Entertainment

နောက်ထပ် "Fast & Furious" ရုပ်ရှင်မှာ ပြန်လည် ပါဝင်ဖို့ရှိနေတဲ့ မင်းသမီး Gal Gadot

Want create site? Find Free WordPress Themes and plugins.

နှစ်ပေါင်းများစွာ ရုပ်ရှင်ကြည့် ပရိသတ်တွေကို စိတ်ဝင်စားအောင် ဆွဲဆောင်မှုရှိရှိ ရိုက်ကူးလာနိုင်ခဲ့တဲ့ “Fast & Furious” ရုပ်ရှင်တွေဟာ အခုအချိန်အထိလည်း နောက်ဆက်တွဲ ရုပ်ရှင်ပေါင်းများစွာကို ဆက်လက် ရိုက်ကူးဖို့ ပြင်ဆင်နေပါတယ်။

လွန်ခဲ့တဲလကတည်းက Han အနေနဲ့ နောက်ထပ် “Fast & Furious” မှာ ပါဝင်လာဖို့ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့တာပြီး WWE ရဲ့ နပန်းသမား John Cena ဘက်ကလည်း “Fast & Furious 9” မှာ Dom နဲ့ ညီအစ်ကိုအဖြစ် သရုပ်ဆောင်ဖို့ စိတ်ဝင်စားကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။

Fast & Furious နဲ့ ပတ်သက်တဲ့ သတင်းတွေ ခပ်စိပ်စိပ် ထွက်ပေါ်လာခဲ့ပြီး အခုအချိန်မှာလည်း လက်ရှိ “Wonder Woman” မင်းသမီးနဲ့ အရင်က “Fast & Furious 6” ရုပ်ရှင်မှာ ပါဝင်ခဲ့ဖူးသူ Gal Gadot ကို ပြန်လည်ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေ ဆူဆူညံညံ ထွက်ပေါ်နေပါတယ်။

အကယ်၍ ဒီသတင်းသာ အမှန်တကယ် ဖြစ်လာမယ်ဆိုရင်တော့ Gal Gadot အနေနဲ့ ကြီးမားတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာဖို့ သေချာကြောင်း နီးစပ်ရာအသိုင်းအဝိုင်းမှာ တစွန်းတစ ပြောဆိုနေကြပါတယ်။

မင်းသမီးချော Gal Gadot ကို “Fast & Furious 10” အပြင် နောက်ထပ် “Hobbs & Shaw” လို Franchise ရုပ်ရှင်မှာပါ တွေ့မြင်ရဖို့ ရှိနေခဲ့တာပါ။ ဒါပေမဲ့ Gal Gadot ရဲ့ အချိန်စာရင်းကြောင့် ခေါ်ယူဖို့ အခက်အခဲ ရှိနေပြီး F&F ပရိသတ်တွေကတော့ သူတို့ရဲ့ မင်းသမီးချောကို ပြန်လည် တွေ့မြင်ရဖို့ စိတ်ဆန္ဒပြင်းပြနေပါတယ်။

မေလ ၂၂ ရက်နေ့မှာ ကမ္ဘာတဝှမ်းက ရုပ်ရှင်ရုံတိုင်းမှာ “Fast & Furious 9” ကို ရုံတင်ပြသဖို့ ရှိနေပြီး Gal Gadot ကို ခေါ်ယူမယ်ဆိုရင် ဘယ်အချိန်မှာ ခေါ်ယူဖြစ်မလဲ၊ ဒါမှမဟုတ် F&F ရုပ်ရှင်တွေရဲ့ သက်တမ်းတလျှောက် ပျောက်ဆုံးခဲ့တဲ့ ဇာတ်ကောင်တွေကိုပဲ ပြန်လည် ထည့်သွင်းမလားဆိုတာတော့ ပရိသတ်တွေ သိချင်နေတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။

Ref. wegotthiscovered.com

You may also like these stories:

ရာသီဥတု ပြောင်းလဲပျက်စီးမှုကို ဖော်ပြတဲ့ ရုပ်ရှင်မှာ ပါဝင်တဲ့ မင်းသား Joaquin Phoenix

အော်စကာဆုအတွက် လူထုစစ်တမ်းမှာ အကောင်းဆုံး ဇာတ်ကားအဖြစ် “Parasite” ရွေးချယ်ခံရ

၅ နှစ်အတွင်း ပထမဆုံး ဒရာမာမှာ ပါဝင်လာမယ့် မင်းသား Kim Soo Hyun

Did you find apk for android? You can find new Free Android Games and apps.
Loading