Entertainment

အွန်လိုင်းပေါ်မှာ ဈေးဗန်းခင်းတဲ့အကြောင်း ပြောပြတဲ့ သရုပ်ဆောင် ဆောင်းဝတ်ရည်မေ

Want create site? Find Free WordPress Themes and plugins.

အွန်လိုင်းပေါ်အခုခေတ် လူငယ်များကြားမှာ ရေပန်းစားလျက်ရှိတဲ့ စကားလုံးကတော့ လူလွတ်တယောက်ဖြစ်ကြောင်း ဖော်ပြတဲ့အခါမှာ ဈေးဗန်းခင်းတယ်ဆိုတဲ့ စကားလုံးကို သုံးစွဲလာကြပါတယ်။ ပရိသတ်တွေရဲ့ အချစ်တော် ဇာတ်လမ်းတွဲ မင်းသမီးတယောက်ဖြစ်တဲ့ ဆောင်းဝတ်ရည်မေကလည်း လူမှုကွန်ရက်စာမျက်နှာမှာ ဈေးဗန်းခင်းနေပေမယ့် လာဝယ်တဲ့အခါမှာ မရောင်းဘူးလို့ ဆိုပါတယ်။

“ဈေးဗန်းကတော့ အမြဲခင်းတယ်။ လာဝယ်ရင်တော့ မရောင်းဘူး။ ဈေးဗန်းခင်းနေရရင်ကိုပဲ ပျော်တာလေ။ “ခင်ဗျားကို ကျနော်ချစ်တယ်” စာအုပ်ထဲက Caption လေးတွေပဲ ယူယူရေးပြီး ခင်းနေရတာပဲ” လို့ ဆောင်းဝတ်ရည်မေက ပြောပါတယ်။

သရုပ်ဆောင်ဘက်မှာ ကြိုးစားနေတဲ့သူ တယောက်ဖြစ်တာကြောင့် အချစ်ရေးဘက်ကို အချိန်မပေးနိုင်ဘူးလို့ ဆိုပါတယ်။

“အလုပ်ကလည်းရှုပ်နေတော့ အဲ့ဘက်ကိုအချိန် မပေးနိုင်သေးဘူး။ သူ့ကိုလာမတွေ့ဘူးလား။ ကိုယ်ကလည်းမတွေ့တော့ အချိန်မပေးနိုင်သေးတာပါ” လို့ ဆောင်းဝတ်ရည်မေက ပြောပါတယ်။ မကြာခင်မှာ ရောက်ရှိလာမယ့် ချစ်သူများနေ့မှာလည်း Surprise လုပ်ပေးမယ့်သူ မရှိဘူးလို့လည်း ဆိုပါတယ်။

“အဓိကကတော့ Valentine’s Day မှာ သိပ်တော့ များများစားစား စဉ်းစားထားတာ မရှိဘူး။ Surprise လုပ်မယ့်သူလည်း ကိုယ့်ဘာသာတော့ မရှိဘူးလို့ ထင်ပါတယ်။ ရခဲ့မယ်ဆိုရင်လည်း Amazing ပေါ့။ ချောကလက်ကလည်း အပြင်မှာ ကိုယ့်ဘာသာ ဝယ်စားလို့ရတယ်လေ”လို့ ဆောင်းဝတ်ရည်မေက ပြောပါတယ်။

ဇာတ်လမ်းတွဲများစွာ ရိုက်ကူးလာခဲ့ပြီးဖြစ်တဲ့ ဆောင်းဝတ်ရည်မေကတော့ ယခုရက်ပိုင်းအတွင်းမှာ ရုံတင်ပြသတော့မယ့် သူ့ရဲ့ ဒုတိယရုပ်ရှင်ဇာတ်ကားအတွက်လည်း ရင်ခုန်နေတယ်လို့သိရပါတယ်။

“ဒီကားကတော့ ရုပ်ရှင်ကားကြီးဆိုရင် ၂ ကားမြောက်လို့ ပြောလို့ရပါတယ်။ ရှေ့မှာ “အောက်ဆီဂျင်” ဆိုတဲ့ကားကို ကိုမြင့်မြတ်နဲ့ တွဲသရုပ်ဆောင်ထားတာပါ။ ဒါကအရင် ရုံတင်ပြသတာပါ။ အရမ်း ရင်ခုန်နေတယ်။ ကြည့်မယ့် ပရိသတ်တွေဆီက ဘာတွေ ကြားရမလဲ”

“ကိုယ်နဲ့ပတ်သက်ပြီး ဘယ်လို Review တွေလာမလဲဆိုပြီး ရင်ခုန်နေပါတယ်။ ကိုယ်တိုင်လည်း ပိတ်ကားပေါ်မှာ မြင်ရမှာ ဆိုတော့ ဘာတွေလိုအပ်ချက်တွေ ရှိမလဲ၊ ဘာတွေဖြစ်နေမလဲဆိုပြီး စိတ်ထဲမှာကြောက်လည်း ကြောက်နေပါတယ်”လို့ ဆောင်းဝတ်ရည်မေက ပြောပါတယ်။

ဇာတ်လမ်းတွဲဘက်မှာ ပရိသတ်အခိုင်အမာနဲ့ နေရာတခုရရှိနေပေမယ့် ရုပ်ရှင်ဘက်မှာလည်း နေရာတနေရာရဖို့အတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။

“ရုပ်ရှင်ဘက်မှာ နေရာရအောင် အခုထက်ပိုပြီး ကြိုးစားရဦးပါမယ်။ လိုအပ်ချက်တွေ ရှိသေးလို့ ဒီထဲကိုတော့ တဖြည်းဖြည်းချင်းတော့ သွားနေပါတယ်” လို့ ဆောင်းဝတ်ရည်မေက ပြောပါတယ်။

ဆောင်းဝတ်ရည်မေက လက်ရှိမှာတော့ “Eden Challenge” ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးလျက် ရှိပါတယ်။

You may also like these stories:

“PLAYERS” ရုပ်ရှင်မှာ Biker Girl အဖြစ် သရုပ်ဆောင်မယ့် ဆောင်းဝတ်ရည်မေ

“PLAYERS” ရုပ်ရှင်မှာ Miss တယောက်အနေနဲ့ ပါဝင် သရုပ်ဆောင်မယ့် မေမီကိုကို

Did you find apk for android? You can find new Free Android Games and apps.
Loading