေနဲ့ သိပ်မကြာသေးခင်ကမှ သူ့ရဲ့ Twitter အကောင့်မှာ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ဗီဒီယိုဖိုင် အသေးစားလေးတခု ပြန်လည်မျှဝေခဲ့ပြီး သူ့အနေနဲ့ အကောင်းဆုံး ဖန်တီးထားကြောင်း Jurassic ပရိသတ်တွေအပေါ် အသိပေးလိုတဲ့ဆန္ဒကို တွေ့မြင်ကြရမှာပါ။
၂၀၁၅ ခုနှစ်မှာ “Jurassic World” ၊ ၂၀၁၈ ခုနှစ်မှာ “Jurassic World: Fallen Kingdom” တို့ ထွက်ရှိခဲ့ပြီး အခုရုပ်ရှင်ဟာ နောက်ဆုံး ၃ ကားမြောက်ရုပ်ရှင် ဖြစ်တာမို့ ဒါရိုက်တာ တာဝန်ယူထားတဲ့ Colin အတွက်တော့ အရေးကြီးတယ်ဆိုရင်လည်း မှားနိုင်မယ် မထင်ပါဘူး။
“Jurassic World 3” ရုပ်ရှင်ကိုတော့ ဇွန်လ ၁၁ ရက်၊ ၂၀၂၁ ခုနှစ်မှာ ရုံတင်ပြသသွားမှာဖြစ်တာကြောင့် ဒိုင်နိုဆောတွေရဲ့ သီးခြားကမ္ဘာကို ရောက်ရှိဖို့ အချိန်သိပ်မလိုတောပါဘူး။
Ref. wegotthiscovered.com
You may also like theses stories:
Black Panther ဇာတ်ကောင်နေရာကနေ မကြာခင် နုတ်ထွက်တော့မယ့် Chadwick Boseman
နောက်ဆက်တွဲရုပ်ရှင် ဆက်လက် ရိုက်ကူးဖို့ “World War Z” ထုတ်လုပ်သူ မျှော်လင့်နေ
တောင်ကိုရီးယားမှာ ကြည့်ရှုနှုန်း စံချိန်တင်သွားတဲ့ “Jurassic World: Fallen Kingdom”