Entertainment

ဟာသချစ်တဲ့ သူတိုင်းကို ချစ်တဲ့ သရုပ်ဆောင် ဂျိုကာ

Want create site? Find Free WordPress Themes and plugins.

လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဟာသများ ပြုလုပ်ရုံသာမက Rapper တယောက်လည်းဖြစ်တဲ့ ဂျိုကာကတော့ ဆိုရှယ်မီဒီယာပေါ်မှာ နေ့စဉ်ဟာသများ ပြုလုပ်တာတွေ အမြဲတမ်းကြည့်ဖြစ်ပြီး ဟာသကို ချစ်တဲ့သူတိုင်းကို ချစ်တယ်လို့ ပြောပါတယ်။

“ကျနော်ကတော့ နောက်ပိုင်းမှာ တဖြည်းဖြည်း ရုပ်ရှင်ပိုင်းကို ရောက်နေတော့ ရုပ်ရှင်ပိုင်းကနေ ဟာသကိုလုပ်နေရတာပေါ့။ တခြား Facebook မှာ ဟာသနေ့တိုင်း လုပ်တဲ့သူတွေ အများကြီးရှိတယ်။ ကျနော်သူတို့ကို အကုန်လုံးကိုကြည့်လည်း ကြည့်ဖြစ်တယ်။ လေးလည်း လေးစားတယ်။ ဟာသကို ချစ်လို့လုပ်တဲ့သူတိုင်းကိုချစ်တယ်။ ကျနော်ကလည်း ဒီဘက်ပိုင်းမှာ ကျနော့်ကိုပေးတဲ့ ကာရိုက်တာကို သေချာတိုင်ပင်ပြီး လုပ်တယ်”လို့ ဂျိုကာက ပြောပါတယ်။

ဂျိုကာက နောက်ပိုင်းမှာတော့ သရုပ်ဆောင်တယောက်အနေနဲ့ ဇာတ်ကားများ ရိုက်ကူးလာရတာကြောင့် ကာရိုက်တာအရ ဟာသလုပ်ဖို့ကို ကြိုးစားရတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာလည်း အခွင့်အရေးပေးပါက အမြွှာဇာတ်ရုပ်ကို သရုပ်ဆောင်ချင်တယ်လို့ ဂျိုကာကပြောပါတယ်။

“လုပ်ချင်တဲ့ ကာရိုက်တာတွေ အများကြီး ရှိပါတယ်။ အခွင့်အရေးပေးရင် ပေးသလို လုပ်ချင်ပါတယ်။ အမြွှာဇာတ်ရုပ်တွေဘာတွေဆို အရမ်းလုပ်ချင်ပါတယ်”လို့ ဂျိုကာက ပြောပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ကားများထဲမှ အကယ်ဒမီဆန်ခါတင် စာရင်းဝင်ထဲမှာတော့ ဂျိုကာပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကား ၂ ကား ပါဝင်တဲ့အတွက်လည်း ဝမ်းသာတယ်လို့ ဆိုပါတယ်။

“ကျနော် ပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးတွေ ၂ ကားတောင် ပါတယ်။ “ချိုးရုပ်”နဲ့ “သူစိမ်းအိမ်”နဲ့ ၂ ကားလုံးကို ကာရိုက်တာကို အကယ်ဒမီ မှန်းတယ်ဗျာ။ ကျနော့် ကာရိုက်တာလေးတွေကို ကျနော် ချစ်တယ်။ အဲဒါတွေနဲ့ အကယ်ဒမီရရင် ယူချင်ပါတယ်။ ဒီကားတွေထဲက သရုပ်ဆောင်တွေအတွက်လည်း ဝမ်းသာပါတယ်။ တော်တော် မိုက်ကြပါတယ်” လို့ ဂျိုကာက ပြောပါတယ်။

သီချင်းသီဆိုမှုအပိုင်းမှာလည်း Music Tour များ သီဆိုဖို့ရှိပြီး အစ်ကိုဖြစ်သူ ရဲလေးရဲ့ တကိုယ်တော်ဖျော်ဖြေပွဲမှာလည်း ပါဝင်သီဆိုသွားဖို့ရှိတယ်လို့ သိရပါတယ်။

“သီချင်းပိုင်းကတော့ Tour တွေ ဆိုဖြစ်ပါတယ်။ အခု မြို့ ၅ မြို့မှာ ဆိုဖို့ ရှိပါတယ်။ သီချင်းဘက်ကတော့ ကိုရဲနဲ့ကတော့ တောက်လျှောက် လုပ်ဖြစ်ပါတယ်။ ဒီဖေဖော်ဝါရီ နောက်ဆုံးပတ်လောက်မှာ ကိုရဲလေးရဲ့ တကိုယ်တော်ရှိုးပွဲ လာမယ်။ အဲ့မှာလည်း သီချင်းတိုက်တာတွေ ပါဖောမန့်လုပ်တာတွေ ရှိပါမယ်။ ကျနော်က Guest Rapper လေ။ ကိုရဲလေးနဲ့ လုပ်ခဲ့တာကြာပြီ။ အဲ့ကနေ ဒီထဲကိုရောက်လာတာ ဆိုတော့လေ” လို့ ဂျိုကာက ပြောပါတယ်။

လတ်တလောမှာလည်း မဟာမိုဘိုင်း Application မှာ ပြသမယ့် “ဂျိမ်းဂျိုကာ” ဇာတ်လမ်းတွဲ ရိုက်ကူးနေပြီး သူပါဝင် သရုပ်ဆောင်ထားတဲ့ “ပလေယာ”ရုပ်ရှင်ဇာတ်ကားကြီးလည်း ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

You may also like these stories:

၅ နှစ်အတွင်း ပထမဆုံး ဒရာမာမှာ ပါဝင်လာမယ့် မင်းသား Kim Soo Hyun

“ရွှေကြိုခေါ်ပြီး ရန်ပုံငွေရှာတာ ရုပ်ရှင်အစည်းအရုံးအတွက် အမည်းစက်ပဲ”လို့ မင်းမြတ်စိုးစံ ပြော

အွန်လိုင်းပေါ်မှာ ဈေးဗန်းခင်းတဲ့အကြောင်း ပြောပြတဲ့ သရုပ်ဆောင် ဆောင်းဝတ်ရည်မေ

Did you find apk for android? You can find new Free Android Games and apps.
Loading