Entertainment

မိခင်ဖြစ်ရတာ ခက်ခဲကြောင်း လူမှုကွန်ရက်မှာ ဓာတ်ပုံနဲ့တကွ တင်ခဲ့ကြတဲ့ ကမ္ဘာကျော်များ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာကျော် အနုပညာရှင်တွေဟာ အကောင်းဆုံး ဇိမ်ခံပစ္စည်းတွေကို သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဖော်ပြလေ့ရှိကြပါတယ်။ ဒါပေမဲ့ အခုဖော်ပြပေးမယ့် မင်းသမီးတွေနဲ့ အဆိုတော်တွေကတော့ သူတို့ရဲ့ သားသမီးတွေကြောင့် ခက်ခဲတဲ့ မိခင်ဘဝမှာ နေထိုင်နေရကြောင်း တင်လေ့ရှိတဲ့သူတွေ ဖြစ်ပါတယ်။

(၁) Kristen Bell

မင်းသမီး Kristen Bell ဟာ သားသမီးတွေကို ကိုယ်တိုင်ထိန်းလေ့ရှိသူဖြစ်ပြီး ခင်ပွန်းဖြစ်သူ မင်းသား Dax Shepard ဟာ အလုပ်များသူ ဖြစ်တာကြောင့် အိမ်ကို သိမ်းဆည်းလို့ မနိုင်တဲ့ အကြောင်းတွေကို မင်းသမီးက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ မကြာခဏ တင်လေ့ရှိသူ ဖြစ်ပါတယ်။ မိခင်ဘဝနဲ့ ပတ်သက်တဲ့ Youtube ချန်နယ်ကို ပြုလုပ်နေသူဖြစ်ပြီး ချန်နယ်မှာ အမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝ အခက်အခဲတွေအကြောင်းကို တင်လေ့ ရှိပါတယ်။

(၂) Chrissy Teigen

အဆိုတော် John Legend ရဲ့ ဇနီးဖြစ်တဲ့ မင်းသမီး Chrissy Teigen ဟာလည်း အလုပ်များတဲ့ အမျိုးသမီး တယောက် ဖြစ်ပေမယ့် ကလေးတွေကို ကိုယ်တိုင်ပဲ ထိန်းလေ့ရှိတယ်လို့ သိရပါတယ်။ ဟင်းချက်နည်း စာအုပ်တွေ ရေးပြီး ထုတ်လေ့ရှိတဲ့ သူဟာလည်း အိမ်မှာ ကလေးထိန်းရင်း ကြုံတွေ့ရတဲ့ အခက်အခဲတွေကို Instagram မှာ အမြဲ တင်လေ့ရှိသူ ဖြစ်ပါတယ်။

(၃) Pink

ကမ္ဘာကျော်အဆိုတော် Pink ဟာ ကလေး နှစ်ယောက်ရဲ့ မိခင်ဖြစ်ပြီး Show ရှိတဲ့ ရက်မျိုးတွေမှာ အလုပ်ပိုရှုပ်တယ်လို့ အင်တာဗျူးမှာ ဖြေခဲ့ဖူးပါတယ်။ ကလေးတွေ နို့စို့အရွယ်မှာ သူဟာ နို့ကို ကြိုတင်ညှစ်ပြီး သိမ်းဆည်းခဲ့ရတဲ့အကြောင်း ဓာတ်ပုံနဲ့ တကွ လူမှုကွန်ရက်မှာ တင်ထားဖူးပါတယ်။

(၄) Cardi B

 

အမေရိကန် ရက်ပ်အဆိုတော် ဖြစ်တဲ့ Cardi B ကလည်း ကလေးအကြောင်းကို လူမှုကွန်ရက်မှာ အမြဲတင်လေ့ရှိသူ ဖြစ်ပါတယ်။ မိသားစုဘဝကို လိုချင်တယ်လို့ အင်တာဗျူးတွေမှာ အမြဲဖြေလေ့ရှိတဲ့ သူဟာ သမီးဖြစ်သူကို ကိုယ်ဝန်ဆောင်ချိန်မှာတောင် Music Video တွေမှာ သရုပ်ဆောင်ခဲ့ပါသေးတယ်။

Ref. Brightside

Did you find apk for android? You can find new Free Android Games and apps.
Loading