Entertainment

ပရိသတ်တွေကို မျက်နှာဖော်ပြခြင်း မရှိတဲ့ အနုပညာရှင်များ

အနုပညာရှင်တယောက် ဖြစ်လာဖို့ ဆိုတာ နာမည်ကြီးရုံ၊ လူတကာ ပါးစပ်ဖျားမှာ ရေပန်းစာနေရုံနဲ့ မရပါဘူး။ ကိုယ်လုပ်နေတဲ့ အနုပညာနယ်ပယ်မှာ ကျွမ်းကျင်ခြင်း၊ ပါရမီပါခြင်းနဲ့ အနုပညာကို ရူးသွပ်စွာ လုပ်ကိုင်ပြီး စစ်မှန်တဲ့ အနှစ်သာရကို ဖော်ပြနိုင်မှာ အနုပညာရှင်လို့ ခေါ်ဝေါ်နိုင်ပါတယ်။

ခန္ဓာကိုယ် ကောက်ကြောင်းတွေကို ပြရုံနဲ့ အနုပညာရှင် မဟုတ်ကြောင်းနဲ့ ကိုယ့်ရဲ့ အနုပညာ စစ်မှန်ရင် မျက်နှာပြစရာ မလိုလည်း အောင်မြင်နိုင်ကြောင်း သက်သေပြခဲ့တဲ့ အနုပညာရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Slipknot


Heavy Metal အဖွဲ့တဖွဲ့ ဖြစ်တဲ့  Slipknot ကို ၁၉၉၅ ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့ပြီး ပရိသတ်ရှေ့ကို လူလုံးပြချိန်တွေမှာ သူတို့ အားလုံးဟာ မျက်နှာဖုံးတွေကို တပ်ဆင်ထားလေ့ ရှိပါတယ်။ အဲဒီလို မျက်နှာဖုံး တပ်ဆင်ရတာဟာ သူတို့ရဲ့ ကိုယ်ပိုင်အချိန်တတွေမှာ လွတ်လပ်စွာ နေချင်လို့ ဖြစ်တယ်လို့ သိရပါတယ်။

(၂) Daft Punk


ဂရမ်မီဆုတွေ ရရှိဖူးတဲ့ Daft Punk ဟာ ၁၉၉၀ ခုနှစ်များကတည်းက ဥရောပနိုင်ငံတွေမှာ နာမည်ကျော်ကြားခဲ့တာဖြစ်ပြီး Electro ဂီတအမျိုးအစားကို တီးခတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးလုံးဟာ ခန္ဓာကိုယ်တခုလုံးကို ဖုံးအုပ်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်လေ့ ရှိပြီး စက်ရုပ်ပုံစံ ဦးထုတ်ကို ဆောင်းလေ့ရှိပါတယ်။ အောင်မြင်မှုတွေ အများကြီးရထားတဲ့ သူတို့အဖွဲ့ဟာ အင်တာဗျူးဖြေခြင်းကို တတ်နိုင်သလောက် ရှောင်လေ့ရှိပြီး မျက်နှာဖုံးကိုလည်း ချွတ်လေ့ချွတ်ထ မရှိပါဘူး။

(၃) Sia


မြန်မာပရိသတ်တွေနဲ့ သိပ်မစိမ်းလောက်တဲ့ သြစတြေးလျ အဆိုတော် Sia ဟာ သူမရဲ့ မျက်နှာကို အပြည့်အဝ ဖော်ပြလေ့ မရှိပါဘူး။ သီချင်းစာသား၊ တင်ဆက်ပုံနဲ့ ထူးဆန်းတဲ့ ဝတ်ဆင်ပုံတွေကြောင့် တကမ္ဘာလုံးရဲ့ အာရုံစိုက်ခြင်းကို ခံရတဲ့ အဆိုတော် Sia ဟာ ကိုယ်ပိုင်အချိန်တွေမှာ ပရိသတ်တွေနဲ့ သတင်းထောက်တွေရန်က  လွတ်လွတ်လပ်လပ် နေချင်တာကြောင့် မျက်နှာကို ဖုံးအုပ်ထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။


သူမဟာ ကင်မရာတွေနဲ့ တကောက်ကောက်လိုက်ခံရတာကို မုန်းတာကြောင့် မျက်နှာကို ဖော်ပြခြင်း မပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ အခုနောက်ပိုင်းမှာတော့ Sia အနေနဲ့ ပွဲတွေတက်တဲ့ အခါမှာ မျက်နှာကို ဖော်ပြတာမျိုးတွေ ပြုလုပ်တာကို တွေ့မြင်ရပါတယ်။

(၄) Marshmello


DJ သမား တယောက်ဖြစ်ပြီး ကမ္ဘာတဝှမ်းမှာ ပရိသတ်အခိုင်အမာရှိတဲ့ Marshmello ဟာလည်း မျက်နှာဖုံးချွတ်လေ့ မရှိတဲ့ အနုပညာရှင်တယောက် ဖြစ်ပါတယ်။ သူ့ရဲ့ နာမည်ဟာ Christopher Comstock  ဖြစ်တယ်လို့ အင်တာဗျူးတခုမှာ ရုတ်တရက် ဖြေမိခဲ့လို့ သူ့ရဲ့အကြောင်းကို လူတွေက ပိုပြီး စိတ်ဝင်တစား ရှိခဲ့ကြပေမယ့် Marshmello ကတော့ နောက်ပိုင်းမှာ ဘာမှ အတည်ပြုပြောကြာခြင်း မရှိခဲ့ပါဘူး။

Ref. Brightside

You may also like these stories:
Loading