ဂျွန်လွင်ရဲ့ကျေးဇူးကြောင့် သရုပ်ဆောင်ဘက်ကို ကူးလာနိုင်တဲ့ အေးချမ်းမောင်
မော်ဒယ်အနေနဲ့ အနုပညာလောကထဲ ဝင်ရောက်လာခဲ့တဲ့ အေးချမ်းမောင်ကတော့ အခုနောက်ပိုင်းမှာ သရုပ်ဆောင်တယောက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားများ၊ ဇာတ်လမ်းတွဲများကို ရိုက်ကူးလာတာ တွေ့ရပြီး အခုလို သရုပ်ဆောင်ဘက်ကို ကူးလာနိုင်တာဟာ Star Event Production မှ ဂျွန်လွင်ရဲ့ကျေးဇူးကြောင့်လို့ ပြောပါတယ်။
“ကျနော်က အစကတည်းက မော်ဒယ်ကို သိပ်ဝါသနာမပါဘူး။ သရုပ်ဆောင်ဖြစ်ချင်တာ။ အဲဒါကြောင့် သရုပ်ဆောင်ဘက်ကို ကူးလာတာပေါ့။ အနုပညာစလုပ်တော့ ကျနော့်မှာ အဆက်အသွယ် မရှိတော့ ဆရာဂျွန်လွင်ရဲ့ သင်တန်းကို တက်လိုက်တာပါ။ ဆရာ့ကျေးဇူးတွေကြောင့် ရုပ်ရှင်ဘက်ကို ကူးလာနိုင်တာပါ” လို့ အေးချမ်းမောင်က ပြောပါတယ်။
အနုပညာလောကမှာ အဆက်အသွယ် မရှိတာကြောင့် မော်ဒယ်တယောက်အနေနဲ့ စတင်ခဲ့ရတာဖြစ်ပြီး အခုအချိန်မှာတော့ သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ ရုပ်ရှင် ၂ ကားလည်း ရုံတင်ပြသပြီး ဖြစ်ပါတယ်။
လက်ရှိမှာတော့ သူပါဝင် သရုပ်ဆောင်ထားတဲ့ “ပလေယာ” ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသနေပြီး MRTV-4 မှာလည်း “ကြီးမြတ်သော မာတာ” ဇာတ်လမ်းတွဲ ပြသနေပါတယ်။
“Feedback ကတော့ ကောင်းပါတယ်။ အန်တီ မို့မို့မြင့်အောင် ပါတဲ့အတွက် သူက ဒရာမာဘက်မှာ ပြောစရာမလိုတဲ့ သူတယောက်ဆိုတော့ ကလေး ၅ ယောက်နဲ့ သူ့ရဲ့သရုပ်ဆောင်ချက်တွေနဲ့ဆို
ဝါရင့်သရုပ်ဆောင်များနဲ့ တွဲဖက်သရုပ်ဆောင်ရတဲ့အခါ ဘယ်လိုမျိုးပညာတွေရလဲ ဆိုတာကိုတော့ အေးချမ်းမောင်က အခုလို ပြောပါတယ်။
“ပညာတွေတော့ အများကြီးပါပဲ။ ဝါရင့်သရုပ်ဆောင်တွေ ဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ပြောပုံဆိုပုံ၊ လုပ်ပုံကိုင်ပုံ ပြီးတော့ သရုပ်ဆောင်ချက်တွေက ပညာရစရာတွေချည်းပါပဲ။ ကျနော်က အများကြီး လိုပါသေးတယ်။ ကြိုးစားရဦးမှာပါ”လို့ အေးချမ်းမောင်က ပြောပါတယ်။
သရုပ်ဆောင်အသစ် တယောက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးများမှာ သရုပ်ဆောင်ရတာဟာ ဇာတ်လမ်းတွဲလောက် ဖိအားမများဘူးလို့ ဆိုပါတယ်။
“ဇာတ်လမ်းတွဲကျတော့ အိုက်တက်တွေ ပြန်ချိန်ရတယ်။ ရှေ့အိုက်တင် နောက်အိုက်တင် လွဲလို့ မရဘူး။ ဇာတ်လမ်းတွဲဆိုတော့ ရှည်တော့ ချိန်ရတာတွေ များတာပေါ့။ ရုပ်ရှင်ကားက ဇာတ်လမ်းတွဲလောက် အရမ်းကြီးဖိအားမများဘူး။ ရုပ်ရှင်ကားက ရက်လည်းနည်းတော့ အဲ့လောက် စိတ်ဖိစီးမှု မများဘူး”လို့ ပြောပါတယ်။
လတ်တလောမှာလည်း အေးချမ်းမောင်က “ဆုံဆည်းခွင့်” ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးထားပြီး “ရပ်ကွက်ကြီး ၅” ဇာတ်လမ်းတွဲကတော့ ရိုက်ကူးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
“ဝေဠုကျော်နဲ့ အသံဖိုင် စစ်ဆေးမှု အခြေအနေ ဇာတ်ရှိန် ကောင်းလာပြီ”လို့ သင်းသင်း ပြော
သားသမီးပုံတွေကို သတင်းမီဒီယာမှာ တင်ခွင့် မပေးတဲ့အကြောင်း ပြောပြတဲ့ ပြေတီဦး
လူမနေတဲ့ အိမ်အကြီးကြီးမှာ သရဲကား ရိုက်ခဲ့ရတဲ့ ဒါရိုက်တာ အောင်မြတ်