တကယ်လို့သာ Fandango ရုပ်ရှင် ဝက်ဘ်ဆိုက်ကို အသုံးပြုသူတွေမှာသာ အော်စကာဆုကို ရွေးချယ်ခွင့် ရှိမယ်ဆိုရင် လာမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ကျင်းပတော့မယ့် အော်စကာဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ကားဆုကို “Parasite” ရုပ်ရှင်က ရရှိမှာ ဖြစ်ပါတယ်။
ရုပ်ရှင်အမြည်းဗီဒီယိုတွေ၊ အင်တာဗျူးတွေ ကြည့်ရှုဖို့နဲ့ ရုပ်ရှင်လက်မှတ်တွေကို ဘိုကင်မှာယူဖို့ အသုံးပြုကြတဲ့ ရုပ်ရှင်ဝါသနာအိုး ၂၀၀၀ ကျော်ဟာ Fandango ရဲ့ အော်စကာစစ်တမ်းမှာ ပါဝင်ခဲ့ပြီး “1917”, “Joker”, “Once Upon a Time in Hollywood” နဲ့ “Little Women (2019)” တို့ကို ကျော်တက်ပြီး တနှစ်တာအတွက် အကောင်းဆုံး ရုပ်ရှင်ဆုကို “Parasite” က ရရှိနိုင်တယ်လို့ ရွေးချယ်ပေးခဲ့ကြပါတယ်။
ဒါ့အပြင် “Parasite” ဒါရိုက်တာ Bong Joon-ho ကိုလည်း အကောင်းဆုံး ဒါရိုက်တာအဖြစ် Sam Mendes နဲ့ Quentin Tarantino တို့ထက် ပိုမိုတဲ့နှုန်းထားတဲ့ ရွေးချယ်ပေးခဲ့ကြပါတယ်။
အကောင်းဆုံးဇာတ်ကားဆု အပါအဝင် အော်စကာဆန်ခါတင်ဆု ၆ ခုမှာ အဆိုပြုခံထားရတဲ့ အဲ့ဒီရုပ်ရှင်ဟာ ကမ္ဘာတဝန်းမှာ ရှိတဲ့ ရုပ်ရှင်ပွဲတော်နဲ့ ဆုပေးပွဲ ၅၇ ခုဆီ ဖိတ်ကြားခံခဲ့ရပြီး ဆုပေါင်း ၅၅ ခုအထိ ရရှိထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် မေလကစလို့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ Palme d’Or ဆုကို ရရှိခဲ့ပြီးနောက် တနှစ်လုံး ဆုပေးပွဲတွေမှာ အောင်ပွဲအလီလီ ရရှိလာခဲ့တာပါ။
Fandango အသုံးပြုသူတွေကတော့ သရုပ်ဆောင်ဆုပိုင်းမှာတော့ အကောင်းဆုံး မင်းသမီးဆုနဲ့ အကောင်းဆုံး ဇာတ်ပို့ မင်းသမီးဆုတု့ိကိုတော့ “Little Women (2019)” ထဲက သရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ Saoirse Ronan နဲ့ Florence Pugh တို့ကို ရွေးချယ်ပေးထားတာ တွေ့ခဲ့ရပါတယ်။ အော်စကာ ကျွမ်းကျင်သူ အများစုကတော့ အဲ့ဒီဆုတွေကို “Judy” နဲ့ “Marriage Story” ရုပ်ရှင်တွေထဲက Renee Zellweger နဲ့ Laura Dern တို့က ရရှိလိမ့်မယ်လို့ ခန့်မှန်းထားတာပါ။
အကောင်းဆုံးမင်းသား ဆုကိုတော့ Joker” မင်းသား Joaquin Phoenix နဲ့ အကောင်းဆုံး ဇာတ်ပို့ မင်းသားဆုကို Brad Pitt တို့အဖြစ် ရွေးချယ်ပေးထားခဲ့ကြပါတယ်။ ၉၂ ကြိမ်မြောက် အော်စကာ ဆုပေးပွဲကို လာမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့ ကျရင် ဟောလိဝုဒ်မှာရှိတဲ့ Dolby Theater မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။
Ref: aceshowbiz
You may also like these stories:
၅ နှစ်အတွင်း ပထမဆုံး ဒရာမာမှာ ပါဝင်လာမယ့် မင်းသား Kim Soo Hyun
“Jurassic World 3” ဒါရိုက်တာ ပြန်လည် မျှဝေလိုက်တဲ့ ရုပ်ရှင်အပိုင်းအစ
ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ဆေး ထုတ်လုပ်နိုင်သူကို ယွမ် ၁ သန်းချီးမြှင့်မယ့် ဂျက်ကီချန်း